မသန်စွမ်းသူများ မဲပေးခွင့်မဆုံးရှုံးရေး အခွင့်အရေးနှစ်ခုပေးထားဟု ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ပြော

မသန်စွမ်းသူများ မဲပေးခွင့်မဆုံးရှုံးရေး အခွင့်အရေးနှစ်ခုပေးထားဟု ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ပြော
by -
မခေါင်ညွယ် (KNG)

လာမည့်ရွေးကောက်ပွဲတွင် မသန်စွမ်းသူများမဲပေးခွင့် မဆုံးရှုံးရေးအတွက် အခွင့်အရေးနှစ်ခုပေးထားကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရုံးမှ အရာရှိဦးထွန်းအောင်ခိုင်ကပြောသည်။

မသန်စွမ်းသူများ မဲပေးနိုင်ရေးနှင့်ပတ်သက်၍ မဲရုံသို့ ကိုယ်တိုင်သွားရောက်မဲပေးခြင်းနှင့် ကြိုတင်မဲပေးခြင်းဟူ၍ အခွင့်အရေးနှစ်မျိုးသတ်မှတ်ပေးထားသည်ဟု ဆိုသည်။

“မသန်စွမ်းတွေတွက် မဲကို အခြေအနေ နှစ်မျိုးနဲ့ပေးလို့ရတယ်။ ပထမတစ်မျိုးက မဲရုံမှာကိုယ်တိုင်မဲလာပေးလို့ရတယ်။ နောက်တစ်မျိုးက ကြိုတင်မဲပေးလို့ရတယ် ကြိုတင်မဲပေးတဲ့ချိန်မှာလည်း ရပ်ကွက်ကော်မရှင်ရုံးကိုလာမပေးနိုင်ရင်လည်း အိမ်ကနေကြိုတင်မဲပေးလို့ရတယ်။ အဲဒါတော့ သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲကို ဆက်သွယ်ညှိနိူင်းရမယ်။ ဒီလိုဆက်သွယ်ရင် ရပ်ကွက်ကော်မရှင်ရုံးကနေ ရွေးကောက်ပွဲမကျင်းပမီ နှစ်ရက်အလိုမှာ ကော်မရှင်အဖွဲ့ဝင်နှစ်ဦးက အိမ်တိုင်ရာရောက်မဲကိုလာယူပေးလို့ရတယ်” ဟု ၎င်းကပြောသည်။

သို့သော် ရွေးကောက်ပွဲတွင် မဲရုံသို့  ကိုယ်တိုင်သွားရောက်မဲထည့်မည့် မသန်စွမ်းသူများအနေဖြင့်  အခြားပြည်သူများနည်းသူ တန်းစီစောင့်ဆိုင်း၍ မဲပေးရန် အဆင်မပြေသည့်အတွက်  ၎င်းတို့အတွက် သီးသန့် အချိန်တစ်ခုသတ်မှတ်ပေးစေလိုကြောင်း ကချင်ပြည်နယ် ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း ဥက္ကဌ ဦးဇုန်းဆောင်က ‌ပြောသည်။

“မဲထည့်တဲ့ခါမှာ ကိုယ်အင်္ဂါမသန်တဲ့တွက် အများနည်းတူတန်းစီဖို့ဆိုတာ အရမ်းကိုခက်ခဲတယ်။ သာမန်လူတွေနဲ့တန်းတူ မဲထည့်ခိုင်းမယ်ဆိုရင် မထည့်ခိုင်းတာအကောင်းဆုံးဘဲ။ ဒါကြောင့် လာမယ့် ၂၀၂ဝ ရွေးကောက်ပွဲ မဲထည့်မယ့်ခါမှာလည်း မဲရုံမှူး၊ နိုင်ငံတော်အစိုးရ သက်ဆိုင်ရာတွေအနေနဲ့ ကိုယ်ချင်းစာတရားနဲ့ ကျနော်တို့ကို သီးသန့်အချိန်တစ်ချိန်ပေးပြီး ထည့်ခိုင်းရင်တော့ ပိုသင့်တော်မယ်” ဟု  ဦးဇုန်းဆောင်ကပြောသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲများတွင်လည်း အထက်ပါကိစ္စရပ်အား မဲရုံမှူးများနဲ့ ညှိနိူင်းဆောင်ရွက်မူမျိုးမပြုလုပ်နိုင်ခဲ့သည့်အတွက် မဲမထည့်လိုက်ရသည့် မသန်စွမ်းများစွာရှိခဲ့သည်ဟုဆိုသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...