ရွေးကောက်ပွဲမကျင်းမမီအထိ ဘေးကင်းလုံခြုံမှုမရှိသည့် နယ်မြေများထပ်မံပေါ်ပေါက်လျှင် ရွေးကောက်ပွဲရွှေ့ဆိုင်းမည်

ရွေးကောက်ပွဲမကျင်းမမီအထိ ဘေးကင်းလုံခြုံမှုမရှိသည့် နယ်မြေများထပ်မံပေါ်ပေါက်လျှင် ရွေးကောက်ပွဲရွှေ့ဆိုင်းမည်

ရွေးကောက်ပွဲမကျင်းပနိုင်သည့် နေရာများကို ကြေညာပြီးဖြစ်သော်လည်း ရွေးကောက်ပွဲမကျင်းမမီအထိ ဘေးကင်းလုံခြုံမှုမရှိသည့် နယ်မြေများထပ်မံပေါ်ပေါက်လာပါက ယင်းဒေသမှ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။

“အခုကြေညာပြီးဖြစ်သော်လည်း ရွေးကောက်ပွဲမကျင်းပမီအထိ ဒီနေရာမှာ ဘယ်လိုအန္တရာယ်တွေကျရောက် လာနိုင်တယ်၊ဘေးကင်းလုံခြုံမှုမရှိတဲ့အခြေနေတွေပေါ်ပေါက်လာတယ်ဆိုရင်လည်း အဲနေရာတွေကို ရွှေ့ဆိုင်း သွားမှာ ဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် အောက်တိုဘာ ၂၀ရက်က ပြုလုပ်ခဲ့သည့် သတင်း စာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုအခါ တိုက်ပွဲများမကြာခဏဖြစ်ပွားပြီး နယ်မြေလုံခြုံမှုအားနည်းသည့် ပလက်ဝမြို့နယ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ ဌာနများ၏ သဘောထားမှတ်ချက်များကို ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် သုံးသပ် စိစစ်လျက်ရှိပြီး ထပ်မံထုတ်ပြန်ရန်ရှိကြောင်း သိရသည်။

“နောက်ပြီးတော့ ပလက်ဝမြို့နယ်ကတော့ နောက်ထပ် ထပ်ကြေညာစရာရှိတယ်၊ စိစစ်စရာ ရှိတယ်၊ ပလက်ဝမြို့ နယ်နဲ့လည်းပတ်သက်လို့လည်း စိစစ်စရာ ရှိတာကို စိစစ်နေတယ်။ ပလက်ဝနဲ့ပတ်သက်ပြီး ထပ်ပြီးကြေညာစရာ ရှိပါတယ်”ဟု ဦးမြင့်နိုင်က ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲဆန္ဒနယ်များကို ကျင်းပနိုင်ခြင်းရှိ၊မရှိအခြေအနေများအား ပြီးခဲ့ တဲ့ သုံးလေးလကတည်းက သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ကာကွယ်ရေးဌာန၊ ပြည်ထဲရေးဌာနများမှ  သဘောထားမှတ်ချက်များ တောင်းယူ၍  စိစစ်ခဲ့ပြီး ကြေညာချက်မထုတ်ပြန်ခင် ဒုတိယအကြိမ်အဖြစ် ပြည် ထောင် စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာများကို ယခင်နှင့် အခြေအနေများနှင့် ကွဲပြားခြားနားခြင်းရှိမရှိ၊ တိုးတက်မှုများရှိမရှိ၊ အပြောင်းအလဲများရှိမရှိ ကို ထပ်မံမေးမြန်း ခဲ့ကာ ပေးပို့လာသည့် ၎င်းတို့၏သဘောထားမှတ်ချက်များနှင့် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၏ တင်ပြချက်များကို စုပေါင်းကာ သုံးသပ်စိစစ်၍ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် နယ်မြေများကို ကြေညာလိုက်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

“သက်ဆိုင်ဌာနဆိုင်ရာတွေကပေးတဲ့ လတ်တလော ဘေးကင်းလုံခြုံမှုမရှိတဲ့၊ ဘေးအန္တရာယ်ကျရောက်နိုင်တဲ့ မြို့ နယ်တွေကျေးရွာအုပ်စုတွေကို ချန်လှပ်ထားခဲ့ခြင်းဖြစ်တယ်” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ဆက်လက်ပြောသည်။

