ကရင့်ပါတီအပေါ် လူငယ့်အမြင်

ကရင့်ပါတီအပေါ် လူငယ့်အမြင်

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ဝင်ရောက်အရွေးခံမည့် ကရင်နိုင်ငံ ရေးပါတီ ၂ ခု၏ အခြေအနေနှင့် ၎င်းပါတီများအပေါ် မျှော်လင့်ချက်နှင့်ပတ်သက်၍ ယင်းဒေသရှိ ကရင်လူငယ်အချို့၏ အမြင်များကို စုစည်းဖော်ပြလိုက်ပါသည်။

စမျိုးမြင့်ထွေး ( ညောင်တုန်း)

ကျနော်တို့ ဧရာဝတီမှာဆိုလည်း ၂ ပါတီဖြစ်တယ်။ အရင်ကကျနော်တို့ကြားတာတော့ နေရာတွေမထပ်အောင် ရွေးကောက်ခံမယ်လို့ပြောတယ်။ အခုတကယ့်တကယ်နီးလာတဲ့အချိန်ကျမှ ညှိလို့မရဘူးလို့ သူတို့ပြောတဲ့အချိန်မှာ ကျနော်တို့လိုမဲပေးရမယ့် လူငယ်တစ်ယောက်အနေနဲ့ အတော်စိတ်ပျက်မိတာ တော့ဖြစ်တယ်။ ရွေးကောက်ပွဲက လည်းတအားနီးနေပြီ၊ သူတို့လုပ်ဆောင်ချက်တွေက မြေပြင်အနေအထားမှာ ဘာမှသိပ်မတွေ့ရဘူးပေါ့နော်။ အဲဒီအတွက်လည်း လူငယ်တစ်ယောက်အနေနဲ့သိပ်အားရမှုမရှိဘူး။ ဒီလိုမျိုးလေးတွေကိုတော့ ဖြစ်နိုင်ရင် တကယ်အားစိုက်ပြီး လုပ်ပေးစေချင်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ဧရာဝတီမှာ ကရင်လူဦးရေတွေအများကြီးရှိတယ်။ ဒါကိုသေချာ လုပ်ဆောင်နိုင် မယ်ဆိုရင် ကရင်တွေဟာ ကိုယ့်ကရင်ပါတီတွေကို အသေအချာမဲထည့်မယ်ဆိုတာ ကျနော်ပြောရဲပါတယ်။ အခု ကိုယ့် ကရင်ပါတီကို လူတိုင်းမသိကြဘူး။ ဥပမာဆို အခုကျနော် ညောင်တုန်းမှာနေတယ်။ ညောင်တုန်းအနေအထားအရ ကရင်ပါတီ ၂ ပါတီဝင်မယ်လို့ပြောတယ်။ ပါတီတစ်ခုကိုတော့ လူနည်းနည်းပါးပါးသိတယ်။ နောက်တစ်ခုဆို မသိတာ များတယ်။ ကိုယ့်ဆီက ကရင်တွေကို မေးကြည့်တော့လည်း ကရင်ပါတီဆိုတာ ဘယ်ပါတီကိုပြောတာလဲ၊ အဲဒီလိုမျိုး တွေပေါ့။ သူတို့တွေ ၂၀၁၅ တုန်းကလည်း ရွေးကောက်ပွဲဝင်တယ်။ အခု ၂၀၂၀ မှာလည်းဝင်မယ်။ ကရင်ပါတီဆိုတာ ဘယ်လိုမျိုးပါတီကိုပြောတာလည်းဆိုတဲ့ အသံတွေကြားလိုက်ရတဲ့အချိန်မှာ အားရမှုမရှိဘူး။ ကရင်ပါတီတွေဖြစ်ပြီး ကိုယ့်ကရင်လူထုကိုတောင်မှ စုံစုံလင်လင်သိအောင် ကျနော်တို့မလုပ်နိုင်တဲ့အခါ မဲရဖို့အတွက် တော်တော်လေး ဝေးလိမ့်မယ်။ အဲဒီတော့ ကရင်ပါတီကို ကရင်လူထုတိုင်းသိအောင်လုပ်ပေးဖို့ အကြံပြုချင်ပါတယ်။

