ပဒိုမန်းငြိမ်းမောင်နှင့် မေးမြန်းခြင်း

ပဒိုမန်းငြိမ်းမောင်နှင့် မေးမြန်းခြင်း

လာမည့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပမည့် ပါတီစုံရွေးကောက်ပွဲတွင် ဝင်ရောက် အရွေးခံရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင်ဟောင်း ပဒိုမန်းငြိမ်းမောင်အား ကေအိုင်စီ-ကရင်သတင်းဌာနမှ ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး ။ ။ အဖူးမန်းငြိမ်းမောင်အနေနဲ့ လက်နက်ကိုင်တော်လှန်ရေးကိုစွန့်ပြီး ရွေးကောက်ပွဲဝင် နိုင်ငံရေးလုပ်ဖို့ ဘာကြောင့် ရွေးချယ်ဆုံးဖြတ်လိုက်ပါလဲ။

ဖြေ ။ ။ အခုရွေးကောက်ပွဲဝင်ဖို့ အကြောင်းအရင်းက ဒီ ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးကို ၂၀၁၅ ခုနှစ်မှာ မတရားအသင်းကနေ ပယ်ဖျက်ပေးတယ်။ အဲဒီအချိန်ကနေစပြီးတော့ ကရင်အမျိုးသားအစည်းအရုံးဟာ မတရားအသင်းကနေပြီးတော့ ပယ်ဖျက်သွားပြီးပေါ့နော်။ ဒါကြောင့် နိုင်ငံရေးအရ တစ်စုံတစ်ရာ လွတ်လပ် မှုရှိလာတယ်။ ရှိလာတဲ့အခါ ကိုယ့်ကရင်အမျိုးသားတွေ အများစုနေထိုင်ရာ ဧရာဝတိုင်းတို့၊ ရန်ကုန်တိုင်းတို့မှာ တစ်စုံတစ်ရာလုပ်နိုင်မယ်လို့ ယုံကြည်တယ်။ ဒါကြောင့် ဒီကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးကနေ နှုတ်ထွက်ပြီးတော့ အခုဒီလွှတ်တော်နိုင်ငံရေး လမ်းကြောင်းကို ရွေးချယ်လိုက်တာဖြစ်ပါတယ်။

မေး ။ ။ ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးကနေ အဖူးမန်းငြိမ်းမောင်နှုတ်ထွက်လိုက်တဲ့အခါမှာ ရော အခက်အခဲတစ်စုံတစ်ရာရှိခဲ့ပါသလား။

ဖြေ ။ ။ အခက်အခဲတော့ မရှိပါဘူး။ နှုတ်ထွက်စာတင်လိုက်တဲ့အခါကျတော့ အဖွဲ့အစည်းက တရားဝင် ခွင့်ပြုပါတယ်။

မေး ။ ။ ရွေးကောက်ပွဲဝင်ဖို့ရှိတယ်ဆိုတော့ အဖူးမန်းငြိမ်းမောင်အနေနဲ့ဘယ်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စဉ်းစားထားပါသလဲ။

ဖြေ။ ။ ကျနော့်ဇာတိဖြစ်တဲ့ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်အဖြစ်ကနေ ဝင်ရောက်အရွေးခံမှာဖြစ်ပါတယ်။ အဖူးအနေနဲ့ နဂိုကတော့ တသီးပုဂ္ဂလအနေနဲ့စဉ်းစား တယ်။ ဒါပေမယ့် ပါတီတစ်ခုခုကနေဆိုရင် ပိုပြီးအားကောင်းမယ်လို့ ယူဆတဲ့အတွက် ကရင်ပါတီတစ်ခုခုကို ဝင်မယ်လို့ စဉ်းစားထားပါတယ်။

မေး။ ။ ရွေးကောက်ပွဲဝင်ဖို့အတွက်ရော အဖူးမန်းငြိမ်းမောင်အနေနဲ့ ဘယ်လိုတွေပြင်ဆင်ဆောင်ရွက်ထား ပါသလဲ။

ဖြေ။ ။ အခုကတော့ ပြင်ဆင်ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ နောက်ပြီးရွေးကောက်ပွဲကော်မရှင်က သတ်မှတ် ထားတဲ့စည်းမျဉ်း စည်းကမ်းတွေဖြည့်ဆည်းဖို့  Data (အချက်အလက် ) တွေပြင်ဆင်နေတယ်။ ပြီးတော့ စည်းရုံးလှုပ်ရှားမှုအတွက် လူထုနဲ့ထိတွေ့နိုင်ဖို့အတွက် ပြင်ဆင်လှုပ်ရှားတယ်။ အခုတော့လက်ရှိတော့ အဲဒါတွေ လိုက်ပြီးဆောင်ရွက်နေပါတယ်။

မေး ။ ။ အဖူးမန်းငြိမ်းမောင်အနေနဲ့ရော ကိုယ့်မဲဆန္ဒရှင်ဖြစ်မယ့် လူထုတွေ၊ ကရင်လူထုတွေအပေါ်မှာရော ဘယ်လောက်ထိ ယုံကြည်မှုရှိပါလဲ။

