ရှမ်းပြည်နယ်တွင် မဲဆွယ်ဆိုင်းဘုတ်များဖျက်ဆီးခံရမှု ဆက်တိုက်ဖြစ်ပွား

ရှမ်းပြည်နယ်တွင် မဲဆွယ်ဆိုင်းဘုတ်များဖျက်ဆီးခံရမှု ဆက်တိုက်ဖြစ်ပွား
by -
ယိင်းတိုင်း (သျှမ်းသံတော်ဆင့်)

ရှမ်းပြည်နယ်တွင် နိုင်ငံရေးပါတီများ၏ မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခံရမှု ဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

အဆိုပါပြည်နယ်တွင် ယခုလ (စက်တင်ဘာ) အတွင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD)၊ တအောင်းအမျိုးသားပါတီ (TNP) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) များ၏ ဆိုင်းဘုတ်များအား ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

မဲဆွယ်ဆိုင်းဘုတ်များ ဖျက်ဆီးခံရမှုအပါ် SNLD ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းအောင်မြင့်ဦးက “ကျွန်တော်တို့တောင်ကြီးမြို့နယ်၊ သံတဲကျေးရွာအုပ်စုမှာရှိတဲ့ ဆိုင်းဘုတ် ၂၂ ရက်က အဖျက်ဆီးခံရတာပေါ့၊ ဂဲနဲ့ပေါက်သွားတာ လတ်တလောတော့ ခံဝန်ချက်လက်မှတ်ထိုးသွားတယ်။ နောက်နောင်မဖြစ်ဖို့။ အရက်မူးပြီး လုပ်သွားတာပေါ့” ဟုပြောသည်။

တအောင်းအမျိုးသားပါတီ TNP ပါတီ၏ မိုင်းကိုင်မြို့နယ် နေရာသုံးနေရာမှ ဆိုင်းဘုတ်သုံးခုသည်လည်း စက်တင်ဘာ ၁၈ ရက် တစ်ရက်တည်း၌ ဖျက်ဆီးခံခဲ့ရပြီး တန်းတူညီမျှမှု တရားမျှတမှုရရှိရန် တောင်းဆိုနေချိန် ပါတီဆိုင်းဘုတ်ကို လာရောက်ဖျက်ဆီးမှုပြုခြင်းသည် စဉ်စားစရာဖြစ်ကြောင်း TNP ပါတီ၏ ဥက္ကဌ မိုင်းနုမ်ဟန်ကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့တွင် စိုက်ထူထားသည့် ဆိုင်းဘုတ်ဆိုလျှင် စက်တင်ဘာလအတွင်း နှစ်ကြိမ်တိုင် ဖျက်ဆီးခံရခြင်းဖြစ်ပြီး ထိုဖျက်ဆီးခံရမှုအတွက် လက်ရှိတွင် ရွေးကောက်ပွဲကော်မရှင်နှင့် ရဲစခန်းသို့ တိုင်ကြားထားကြောင်း ရှမ်းပြည်နယ် ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့ဝင်တစ်ဦးဖြစ်သည် ဦးသူရစောသိန်းကပြောသည်။

NLD ပါတီ၏ ဆိုင်ဘုတ်ဖျက်ဆီးခံရခြင်းအပေါ် ပြိုင်ဘက်ပါတီတစ်ခုဖြစ်သည့် သီပေါမြို့နယ် SNLD မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းစမ်းစမ်းအေးက ရွေးကောက်ပွဲအားတရာမျှတစွာနှင့် ရဲရင့်စွာယှဉ်ပြိုင်ရန် လိုလားကြောင်း၊ SNLD ပါတီအနေဖြင့် ယခုလိုလုပ်ရပ်မျိုး လုံးဝလုပ်ဆောင်မည်မဟုတ်ကြောင်း ၎င်း၏ လူမှုကွန်ယက်စာ မျက်နှာရေးသားခဲ့သည်။

ထို့ပြင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် SNDP ၏ သီပေါမြို့မှ ဆိုင်းဘုတ်သည်လည်း စက်တင်ဘာ ၂၁ ရက်က ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ သီပေါမြို့နယ်မှ ပါတီနှစ်ခု၏ ဆိုင်းဘုတ်များ ဖျက်ဆီးခံရခြင်းအတွက် အမှုမှန်ပေါ်ပေါက်စေရန် စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း အဆိုပါမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းစမ်းစမ်းအေးက၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားခဲ့သည်။

ပါတီများ၏ မဲဆွယ်ဆိုင်းဘုတ်များ ဆက်တိုက်ဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ တိုင်ကြားမှုများ ယနေ့ (စက်တင်ဘာ ၂၄ ရက်) အထိ ရောက်လာခြင်းမရှိသေးကြောင်း ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...