တီရှပ်နှင့် အလံများဝေငှခြင်းဖြင့် သံတောင်ကြီးတွင် မဲဆွယ်စည်းရုံးရေး NLD စတင်

တီရှပ်နှင့် အလံများဝေငှခြင်းဖြင့် သံတောင်ကြီးတွင် မဲဆွယ်စည်းရုံးရေး NLD စတင်
by -
စောထွန်းလင်း (KIC)

မဲဆွယ်စည်းရုံးရေး စတင်သည့် အနေဖြင့် NLD အောင်နိုင်ရေးအလံ စိုက်ထူးကာ တီရှပ်၊ စတေကာ၊ ခေါင်းစီးနှင့် အလံများဝေငှခြင်းကို ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်၊ ပသိ စားသောက်ဆိုင်ရှေ့တွင် စက်တင်ဘာ ၈ ရက် နံနက် ၈ နာရီက ကျင်းပခဲ့သည်။

“ အောင်နိုင်ရေးအလံထူတယ်၊ တီရှပ်၊ စတေကာတွေ စသဖြင့် ဝေပေးတယ်။ ဆိုင်းပုဒ်လည်းတင်မယ်” ဟု NLDမှ သံတောင်ကြီးမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာဝင်ပြိုင်မည့် နော်ခရစ္စထွန်းက ပြောသည်။

သံတောင်ကြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ကရင်ပြည်သူ့ ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသားပါတီ တို့ အသီးသီးဝင်ပြိုင် ကြမည်ဖြစ်ရာ NLD နှင့် ကရင်ပြည်သူ့ပါတီ (KPP) တို့ အဓိက ယှဉ်ပြိုင် ရဖွယ်ရှိသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

“သံတောင်ကြီးမှာတော့ သူ့မိတ်နဲ့သူ ပေါ့၊ အခု NLD ကအရမ်းလှုပ်ရှားနေတယ်။ ကရင်ပါတီကတော့ ငြိမ်နေတာ တွေ့ရတယ်။ ကိုယ်ကံကြမ္မာကိုယ်ဖန်တီးချင်ရင်တော့ ကရင်ပါတီကိုပဲ အားကိုးရမယ်” ဟု သံတောင်ကြီး ဒေသခံ စောလှထူးက ပြောသည်။

အလားတူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကရင်ပြည်နယ် အောင်နိုင်ရေးကော်မတီ ဥက္ကဌ ဦးသန်းနိုင် ဦးဆောင်ကာ ယနေ့(စက်တင်ဘာ)နံနက် ၈ နာရီတွင် ဖားအံမြို့အနှံ ပါတီအောင်နိုင်ရေး အလံနှင့် ဆိုင်းပုဒ် စိုက်ထူးခြင်းများကို တပြိုင်နက် ပြုလုပ်ခဲ့သည်။

ထို့အပြင် ကရင်ပြည်နယ်၊ မြဝတီ၊ ကော့ကရိတ် စသည့် မြို့နယ်များတွင်လည်း NLD ပါတီ အောင်နိုင်ရေးအလံ အလံ စိုက်ထူ ခြင်းနှင့် မဲဆွယ်စည်းရုန်းရေးလုပ်ငန်းများကို စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...