နောက်ပြီး ကိုယ့်အမျိုးသားရေးအတွက် လုပ်နေသူတစ်ချို့တစ်ဝက်ကလည်း တခြားပါတီတွေကိုရောက်နေကြတယ်။ ကရင်အမည်တော့ခံတယ်။ တခြားပါတီတွေကနေ ရွေးချယ်ခံတဲ့အခါမှာ ကျနော်တို့ရဲ့ မြန်မာနိုင်ငံရဲ့အခြေအနေအရရော၊ ပါတီတွေရဲ့လွှမ်းမိုးမှုအရတွေကောက ဘယ်လိုပဲ ကရင်ဖြစ်နေပါစေ ကရင်အရေးတောင်းဆိုတဲ့အခါမှာ သူ့ပါတီက ခွင့်မပြု ဘူး၊ မေးခွင့်မပြုဘူးဆိုရင် ကရင်တွေရဲ့လိုအပ်ချက်၊ သဘောထားတွေက လွှတ်တော်ထဲကိုရောက်မှာမဟုတ်ဘူး။ အခုထိ လည်း ကိုယ့်ကရင်တွေရဲ့ တကယ့်ဆန္ဒတွေ၊ အသံတွေက လွှတ်တော်ထဲကိုရောက်အောင် မလုပ်နိုင်ကြသေးဘူး။ အဲဒီ တော့ ကိုယ့်ကရင်ပါတီကို မဲမထည့်ဖြစ်ဘူးဆိုရင်တော့ အဲဒါလေးတွေဖြစ်လာနိုင်ပါတယ်။

အဲဒီတော့ ကရင်ပါတီကို အတတ်နိုင်ဆုံးမဲထည့်ပေးစေချင်ပါတယ်။ အဲဒါမှသာ ကိုယ့်ကရင်ပြည်သူတွေအသံက လွှတ် တော်ထဲရောက်ပြီးတော့ ကိုယ့်အမျိုးသားရေးအတွက်ပိုပြီးထိရောက်မှုရှိလိမ့်မယ်။ ကရင်ပါတီတွေအနေနဲ့ကလည်း ကိုယ့်ကိုမဲထည့်မယ်။ ကရင်တွေရဲ့မဲက ကရင်ပါတီအတွက်ဖြစ်ပါစေလို့ ဆန္ဒပြုသလိုပဲ ကျနော်ကိုယ်တိုင်ကလည်း တတ်အားသလောက် ဝိုင်းဝန်းကူညီပေးဖို့ ဆန္ဒလည်းရှိပါတယ်။

စောကျော်လင်း (ထန်းတပင်မြို့နယ် ရန်ကုန်တိုင်းဒေသကြီး)

ကျနော့်တစ်ယောက်အမြင်အနေနဲ့ကတော့ ကရင်ပါတီတွေကလည်း ကရင်အမျိုးသားရေးကိုရှေးရှုပြီးလုပ်ဆောင်ပေးမယ်လို့ ပြောတယ်ဆိုပေမယ့် ပါတီတွေကလည်း ဧရာဝတီနဲ့ရန်ကုန်မှာ ကရင်ပါတီက ၂ ခုဖြစ်နေတာကိုး။ အဲဒီတော့ အားကောင်းသင့်သလောက် မကောင်းဘူးလို့ ကျနော်ကတော့ မြင်တယ်။ ပြောရမယ်ဆိုရင် အားတွေက ကွဲထွက်သွားသလိုဖြစ်နေတော့ အားရကျေနပ်မှုတော့မရှိဘူး။

အခုအချိန်အထိကတော့ ကျနော်က ရန်ကုန်မှာဆိုတော့ ကရင်ပါတီတွေက ကရင်လူထုနဲ့ထိတွေ့တာတွေ ဘာတွေက သိပ်ပြီးမတွေ့မိသေးဘူး။ အမှန်မှာ ကမ်ပိန်းလုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး အခုအချိန်က အဆင်သင့်ဖြစ်နေရမယ်လို့ ကျနော်ထင်တယ်။ ကရင်ပါတီတွေအနေနဲ့ကလည်း ဒါတွေအပေါ်မှာ သိပ်ပြီးအဆင်သင့်မဖြစ်သေးတဲ့ပုံဖြစ်နေတာကို သတိထားမိတယ်။ အဲဒါကြောင့် ကရင်ပါတီတွေက ကရင်ပြည်သူနဲ့ထိတွေ့တဲ့အပိုင်းနဲ့ပတ်သက်ပြီး ကျနော်တစ်ယောက် အမြင်ကတော့ အများကြီးလှုပ်ရှားရအုံးမယ်လို့တော့ မြင်တယ်။

