မြို့နယ်ပေါင်း (၇)မြို့နယ်ရှိတဲ့ ကရင်ပြည်နယ်ကို ကိုယ်စားပြုမယ့် အမတ်လောင်းတွေဟာ မကြာခင်ကျင်းပတော့မယ့် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြဖို့ ရှိနေပါတယ်။
မိမိအနေဖြင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၏ အချက်အလက်များကို အခြေခံကာ ကရင်ပြည်သူများရဲ့ ဆန္ဒမဲများကို ဘယ်ပါတီတွေက ဘယ်လောက်ရရှိခဲ့တယ်ဆိုတာကို ခွဲခြမ်းစိတ်ဖြာကြည့်မှာ ဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပဖို့ လျာထားတဲ့ အထွေထွေရွေးကောက်ပွဲမှာတော့ ကရင်ပြည်နယ်အတွင်း ဝင်ရောက်ယှည်ပြိုင်မယ့် အမတ်လောင်းအရေအတွက်ဟာ အနည်းငယ်လျော့ကျသွားတာကို တွေ့ရပါတယ်။ မဲပေးပိုင်ခွင့်ရှိမယ့် ချင်းဒေသခံပြည်သူအရေအတွက်ကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နောက်ဆုံးအကြိမ်ထုတ်ပြန်မယ့်အချိန်ကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုအဆင့် ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် အမတ်အရေအတွက်ကို လေ့လာကြည့်ပါက ချင်းပြည်နယ်ရဲ့ ကိုယ်စားလှယ်တော်အရေအတွက်ဟာ ပြည်သူ့လွှတ်တော်မှာ ၇ဦးနဲ့ အမျိုးသားလွှတ်တော်မှာ ၁၂ဦး စုစုပေါင်း ၁၉ဦးသာ ရှိပါတယ်။
အရေအတွက်အားဖြင့် နည်းပါးသော်လည်း လက်ရှိလွှတ်တော်သက်တမ်း (၂၀၁၅ -၂၀၂၀)နဲ့ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်း (၂၀၁၀ – ၂၀၁၅)တို့ကို နှိုင်းယှဉ်သုံးသပ်ကာ မိမိတို့ဒေသအတွက် မည်သို့သော အမတ်မင်းများ လိုအပ်နေသလဲဆိုတာ ချင့်ချိန်သုံးသပ်ကာ မိမိတို့ပိုင်ဆိုင်သော ဆန္ဒမဲတစ်ပြားကို မှန်ကန်စွာ အသုံးချနိုင်ကြပါစေကြောင်း တင်ပြအပ်တယ်။
အတိုချုပ်စကားလုံးများအညွှန်း
- Independent – တစ်သီးပုဂ္ဂလကိုယ်စားလှယ်
- KNDP – ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ
- KPP – ကရင်ပြည်သူ့ပါတီ
- MUP – မွန်ညီညွတ်ရေးပါတီ
- KNP – ကယန်းအမျိုးသားပါတီ
- BPP – ဗမာပြည်သူ့ပါတီ
- NLD – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
- USDP – ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
- UBP – ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ
- UDP – ညီညွတ်သော ဒီမိုကရက်တစ်ပါတီ
- PNO – ပအိုဝ်အမျိုးသားအဖွဲ့ချုပ်ပါတီ
- NUP – တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
- UNDP – ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ
- PP – ပြည်သူ့ပါတီ
- PPP – ပြည်သူ့ရှေ့ဆောင်ပါတီ