ဖြေ။ ။ အဖူးတို့က တော်လှန်ရေးတစ်လျှောက်လုံး အမျိုးသားရေးတာဝန်ကို တောက်လျှောက်လုပ်လာတာ ပြည်သူကို ယုံကြည်မှုအပြည့်အဝရှိပါတယ်။ အဖွဲ့အစည်းကိုလည်း ယုံကြည်တယ်။ နောက်ပြီး အဖူးအနေနဲ့ က လည်း ဒီယုံကြည်ချက်တွေနဲ့ဖြတ်သန်းခဲ့တဲ့ ဘဝတွေတစ်လျှောက်လုံးမှာ နှစ်ပေါင်း ၅၀ ကျော်ဖြတ်သန်းခဲ့ပြီးပြီ။ ဒီအပေါ်မှာ ပြည်သူက အားကိုးတယ်၊ မျှော်လင့်တယ်ဆိုတာလည်း အဖူးယုံကြည်တယ်။ အဲဒီတော့ ပြည်သူကို အပြည့်အဝယုံကြည်တယ်။ ပြည်သူရဲ့ထောက်ခံမှုကိုလည်း အပြည့်အဝရမယ်လို့ ကျနော်ယုံကြည်ပါတယ်။

မေး ။ ။ မဲဆန္ဒရှင်ပြည်သူတွေကိုရော အဖူးမန်းငြိမ်းမောင်အနေနဲ့ ဘာတွေအသိပေးပြောကြားချင်ပါသလဲ။

ဖြေ ။ ။ အခု ကျနော်ဒီရွေးကောက်ပွဲဖို့ အဓိက ရည်ရွယ်ချက်ကတော့ ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်ထဲမှာ တစ်စုံတစ်ရာပါဝင်ခဲ့တယ်။ ပါဝင်တဲ့အခါကျတော့ ကျနော်ဒီလွှတ်တော်လမ်းကြောင်းလိုင်းကနေပြီးတော့ ရွေး ချယ်ခြင်းခံရလို့ရှိရင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကျနော်အများကြီးပိုမိုဆောင်ရွက်ပေးနိုင်မယ်။ နောက်တစ်ခုက ကျနော်တို့ ဧရာဝတီတိုင်းဒေသကြီး ၊ ရန်ကုန်တိုင်းဒေသကြီးတွေမှာရှိတဲ့ ကရင်အမျိုးသားတွေ အပါအဝင် တိုင်းရင်းသားလူမျိုးတွေအများအပြားနေထိုင်နေကြတဲ့အခါကျတော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ကို လည်း ကျနော်အနေနဲ့ ပိုမိုဆောင်ရွက်နိုင်မယ်လို့ ယုံကြည်တယ်။ ကရင်တိုင်းရင်းသားအပါအဝင် တိုင်းရင်း သားတွေအားလုံး တရားသဖြင့် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ ယုံကြည် တယ်။

 

နောက်တစ်ခုက ပန်းတနော်ဆိုရင် ၂၀၁၃ ခုနှစ်ကတည်းက အကျိုးပြုလုပ်ငန်း၊ လူမှုရေးလုပ်ငန်းတွေ ကျနော် လုပ်ခဲ့တယ်။ ဧရာဝတီဖောင်ဒေးရှင်း၊ ထူးဖောင်ဒေးရှင်းကနေပြီးတော့ ကျနော့်ကို ကူညီပံ့ပိုးပေးတဲ့အတွက် ဆေးခန်း ၁၀ လုံး၊ ကျောင်း ၁၀ လုံးလောက်ကို ကျနော်တို့ ဆောက်ပေးနိုင်ခဲ့တယ်။ ပညာရေးကဏ္ဍမှာဆို လည်းပညာရေးကောလိပ်၊ ပညာရေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ သူနာပြုကောလိပ်၊ သားဖွားသင် တန်းအစရှိသည်ဖြင့် ကူညီထောက်ပံ့မှုတွေလုပ်နိုင်ခဲ့တာအပြင် ၂၀၁၃ ခုနှစ်ကတည်းကနေ အခုအချိန်အထိ ဆို ရင် တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသား ၂၅၀ ကို ပံ့ပိုးပေးနိုင်ခဲ့ပြီ။ ကျောင်းထားပေးခဲ့တာကတော့ ဘွဲ့ရ ၅၇ ယောက်ကို ဘွဲ့ရအောင် ကျနော်တို့ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ တကယ်လို့ ကျနော်က လွှတ်တော်ထဲမှာ တစ်စုံတစ် ရာ ကိုယ်စားလှယ်အဖြစ်နဲ့ဆောင်ရွက်ခွင့်ရမယ်ဆိုရင် ဒီထက်မက ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် ကျနော့် ဒေသဆိုင်ရာ အမျိုးသားတွေအတွက် ဆောင်ရွက်ပေးနိုင်မယ်လို့ ကျနော်ယုံကြည်ပါတယ်။

July 6, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅) နယ်မြေ၊ မူတြော်ခရိုင်၊ ဖာပွန်ခရိုင်တွင် ပြီးခဲ့သည့်...
July 4, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်ရှိ ငါးပစ်ဂိမ်းနှင့် အွန်လိုင်းလောင်းကစားဂိမ်းရုံများအား ပြီးခဲ့သည့်...
July 3, 2024
စစ်ကောင်စီတပ်က ယခုလတ်တလော စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းထားသည့် စစ်သင်တန်းအပတ်စဉ် (၁)...
July 3, 2024
မြန်မာတစ်နိုင်ငံလုံးရှိ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များ အနေဖြင့်...