နောက်တစ်ခုက ကရင်ပါတီက ကရင်လူထုထဲကို များများဝင်နိုင်တယ်ဆိုရင်တော့ သူတို့မဲရလိမ့်မယ်။ သို့သော်လည်း ကရင်ပါတီတွေ မထိုးဖောက်မဝင်ရောက်ဖြစ်တဲ့နေရာတွေ၊ အဲဒီနေရာတွေမှာ မဲမဆွယ်နိုင်ဘူးဆိုရင်တော့ မဲရနိုင်ခြေ အားနည်းလိမ့်မယ်။ ကျနော်တို့ကရင်လူထုတွေကလည်း နိုင်ငံရေးနဲ့ဝေးကွာသွားတဲ့အခါ နိုင်ငံရေးအရဖိနှိပ် ခံရတာတွေက နှစ်ပေါင်းများစွာရှိခဲ့တဲ့အခါ အဲဒီနိုင်ငံရေးဆိုင်ရာ အသိအမြင်တွေက အားနည်းတာလည်းပါတယ်။ နောက်ပြီး အခုကရင်ပါတီတွေရဲ့ လူထုနဲ့ထိတွေ့မှုအားနည်းတဲ့အကြောင်းအရင်းလည်း ပါမယ်လို့ထင်ပါတယ်။

ကျနော်တို့ ကရင်လူထုတွေအနေနဲ့ကလည်း အနည်းဆုံးတော့ အခြေခံနိုင်ငံရေးအသိပညာတွေ ကိုလေ့လာ ဆည်းပူး သင့်ပါတယ်လို့ ကျနော်မြင်တယ်။ အဲဒါလေးတွေနားလည်မှပဲ ကျနော်တို့ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ကျနော်တို့ ရယူတတ်မယ်။ ကျနော်တို့လိုချင်တဲ့အမျိုးသားရေးပန်းတိုင်ကိုလည်း တစ်ဆင့်ပြီးလှမ်းသွားနိုင်မှာဖြစ်ပါတယ်။



စထွဋ်ဝေအောင် (မြောင်းမြ)

ကျနော်တို့ ဧရာဝတီတိုင်းဒေသကြီးမှာ ကရင်ပါတီတွေ ၂၀၂၀ မှာရွေးကောက်ပွဲဝင်နိုင်ဖို့က ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က တည်းကစပြီးတော့ ဆွေးနွေးတွေ့ဆုံပွဲတွေမှာရော ပါတီအကြီးအကဲတွေကိုရော တွေ့ဆုံပြီးတော့ ဧရာဝတီတိုင်း ဒေသ ကြီးမှာ ကရင်ပါတီတွေ နေရာများများမှာ အနိုင်ရရှိဖို့ ကရင်လူငယ်တွေ ကြိုးစားလာခဲ့ကြတာတွေရှိတယ်။

ကရင်လူငယ်တွေကလည်း ဒါကိုစိတ်ဝင်စားမှုတွေရှိလာခဲ့ကြတယ်။ ကရင်ပါတီတွေဘက်ကလည်း အများကြီးဖိတ် ခေါ်မှုတွေပြုလုပ်ခဲ့တာတွေရှိခဲ့တယ်။ ကရင်ပါတီ ၂ ခုကလည်း ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာရော နောက်ပြီး ၂၀၁၀ မှာရောပဲ။ ဧရာဝတီမှာ ကရင်ပါတီတွေသာရှိတယ်။ မဲရပြီးအနိုင်ရခဲ့တာတွေလည်း မရှိခဲ့ကြဘူးပေါ့။ ဒီအပေါ်မှာကရင် လူငယ်တွေအနေနဲ့ကလည်း ဒါကိုကြိုးစားပေးရမယ်ဆိုတာ သိလာခဲ့ကြတဲ့အတွက် ကရင်လူငယ်တွေ့ ဆုံပွဲအတော်များ များမှာ ကရင်ပါတီတွေဖိတ်ခေါ်ပြီး ဆွေးနွေးခဲ့ကြရင်းနဲ့ ကရင်ပါတီ ၂ ခုမှာ မူဝါဒချင်းမတူတာတွေ လားရာမတူတာတွေကို ကျနော်တို့ကရင်လူငယ်တွေလည်း အများကြီးသိလာရတယ်။

