ထားဝယ်တိုင်းရင်းသားများပါတီ တနင်္သာရီရှိ မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်မည်

ထားဝယ်တိုင်းရင်းသားများပါတီ တနင်္သာရီရှိ မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်မည်
by -
စောဇင်မောင် (Hintha)

ထားဝယ်တိုင်းရင်းသားပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင်တနင်္သာရီတိုင်းဒေသကြီးရှိ မဲဆန္ဒနယ်များတွင်သာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ၎င်းပါတီမှ ပြောရေးဆိုခွင့်ရှိသူ ကိုသူရိန်လှိုင်က ပြောသည်။

 

"ပါတီအနေနဲ့က တနသာ်ရီတိုင်းဒေသကြီးအတွင်းမှာပဲ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ပြီးတော့ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်တွေမှာပဲ ဝင်ပြိုင်သွားမှာဖြစ်တယ်” ဟု ၎င်းကပြောသည်။

 

ယင်းပါတီသည် ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် ရှစ်ဦးသာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ရှစ်ဦးလုံး တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးခန့်သာ အနိုင်ရရန်မျှော်မှန်းထားကြောင်း သိရသည်။

 

"ကျွန်တော်တို့ပါတီက ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတုန်းကတော့ အနိုင်မရရှိခဲ့ဘူး။ အဲဒါကြောင့် အခုနှစ်ရွေးကောက်ပွဲမှာလွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဖို့တော့ မျှော်မှန်းထားတယ်" ဟု ရွေးကောက်ပွဲမျှော်မှန်းချက်နှင့်ပတ်သက်၍ ၎င်းကပြောသည်။

 

အဆိုပါပါတီသည် တနင်္သာရီတိုင်းဒေသကြီးရှိ ကရင်၊ ထားဝယ်နှင့် ဆလုံ စသည့်လူမျိုးများ၏ တိုင်ရင်းသားအခွင့်များ၊ ငြိမ်းချမ်းရေးကိစ္စများတွင် ဝင်ရောက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထားဝယ်တိုင်းရင်းသားများပါတီအနေဖြင့် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် စိန်ခေါ်မှုများစွာရှိနေပြီး အထူးသဖြင့် တနင်္သာရီတိုင်းဒေသကြီးရှိ ပြည်သူများသည် ပါတီကြီးတစ်ခုထဲကိုသာ စွဲစွဲမြဲမြဲ ယုံကြည်အားကိုးသည့် အလေ့အထရှိခြင်းက ၎င်းတို့အတွက် ကြီးမားသည့် စိန်ခေါ်မှုပင်ဖြစ်သည်ဟု ဆိုသည်။  

 

“အဓိကကတော့ ကျွန်တော်တို့ဒေသကလူတွေက တစ်ခုခုကိုယုံကြည်ရင် တအားယုံကြည်ကြအားကိုးကြတယ်” ဟု ကိုသူရိန်လှိုင်က ပြောသည်။

 

ထားဝယ်တိုင်းရင်းသားများပါတီကို ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တစ်ဦးမျှ အနိုင်မရရှိခဲ့ပေ။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...