ယင်းသို့ ဘေးကင်းလုံခြုံမှုမရှိခြင်း၊ ဘေးအန္တရာယ်ကျရောက်နိုင်ခြင်းနှင့် ပတ်သက်၍ စိစစ်ရာတွင် အဓိကအားဖြင့် ဆန္ဒမဲလာရောက်ပေးတဲ့ မဲဆန္ဒရှင်များ ၊မဲရုံမှာတာဝန်ထမ်းဆောင်မည့်မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၊ ရွေးကောက် ပွဲလေ့လာတဲ့သူများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ကိုယ်စားလှယ်လောင်းများ၏ မဲရုံ ကိုယ်စားလှယ် များ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များအပေါ်အန္တရာယ်ကျရောက်စေနိုင်ခြင်းရှိမရှိ ၊ ဘေးကင်းလုံခြုံမှုရောရှိမရှိကို စိစစ်ကာ သက်ဆိုင်ရာဌာနများက ပေးထားသည့် သဘောထားမှတ်ချက် များနှင့် သုံးသပ်၍ ထုတ်ပြန်ကြေညာ ခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့်ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေများကို ကြေညာရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်အနေနဲ့ ကတော့ မိမိသဘောနှင့် မိမိဆုံး ဖြတ်နေခြင်းမဟုတ်ပဲ သက်ဆိုင်ရာတာဝန်ရှိဌာများ၏သဘော ထားမှတ် ချက်များရယူကာ သုံးသပ်ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း ဦးမြင့်နိုင်က ပြောသည်။

“ပြည်ထောင်စုရွေးကောက်ပွဲက်ကော်မရှင်အနေနဲ့ကတော့ မိမိသဘောနဲ့ မိမိဆုံဖြတ်နေတာ အဟုတ်ဘူး။ သက် ဆိုင်ရာတာဝန်ရှိတဲ့ ဌာနတွေရဲ့ သဘောထားမှတ်ချက်တွေရယူတယ်။ ဒီအပေါ်မှာသုံးသပ်ပြီးတော့မှ ကျွန်တော်တို့ ဆုံးဖြတ်ခြင်းဖြစ်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ဒီရွေးကောက်ပွဲလုပ်တဲ့နေရာမှာ လိုအပ်တဲ့ ဝန်ကြီးဌာန်တွေရဲ့ သဘောထားမှတ်ချက်တွေနဲ့ ကျွန်တော်တို့ဟာ ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိပါတယ်”ဟု ၎င်းကပြောသည်။

သို့သော်လည်း ယခုရွေးကောက်ပွဲပယ်ဖျက်လိုက်သည့် နေရာများ ဘေးကင်းလုံခြုံမှုရှိကြောင်း သက်ဆိုင်ရာဌာနများ၏ သဘောထားမှတ်ချက်များတောင်းခံ၍ ၎င်းတို့ကို ပြန်လည်စိစစ်ကာ နိုဝင်ဘာ၈ရက် ကျင်းပမည့်ရွေးကောက်ပွဲမီလျှင် ၎င်းရွေးကောက်ပွဲတွင် ပြန်လည်းကျင်းပသွား မည်ဖြစ်ပြီး မမီခဲ့လျှင်လည်း ဘေးကင်းလုံခြုံမှုရှိသည့်အချိန် ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း ဦးမြင့်နိုင်ကပြောသည်။

ယခုအခါ ၂၀၂၀ ရွေးကောက်ပွဲကို ကချင်ပြည်နယ်မြို့နယ် ၁၁ မြို့နယ်မှ ကျေးရွာအုပ်စု ၁၉၂ အုပ်စု၊ ကရင်ပြည်နယ် မြို့နယ်ခြောက်မြို့နယ်မှ ကျေးရွာအုပ်စု ၅၃ အုပ်စု၊ မွန်ပြည်နယ်မြို့နယ်တစ် မြို့နယ်မှ ကျေးရွာအုပ်စု တစ်အုပ်စု၊ ပဲခူး တိုင်းဒေသကြီး မြို့နယ်နှစ် မြို့နယ်မှ ကျေးရွာအုပ်စု ၄၂ အုပ်စု၊ ရခိုင်ပြည်နယ်တွင် လုံးဝကျင်းပနိုင်ခြင်းမရှိသည့် မြို့နယ် ကိုးနယ် မြို့နယ်၊ မြို့နယ် လေး မြို့နယ်မှ ရပ်ကွက် ၁၅ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၃၇ အုပ်စု၊ ရှမ်းပြည်နယ်တွင် လုံးဝကျင်းပနိုင်ခြင်းမရှိသည့် မြို့နယ် ခြောက်မြို့နယ်၊မြို့နယ် ၁၇ မြို့နယ်မှ ရပ်ကွက် ရှစ်ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၃၃ အုပ်စုစုစုပေါင်း ရွေးကောက်ပွဲ လုံးဝကျင်းပနိုင်ခြင်းမရှိတဲ့မဲဆန္ဒနယ် ၁၅ ခု၊  ရပ်ကွက် ၂၃ ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၅၅၈ အုပ်စုတို့တွင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသဖြင့် ရွေးကောက်ပွဲကျင်းပပြုလုပ်မည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၆ ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...