ပါတီအသေးမွှားများအနိုင်ရရှိရန် ကိန်းကဏန်းဘယ်လောက်တွက်တွက် နိုဝင်ဘာ ၈ ရက် အဖြေပေါ်မည်ဟု ချင်းပြည်နယ် NLD ပါတီဥက္ကဌ ဦးဇိုဘွေဆို

ပါတီအသေးမွှားများအနိုင်ရရှိရန် ကိန်းကဏန်းဘယ်လောက်တွက်တွက် နိုဝင်ဘာ ၈ ရက် အဖြေပေါ်မည်ဟု ချင်းပြည်နယ် NLD ပါတီဥက္ကဌ ဦးဇိုဘွေဆို

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်း NLD ပါတီအနေဖြင့် ၂၀၁၅ ထက် မဲပိုရဟုမည်ဟုခန့်မှန်းထားပြီး ပါတီအသေးမွှားများမှ ကိန်းကဏန်းဘယ်လောက်တွက်တွက် နိုဝင်ဘာ ၈ ရက်တွင် အဖြေပေါ်မည်ဟု ချင်းပြည်နယ် NLD ပါတီဥက္ကဌ ဦးဇိုဘွေက ပြောသည်။

 

“နိုဝင်ဘာ ၈ ရက်မှာ အဖြေကပေါ်မှာပါ၊ နိုင်ငံရေးဆိုတော့ သူတို့ဟာနဲ့သူတို့ သုံးသပ်ကြတာပေါ့၊ ကျွန်တော်တို့က ၁၉၉၀ ပြီးတော့ ၂၀၁၂၊ ၂၀၁၅ ရွေးကောက်ပွဲဝင်ပြီးပြီလေ။ သူတို့ ပါတီအသေးမွှားတွေက (ရယ်လျက်) ဘာပဲဖြစ်ဖြစ် ဘယ်လောက် ဘယ်လောက် ကိန်းကဏန်းနဲ့တွက်ပြီးတော့ ကျွန်တော်တို့လည်း ၁၉၉၀ Election ရော ၂၀၁၂ ကြားဖြတ်ရော ၂၀၁၅ မှာရော တောင်ပြိုကမ်းပြိုနဲ့နိုင်တာပဲ။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံရဲ့ အာဏာရှင်တော်လှန်ရေးကို NLD ပဲလုပ်ခဲ့တာပဲ။ ပြည်သူက အားလုံးသဘောပေါက်ပြီပဲနော်” ဟု ချင်းပြည်နယ် NLD ဥက္ကဌ ဦးဇိုဘွေမှပြောသည်။

 

၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီသည် ချင်းပြည်နယ်အတွင်း ၇၈% အနိုင်ရရှိခဲ့ပြီး၊ ၂၀၂ဝ အထွေထွေ ရွေးကောက်ပွဲတွင်လည်း ၇၈% ရာခိုင်နှုန်းထက်မလျော့ပဲအနိုင်ရရှိမည်ဟု ခန့်မှန်းထားကာ လက်ရှိ ပါတီစည်းရုံးကာလတွင် ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်အတိုင်းချင့်ချိန်၍ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် စည်းရုံးရေးများ ပြုလုပ်ကြောင်းလည်းသိရသည်။

 

“ကျွန်တော်တို့ NLD ကြတော့ တော်လှန်ရေးက အသက်ဘယ်လောက်စတေးပြီးတော့ တော်လှန်ရေးလုပ်ခဲ့တာဆိုတော့ အားလုံးနိုင်ငံသူ၊နိုင်ငံသားအားလုံးက သဘောပေါက်ပြီးသားဆိုတော့လေ။ ဘာပဲဖြစ်ဖြစ် အခု ၂၀၁၅ ထက် ကျွန်တော်တို့ ရာခိုင်နှုန်းတက်မယ်လို့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့လည်း ခန့်မှန်းထားပါတယ်" ဟု ဦးဇိုဘွေက ဆက်လက်ပြောသည်။

ချင်းပြည်နယ်ရှိ မဲဆန္ဒနယ် ၃၉ နေရာလုံးကို  NLD က ဝင်ပြိုင်ပြီး၊ CNLD နှင့် UDP ပါတီတို့သည် ၃၆ နေရာစီဝင်ပြိုင်မည်ဖြစ်ကာ ခုနှစ်တွင် NLD ပါတီ၏ အဓိကပြိုင်ဘက်အဖြစ် CNLD ပါတီက ရေပန်းစားနေကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...