မဲပေးသည့်အခါ ပြည်သူများ ပါတီအပြင် မူဝါဒနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်းကိုပါကြည့်ရန် ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ် တိုက်တွန်း

မဲပေးသည့်အခါ ပြည်သူများ ပါတီအပြင် မူဝါဒနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်းကိုပါကြည့်ရန် ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ် တိုက်တွန်း
by -
ခေါင်ညွယ် (KNG)
ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးချန်တန်ခင်
ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးချန်တန်ခင်

၂၀၂ဝ ရွေးကောက်ပွဲက နိုင်ငံအတွက် အရေးကြီးသည့်အတွက် ပြည်သူသူများအနေဖြင့် ပါတီအပြင် မူဝါဒနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းအရည်အချင်းများကိုပါ ကြည့်ရန်လိုအပ်ကြောင်း ပြည်ခိုင်ဖြိုးပါတီမှ ကချင်ပြည်နယ လွှတ်တော်ကိုယ်စားလှယ် ဦးချန်တန်ခင်က ပြောသည်။

ထို့ပြင် အနိုင်ရပါတီအနေဖြင့် ရွေးကောက်ပွဲကတိများ မည်မျှတည်ခဲ့သလဲဆိုသည်မှာ ပြည်သူများအသိပင်ဖြစ်သဖြင့် ၂၀၂၀ ရွေးကောက်ပွဲသည် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲနှင့် တူမည်မဟုတ်ကြောင်း ၎င်းက သုံးသပ်ပြောကြားခဲ့သည်။

“၂၀၁၀ မှာပြည်ခိုင်ဖြိုးအစိုးရလုပ်တယ်။ ၂၀၁၅မှာ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ခေါင်းစဉ်နဲ့ ခု NLD အစိုးရလုပ်တယ်။ သူတို့အစိုးရလုပ်တဲ့ချိန်မှာ ဘယ်ပါတီကတော့ ဘယ်လိုကတိတွေပေးခဲ့ကြတယ် ရွေးကောက်ပွဲမှာ ကတိကဝတ်တွေဘယ်လိုပေးခဲ့ကြလဲ ဘယ်လောက်ထိ ဆောင်ရွက်နိုင်ခဲ့ကြလဲ ဆိုတာကိုတော့ ပြည်သူတွေအသိဘဲ။ အဲကြောင့်မို့ ၂၀၂ဝ မှာလည်း ဘယ်ပါတီက ပြည်သူတွေကို ဘယ်လိုကတိကဝတ်တွေပေးမလဲဆိုတာလဲ ၂၀၁၅ နဲ့တူမှာမဟုတ်ဘူး။ အဲတော့ ကျနော်ထင်တယ် ၂၀၂ဝရွေးကောက်ပွဲဟာ မြန်မာပြည်တွက်အရမ်းအရေးကြီးတယ် ပြည်သူတွေကိုယ်၌ကလည်း ပါတီကိုလည်းကြည့်ရမယ် မူကိုလည်းကြည့်ရမယ် အရည်အချင်းကိုလည်းကြည့်ဖို့လိုအပ်ပါတယ်” ဟု ၎င်းက ပြောသည်။

ယခုအခါ ကိုဗစ်ဗိုင်းရပ်နှင့်ပတ်သက်၍ ကန့်သတ်ချက်များကြောင့် နိုင်ငံရေးပါတီများ လူထုစည်းရုံးအတွက် ခက်ခဲနေချိန် အာဏာရပါတီများအနေဖြင့် နိုင်ငံတော်တာဝန်ထမ်းဆောင်ရင်း ပါတီစည်းရုံးပုံစံလုပ်ဆောင်နေမှုကြောင့် ကျန်နိုင်ငံရေးပါတီများ နစ်နာနေသည်ဟု ဆိုသည်။

“ဗိုင်းရပ်နဲ့ပတ်သက်ပြီး ကန့်သတ်ချက်တွေရှိတယ်။ သို့သော်လည်း တစ်ဖက်မှာကျတော့ ရွေးကောက်ပွဲအကြိုကာလဖြစ်နေတဲ့ချိန်မှာ ပါတီတွေတွက် များကြီးနစ်နာမူတွေရှိနေပါတယ်။ ကျနော်တို့ပါတီဘဲမဟုတ်ပါဘူး။ ကျန်တဲ့ပါတီတွေကလည်း ဒါနဲ့ပတ်သက်ပြီး ကန့်သတ်ချက်တွေဟာ မမျှတဘူး ခက်ခဲတွေများကြီးဖြစ်စေတယ််ဆိုပြီး ပြောကြတယ်။ တစ်ဖက်မှာလည်း အာဏာရပါတီတွေဟာ သမ္မတတွေဖြစ်တယ် နိုင်ငံတော်အတိုင်ပင်ခံတွေဖြစ်တယ် လက်ရှိ ဝန်ကြီးတွေဖြစ်တယ် နိုင်ငံတော်ရဲ့ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စတွေ သွားရင်းနဲ့ဘဲ ပါတီရဲ့ဝန်းရံမူတွေဆောင်ရွက်တဲ့ချိန်မှာ တစ်ဖက်မှာလည်း နိုင်ငံတော်တာဝန်ထမ်းဆောင်သလိုဘဲ တစ်ဖက်မှာလည်းပါတီရဲ့စည်းရုံးရေးဖြစ်တဲ့ပုံစံ အသွင်သဏ္ဍဆောင်နေတယ်။ ဒီလိုဘဲတစ်ဖက်မှာလည်း နိုင်ငံတော်သမ္မနဲ့အတိုင်ပင်ခံဟာ ဇူလိုင်လကစပြီး ပါတီစည်းရုံးရေးဆင်းမယ်လို့ ထုတ်ပြန်ချက်တွေထုတ်တဲ့ခါမှာ တစ်ဖက်မှာတော့ အာဏာမရတဲ့ပါတီတွေတွက်တော့ ကန့်သတ်ချက်တွေနဲ့့ဆိုတော့ မမျှတမူတွေကတော့ မျက်မြင်ကိုယ်တွေ့ဖြစ်နေပြီ” ဟု ဦးချန်တန်ခင်က ဆက်လက်ပြောသည်။

ယင်းအပြင် အနိုင်ရပါတီများအနေဖြင့် ရွေးကောက်ပွဲကတိကဝတ်များပြန်မကြည့်သည့်အတွက်ပြည်သူများအနေဖြင့် နိုင်ငံရေးအပေါ် စိတ်ပျက်မှုများရှိလာပြီး အကျိုးဆက်အနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် မဲလာမပေးခြင်းများ ဖြစ်လာနိုင်သည်ဟုဆိုသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...