ကရင်ပါတီတွေအနေနဲ့ကလည်း ကျနော်တို့ကရင်လူငယ်တွေ့ဆုံပွဲတွေမှာ ပေးထားတဲ့ကတိကဝတ်လေးတွေရှိခဲ့တယ်။ အဓိကကတော့ ရွေးကောက်ပွဲမှာ ကရင်ရေးရာဝန်ကြီးနေရာတွေ ကရင်ပါတီတွေမဲဆန္ဒနယ်တွေမထပ်ဖို့တွေ အတတ်နိုင် ဆုံးညှိနှိုင်းကြမယ်ပေါ့။ ကရင်ပါတီတွေဘက်က အဲလိုတွေ ပြောဆိုကတိပေးခဲ့တာတွေရှိပေမယ့် ၂၀၂၀ ရွေးကောက် ပွဲမ တိုင်ခင် လေးငါးလအလိုလေးဖြစ်တဲ့ အခုလက်ရှိမှာတော့ ရေးရာဝန်ကြီးနေရာထပ်နေတာတွေ ဥပမာ ကရင်လူမျိုးဦး ရေများတဲ့ မြောင်းမြ၊ ပန်းတနော်၊ မအူပင်တို့လိုနေရာတွေမှာ ကရင်ပါတီ ၂ ခုစလုံးထပ်နေတာတွေပေါ့။

အဲလိုအခြေအနေမှာ ကျနော်တို့ကရင်လူငယ်တွေက သူတို့ကိုကူညီပေးရမယ့်အခြေအနေမှာအခက်အခဲတွေ ပိုရှိလာတယ်။ နောက်ပြီး ဒီလို မဲဆန္ဒနယ်တွေ ထပ်နေတဲ့အခြေအနေ တွေကလည်း ကျနော်တို့ကရင်ပါတီတွေ မဲရရှိဖို့လျော့ နည်းသွားနိုင်တယ်။  နောက်တစ်ခုက မြစ်ဝကျွန်းပေါ်ကရင်လူငယ်တွေ ကနေ ထွက်လာတဲ့ အချက်အလက်တွေအရ ဒီကရင်ပါတီ ၂ ခုကိုပေါင်းစည်းစေချင်တယ်ပေါ့။ ဒါမျိုးလောလောဆယ်မဖြစ်ရင်လည်း လတ်တလော ဥပမာပြောရရင် ကရင်ပြည် နယ်က ကရင်ပါတီ ၂ ခုရှိရာမှာ တစ်ခုဖြစ်တဲ့ ဖလုံစဝေါ်ပါတီက နောက်ဆုတ်ပေးလိုက်တာမျိုး ဒီဘက်ဧရာ ဝတီမှာလည်း အဲလိုအခြေအနေ ဖန်တီးနိုင်မယ်ဆိုရင် ရသင့်ရထိုက်တဲ့နေရာတွေမှာ ကရင်ပါတီတွေ အနိုင်ရ လိမ့်မယ်လို့ထင်ပါတယ်။

ကျနော်တို့ဧရာဝတီတိုင်းမှာ ကရင်ပါတီတွေကတစ်ခါမှအနိုင်ရခဲ့ဘူးတာမရှိဘူးပေါ့နော်။ အဲဒီအတွက် အခု လာမယ့် ၂၀၂၀ မှာတော့ ကရင်လူငယ်တွေရော ကရင်လူထုတွေရော ကရင်ပါတီကိုမဲထည့်ဖို့လိုတယ်ပေါ့။ အဲလိုမဲထည့်လို့ ကရင်ပါတီတွေ နေရာရလာခဲ့ရင် ကရင့်အရေးအရာတွေကို လုပ်နိုင်သလောက်လုပ်လို့ရမယ်။ အဲဒါမှလည်း ကရင်အမျိုးသားတွေအတွက် ဧရာဝတီအတွက် အထောက်အကူတွေအများကြီးဖြစ် လာနိုင်မယ်ပေါ့။ ကျနော့်အနေနဲ့ပြောချင်တာက ကရင်ပါတီတွေကို မဲထည့်ပေးဖို့တင်မဟုတ်ဘဲ မိမိတို့နဲ့နီးစပ်သူတွေ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကိုလည်း ဒီလိုမဲထည့်ဖို့ စည်းရုံးပေးကြဖို့ လည်း တိုက်တွန်းချင်ပါတယ်။



စောရဲသစ္စာ (ပုသိမ်)

