တိုင်းရင်းသားမြေတွင် တိုင်းရင်းသားပါတီများအနိုင်ရရေး ရှမ်းနီကျောင်းသား/ကျောင်းသူများ အွန်းလိုင်ကမ်ပိန်းပြုလုပ်

တိုင်းရင်းသားမြေတွင် တိုင်းရင်းသားပါတီများအနိုင်ရရေး ရှမ်းနီကျောင်းသား/ကျောင်းသူများ အွန်းလိုင်ကမ်ပိန်းပြုလုပ်

တိုင်းရင်းသားဒေသများတွင် တိုင်းရင်းသားပါတီများကို မဲပေးကြရန်နှင့် တိုင်းရင်းသားမြေမှာ တိုင်းရင်းသားပါတီအနိုင်ရရေး ရှမ်းတိုင်းရင်းသားများ စာပေနှင့်ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ-မုံရွာ) မှ ရှမ်းနီကျောင်းသား/ကျောင်းသူများက အွန်လိုင်းကမ်ပိန်းပြုလုပ်လျက်ရှိကြောင်း သိရသည်။

"အဓိကကတော့ ကျွန်တော်တို့ဒေသကို အခြေခံတာပေါ့လေ။ ကျွန်တော်တို့ဒေသမှာရှိနေတဲ့ ထားပါတော့ ကျွန်တော်တို့ဒေသမှာ ပါတီစုစုပေါင်း ၇ ခုလောက်ရှိတာပေါ့လေ။ အဲတော့ အဓိကကတော့ ဒေသကိုအခြေခံတဲ့ ဒေသကပါတီတွေကို မဲပေးဖို့ပေါ့ အဲလိုလုပ်တာပေါ့။ "ရှမ်းနီမြေမှာ ရှမ်းနီနိုင်ရမည်" ဆိုပြီးလုပ်တာပေါ့လေ ဘယ်ပါတီရယ်လို့တော့ မဟုတ်ပါဘူး။ တခြားဒေသခံပါတီတွေရောပေါ့" ဟု ရှမ်းတိုင်းရင်းသားများ စာပေနှင့်ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ-မုံရွာ) မှ စိုင်းအိုက်လတ်ကပြောသည်။

လာမည့်ရွေးကောက်ပွဲတွင် တိုင်းရင်းသားဒေသများတွင် တိုင်းရင်သားပါတီများအနိုင်ရရှိမှသာ တိုင်းရင်းသားများလိုချင်သော ဖယ်ဒရယ် စနစ်ကို ဆွေးနွေးတောင်းဆိုမှုများ ပြုလုပ်နိုင်မည်ဖြစ်ပြီး တိုင်းရင်းသားတို့အရေးကို တိုင်းရင်းသားတို့မှတပါး မည်သူမှ ခံစားပေးနိုင်ခြင်းမရှိခြင်းအတွက် တိုင်းရင်းသားပါတီများ အနိုင်ရရှိရန်လိုအပ်ကြောင်း အဆိုပါအွန်လိုင်းကမ်ပိန်းတွင် ဖော်ပြထားသည်။

လက်ရှိတွင် ရှမ်းနီလူမျိုးကိုအခြေခံသည့် ရှမ်းနီပါတီနှစ်ပါတီဖြစ်သည့် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) နှင့် ရှမ်းနီ (တိုင်လျန်) သွေးစည်းညီညွတ်ရေးပါတီ (SSP) တို့သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး TNDP သည် စစ်ကိုင်းတိုင်းနှင် ကချင်ပြည်နယ် မဲဆန္ဒနယ်အများစု ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သော်လည်း SSP အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အများစုနှင့် ကချင်ပြည်နယ် မဲဆန္ဒနယ်အနည်းငယ်ကိုသာ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ရှမ်းနီပါတီ နှစ်ခုဖြစ်နေသောကြောင့် ရှမ်းနီတိုင်းရင်းသားတစ်ချို့က မဲကွဲမည်ကိုစိုးရိမ်နေကြသော်လည်း SSP သည် စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် အားသားမှုများရှိပြီး TNDP သည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်များတွင် အားကောင်းသောကြောင့် မိမိဒေသကို အမှန်တကယ်အကျိုးပြုမည့် အရည်အချင်းရှိသည့်ကိုယ်စားလှယ်ကို ရွေးချယ်နိုင်မည်ဖြစ်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) သည် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာ၀န်ကြီးနေရာတို့ကို အနိုင်ရရှိခဲ့သည့် ပါတီတစ်ခုဖြစ်ပြီး ရှမ်းနီ (တိုင်လျန်) သွေးစည်း ညီညွတ်ရေးပါတီ (SSP) သည် ပြီးခဲ့သည်ရွေးကောက်ပွဲတွင် ရှမ်းနီ (တိုင်းလျန်) နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ (SNSP) အမည်ဖြင့် ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိခြင်းမရှိခဲ့ကြောင်းသိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...