ချင်းလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း မဲဆွယ်စည်းရုံးရေးပါက ကြိုတင်ခွင့်ပြုချက်တောင်းရန်လို

ချင်းလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း မဲဆွယ်စည်းရုံးရေးပါက ကြိုတင်ခွင့်ပြုချက်တောင်းရန်လို

လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ချင်းလက်နက်ကိုင်အဖွဲ့ (CNF) နယ်မြေအတွင်း မဲဆွယ်စည်းရုံးရေး ပြုလုပ်မည်ဆိုပါက ကြိုတင်ခွင့်ပြုချက်တောင်းခံရမည်ဟု CNF ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောသည်။ 

 

ထိုသို့ ကြိုတင်ခွင့်ပြုချက် တောင်းခံခိုင်းခြင်းမှာ ကိုဗစ်ဖြစ်ပွားနေခြင်းကြောင့်ဖြစ်ပြီး ယခုအခါ မဲဆွယ်စည်းရုံးရေးအတွက် ပါတီတစ်ချို့ချိတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

“အဓိက ကတော့ CNF အခြေချနယ်မြေမှာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက်ပါ။ ပြီးတော့ ဒေသခံပြည်သူတချို့ရဲ့ တောင်းဆိုချက်လည်းပါတာပေါ့။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ဆိုင်ရာ လမ်းညွန်ချက်နဲ့အညီ အကောင်းဆုံးဆောင်ရွက်စေချင်တယ်။ ယခုလည်း Chin National Party ကနေ မဲဆွယ်စည်းရုံးရေးအတွက် ကောင်းကောင်းမွန်မွန် ချိတ်ဆက်လာပါတယ်” ဟု ၎င်းကပြောသည်။ 

ချင်းအမျိူးသားတပ်ဦး (CNF) အနေဖြင့် စက်တင်ဘာ ၇ ရက်က ရွေးကောက်ပွဲဆိုင်ရာကြေညာချက်ကို ထုတ်ပြန်ခဲ့ရာတွင်လည်း ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအပေါ် ကြိုဆိုကြောင်း၊ ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားနေသည့် ကာလဖြစ်နေသည့်အတွက် မိမိတို့အခြေချရာ နယ်မြေများအတွင်း မဲဆွယ်စည်းရုံးရေးvပြုလုပ်ကြမည်ဆိုပါက ကြိုတင်ခွင့်ပြုချက် တောင်းခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ 

ချင်းပြည်နယ်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများနှင့် လူပုဂ္ဂိုလ်တစ်ချိူ့တို့က CNF ၏ စာတမ်းများ၊ သဘောထားများကို ထပ်ဆင့်ကူယူပြောဆိုရေးသား၍ ရွေးကောက်ပွဲအနိုင်ရရှိရေးအတွက် လိုရာဆွဲ အသုံးမှုများရှိနေသည်ဟုလည်း ဆလိုင်းထက်နီက ဆက်ပြောသည်။

“CNF ရဲ့ သဘောထား၊ စာတမ်းတွေထဲက မိမိအသုံးချလိုတဲ့စကားလုံး၊ အင်တာဗျုးတွေကို ထပ်ဆင့် ကူးယူကောက်ဆွဲပြီး အသုံးချတာတွေတွေ့ရတယ်။ CNF အနေနဲ့ မိမိတို့ သဘောထားစာတမ်းကြောင့် ချင်းပြည်နယ်အတွင်း နိုင်ငံရေးပါတီတွေအကြားသော်လည်းကောင်း၊ ပုဂ္ဂိုလ်အချင်းချင်းကြားသော်လည်း ထိခိုက်ပုတ်ခတ်တာမျိုးတွေ လုံးဝမဖြစ်စေချင်ဘူး။ အမှန်တော့ လူဦးရေအရ အင်မတန်မှနည်းလွန်းတဲ့ ချင်းပြည်သူအချင်းချင်းအကြား အပြန်အလှန် နားလည်မှု၊ အပြန်အလှန် လေးစားမှုရှိရှိနဲ့ လုပ်စေချင်တယ်” ဟု ဆလိုင်းထက်နီကပြောသည်။ 

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ဒီမိုကရေစီကျင့်စဉ်နှင့်အညီ လွတ်လပ်၍ သန့်ရှင်းပြီး တရားမျှတစွာ ကျင်းပကြရန်လည်း CNF က တိုက်တွန်းနှိုးဆော်ချက်လည်း ပါဝင်သည်။

ချင်းလက်နက်ကိုင်တပ်ဖွဲ့ (CNF) နှင့် အစိုးရအဖွဲ့တို့ ၂၀၁၂ ခုနှစ်က ချူပ်ဆိုခဲ့ကြသော ပဏာမ အပစ်အခတ်ရပ်စဲရေးစာချူပ် (NCA) တွင်  ချင်းပြည်နယ် ထန်တလန်မြို့နယ်၊ တီးတိန်မြို့နယ်နှင့် ပလက်ဝမြို့နယ်တွင် အခြေချရန်သဘောတူခဲ့ကြသော်လည်း ထန်တလန်နှင့် တီးတိန်မြို့နယ်တွင်သာ အခြေချခဲ့ကြသည်။

ပလက်ဝမြို့နယ်တွင် ယနေ့ချိန်ထိ ချင်းလက်နက်ကိုင်အဖွဲ့အနေဖြင့် အခြေချခွင့်မရှိသေးပေ။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...