ဒီ ၂၀၂၀ မှာကျတော့ တိုင်းရင်းသားပါတီတွေ အားကောင်းဖို့လိုတယ်။ နောက်ပြီးတိုင်းရင်းသားပါတီတွေအနေနဲ့ ကိုယ့် တိုင်းရင်းသားနယ်မြေတွေမှာ အနိုင်ရဖို့လိုတယ်ဆိုတဲ့ စဉ်းစားချက်နဲ့အခုကိုယ့်တိုင်းရင်းသားပါတီကို ပြန်ပြီးအားပေးဖို့ ဝန်းရံဖို့ဆိုတာတွေ လုပ်လာကြတယ်ပေါ့။ ကိုယ့်ကရင်ပါတီတွေကလည်း သူတို့လည်း သူတို့မူဝါဒလမ်းစဉ်အတိုင်း သွား နေကြတာတွေရှိတယ်။ အဲဒီကရင်ပါတီတွေကလည်း မူဝါဒအရ ပေါင်းစည်းဖို့မဖြစ်နိုင်ကြသေးပေမယ့် သူတို့ရဲ့မူဝါဒ အတိုင်းအမျိုးသားရေးအတွက်ကို အသီးသီး လုပ်ဆောင်နေကြတာပေါ့။

ကျနော်တို့ကရင်လူငယ်တွေကတော့ ကိုယ့်ကရင်ပါတီကိုပဲဝန်းရံချင်တယ်။ အားကောင်းစေချင်တယ်။ ဒါပေမယ့်ဦး ဆောင်နေတဲ့ ခေါင်းဆောင်တွေက သူတို့ရဲ့ပုဂ္ဂိုလ်ရေးရာ မူဝါဒရေးရာအစွဲတွေကြောင့် အတူလက်တွဲဖို့ဟာက လုံးဝဖြစ်မ လာဘူးဆိုတာအထိဖြစ်လာနေတော့ အစကတည်းက အင်အားနည်းတဲ့အခြေအနေကနေ တကွဲတပြားစီဖြစ်မယ့် အခြေအနေပေါ့။ အဲဒီတော့ လူငယ်တစ်ယောက်အနေနဲ့စိတ်ပျက်မိတဲ့အနေအထားမှာရှိတယ်။

ပြီးတော့ အခုကရင်ပါတီတွေမှာ ရွေးကောက်ခံမယ့်ကိုယ်စားလှယ်တွေဘက်ကိုကြည့်ရင်လည်း ကိုယ်စား လှယ်တစ်ယောက်ရဲ့ သတ်မှတ်ထားတဲ့စံနှုန်းတွေနဲ့ပြည့်မီတာတွေလည်း မတွေ့ရဘူး။ အဲဒီတော့ အဖက်ဖက်မှာ အားနည်း နေတာပေါ့။ အဲဒီအနေအထားမှာ လူငယ်တွေဘက်က လက်တွဲလုပ်ဆောင်ဖို့ ဝန်းရံပေးမယ်ဆိုတဲ့ လူငယ်တွေတောင်း ဆိုတဲ့အရာတွေကိုတောင်မှ မလုပ်ပေးနိုင်ကြဘူး။ အဲဒါကိုတော့ ကျနော်အနေနဲ့တော်တော်လေးအားမရဘူး။

ကျနော်အနေနဲ့ကတော့ လာမယ့် ၂၀၂၀ မှာတော့ ၂ ပိုင်းခွဲပြီးပြောချင်တာက ပထမတစ်ခုကတော့ ကိုယ့်ကရင်လူငယ်တွေ ကရင်လူထုတွေအနေနဲ့ ကိုယ့်ကရင်ပါတီကိုမဲပေးစေချင်တယ်။ မဲထည့်ဖို့လည်းတိုက်တွန်းချင်ပါတယ်။ နောက်တစ်ခုက တော့ ကရင်ပါတီတွေအနေနဲ့ကလည်း မဲဆန္ဒနယ်မထပ်အောင် ထပ်ပြီးညှိနှိုင်းထားနိုင်မယ်ဆိုရင်တော့ လူငယ်တွေရော ကရင်ပြည်သူတွေ ကိုယ့်ကရင်ပါတီကို ဝန်းရံချင်တယ်။

July 6, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅) နယ်မြေ၊ မူတြော်ခရိုင်၊ ဖာပွန်ခရိုင်တွင် ပြီးခဲ့သည့်...
July 4, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်ရှိ ငါးပစ်ဂိမ်းနှင့် အွန်လိုင်းလောင်းကစားဂိမ်းရုံများအား ပြီးခဲ့သည့်...
July 3, 2024
စစ်ကောင်စီတပ်က ယခုလတ်တလော စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းထားသည့် စစ်သင်တန်းအပတ်စဉ် (၁)...
July 3, 2024
မြန်မာတစ်နိုင်ငံလုံးရှိ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များ အနေဖြင့်...