မိုးညှင်းဒေသခံများ ရွေကောက်ပွဲအပေါ် စိတ်ဝင်စားမှုနည်းပါးဟု ရွေးကောက်ပွဲအရာရှိပြော

မိုးညှင်းဒေသခံများ ရွေကောက်ပွဲအပေါ် စိတ်ဝင်စားမှုနည်းပါးဟု ရွေးကောက်ပွဲအရာရှိပြော

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ ဒေသခံများ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုနည်းပါးကြောင်း မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ခင်မေစိုးက ပြောသည်။

အဆိုပါမြို့နယ်တွင် မဲဆန္ဒရှင် တစ်သိန်းခွဲကျော်ရှိသည့်အနက် မဲစာရင်းလာရောက်ကြည့်ရှုသူဦးရေ နှစ်သောင်းကျော်သာရှိသည်ဟုဆိုသည်။

ရွေးကောက်ကို ဒေသခံများစိတ်ဝင်မှုရှိမရှိနှင့်ပတ်သက်၍ မဲစာရင်းလာရောက်ကြည့်ရှုသည့်ဦးရေအပေါ် အခြေခံ၍ မြို့နယ်ရွေးကော်မရှင်အရာရှိက ပြောကြားခဲ့ခြင်းဖြစ်သည်။

"မိုးညှင်းမှာရှိနေတဲ့မဲဆန္ဒရှင်ဦးရေနဲ့ ယှဉ်ရင်မဲစာရင်းလာကြည့်ရှု့သူ ဦးရေကအရမ်းနည်းတယ်လို့ ယူဆလို့ရတယ်" ဟု ၎င်းကပြောသည်။

ယင်းသို့ ဒေသခံများ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုနည်းပါးခြင်းသည် လွှတ်တော်ကိုယ်စားလှယ်များ ဒေသတွင်းသို့ လာရောက်မှုအားနည်းပြီး ဒေသခံများနှင့်ထိတွေ့မှု အားနည်းခြင်းကြောင့်ဖြစ်နိုင်ကြောင်း အင်းတော်ကြီးဒေသ မပြင်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုး၀င်းကပြောသည်။

"ကျွန်တော်တို့ဆီမှာလာပြိုင်တဲ့ ကိုယ်စားလှယ်တွေကလည်းဒီဘက်ကျွန်တော်တို့ နယ်တွေကို ဆင်းမှမဆင်းတာဗျ။ လာတာတော့ ရှိတာပေါ့လေ။ ဒါပေမဲ့ အရမ်းနည်းတယ်။ အနိုင်ရတဲ့ ကိုယ်စားလှယ် ဘယ်သူပဲဖြစ်ဖြစ ပြည်သူလူထုနဲ့ ထိတွေမှုရှိဖို့တော့ လိုတာပေါ့လေ။ မဲရပြီးရင်ပျောက်သွားတဲ့ အနေအထား ရွေးကောက်ပွဲက သူတို့နဲ့ မဆိုင်သလိုဖြစ်သွားတာပေါ့" ဟု ၄င်းကပြောသည်။

မိုးညှင်းမြို့နယ်တွင် စာရင်းလာရောက်ကြည့်ရှုသူ နှစ်သောင်းတွင် မဲစာရင်းတွင် မပါဝင်သောကြောင့် ပုံစံ-၃ ဖြင့်လျှောက်ထားသူ ၁၈၇၄ ဦး၊ မဲစာရင်းတွင်မပါဝင်သင့်သူပါဝင်သဖြင့်   ပုံစံ- ၄ ဖြင့်ကန့်ကွက်လွှာတင်သွင်းသူ ၁၀၇၆ ဦး၊ အချက်အလက်မှားယွင်းသောကြောင့် ပုံစံ-၄ (ဂ) ဖြင့်တင်သွင်းသူ ၁၇၇၃ ဦးရှိပြီးဦး၊ မြို့နယ်တစ်ခုလုံးတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၁၅၉၀၆၁ ဦးရှိကြောင်း မိုးညှင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်၏ စာရင်းများအရ သိရသည်။

‌ဒေသခံများ ရွေးကောက်ပွဲအပေါ် စိတ်၀င်စားသူများနည်းပါးခြင်းနှင့်ပတ်သက်၍ အင်းတော်ကြီးဒေသမှန်ကင်းကျေးရွာမှ ကျောင်းဆရာမသူ ဒေါ်နန်း၀င်းဇာဇာက''စိတ်ဝင်စားမှုရှိလားဆိုတော့ သိပ်မရှိကြဘူး။ ကျွန်မတို့ရွာမှာဆိုရင် မဲစာရင်းကြည့်ပြီးပြီလား၊ စိတ်ဝင်စားလားလိုက်မေးလိုက်ရင် လူနည်းစုကပဲကြည့်တယ်၊ လူနည်းစုပဲ စိတ်ဝင်စားတယ်။ ကိုယ်စားလှယ်တွေကလဲ ရွေးကောက်ပွဲနီးမှ ရောက်လာတတ်တယ်။ ပြီးသွားတော့ တစ်နှစ်တစ်ခေါက်တောင်မမြင်ရဘူး။ အဲတာက ကျွန်မတို့တစ်ရွာတည်းမဟုတ်ဘူး ဒီအမှာရှိတဲ့ ရွာတိုင်းမှာဖြစ်နေတာ" ဟု ပြောသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...