အုပ်ချုပ်မှု ကောင်းသော အစိုးရများ

အုပ်ချုပ်မှု ကောင်းသော အစိုးရများ
by -
ဟင်္သာမီဒီယာ
နိုင်ငံတစ်နိုင်ငံတွင် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိ ခေါင်းဆောင်များသည် တာဝန်ခံမှုရှိခြင်း၊ အများသဘောတူညီမှုကို ဦးစားပေးမှုရှိခြင်း၊ တရားဥပဒေစိုးမိုးမှုရှိခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ တုံ့ပြန်မှုကောင်းမွန်ခြင်း၊ တန်းတူညီမျှပြီး အားလုံး ပါဝင်အောင် ဆောင်ရွက်နိုင်ခြင်း စသည့်အရည်အချင်းနှင့် ပြည့်စုံကြသည့် အစိုးရများကို အုပ်ချုပ်မှု ကောင်းမွန်သော အစိုးရများဟု ဆိုကြပါသည်။

များမကြာသေးမီ မတ်လ ၃ ရက်နေ့က ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ကျိုက်ထို မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးဇံသည် မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူရန် လွှတ်တော်ဥက္ကဌရှေ့မှောက်၌ ကတိသစ္စာဆိုခဲ့သည်။

ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်သစ် ဒေါက်တာအေးဇံသည် လွှတ်တော်ဥက္ကဋ္ဌရှေ့မှောက်တွင် ကတိသစ္စာဆိုပြီး ညနေပိုင်းတွင် ပြည်နယ်အစိုးရရုံးရှိ ဟင်္သာခန်းမမှာ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ဒေသတွင်းရှိ ကဏ္ဍမျိုးစုံမှ စီးပွားရေး လုပ်ငန်းရှင်များ၊၄င်းပါတီဝင်အဖွဲ့များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် တွေ့ဆုံမှု ပြုလုပ်ခဲ့သည်။

ယင်းကဲ့သို့ပင် ပြည်နယ်ဝန်ကြီးချုပ်အနေဖြင့် ပြည်သူများ၏ တင်ပြချင်သည့် အချက်များ၊ အခက်အခဲများ၊ ဒေသတွင်း ဖြစ်ပျက်နေသည့် အကြောင်းအရာများကို လစဉ်ဖြစ်စေ၊ အလျဉ်းသင့်လျှင် သင့်သလို ယင်းကဲ့သို့ မကြာခဏ နားထောင်ပေးရန် လိုအပ်ပါသည်။

သို့မှသာ လူထု၏ လက်တွေ့ဘဝ အခြေအနေများကို မိမိသိရှိထားသည်ထက် ပိုမိုထဲထဲဝင်ဝင် သိရှိနိုင်ပြီး အုပ်ချုပ်မှု ကောင်းသော အစိုးရတစ်ရပ်အဖြစ်လည်းကောင်း၊ လူထုထောက်ခံအားပေးသော အစိုးရအဖြစ်လည်းကောင်း ပြည်နယ်တာဝန်၊ နိုင်ငံတာဝန်၊ လူထုတာဝန်များကို ပိုမိုထမ်းဆောင်နိုင်မည်ဟု ဟင်္သာမီဒီယာ အယ်ဒီတာအဖွဲ့မှ အကြံပြုလိုက်ရပါသည်။

Most read this week

June 19, 2023
ယနေ့ ဇွန်လ ၁၄ ရက်နေ့သည် မိုခါမုန်တိုင်း တိုက်ခတ်သည့် တစ်လ ပြည်နေ့ဖြစ်ပါသည်။ လွန်ခဲ့သည့် မေလ ၁၄...
March 15, 2023
မတ်လ ၈ ရက် International Women Day 2023 နေ့အတွက် အထိမ်းအမှတ်အဖြစ် ဗြိတိန်နိုင်ငံက ထုတ်ဝေတဲ့...
March 15, 2023
လူသားအကျိုးပြုလုပ်ငန်းများဆိုင်ရာ ပရဟိတဒေါက်တာဘွဲ့ ရရှိသူ ဦးမင်းထည်ဝါနှင့် တွေ့ဆုံမေးမြန်းခြင်း...
March 9, 2023
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ရခိုင်အမျိုးသမီးအချို့၏အမြင်များ ယနေ့ မတ်လ ၈ ရက်မှာ...