မြန်မာ့နှစ်သစ်မှာ ကိုဗစ်ကို ငြိမ်းချမ်းစွာ အတူတကွ တားဆီးတိုက်ဖျက်ကြပါစို့

မြန်မာ့နှစ်သစ်မှာ ကိုဗစ်ကို ငြိမ်းချမ်းစွာ အတူတကွ တားဆီးတိုက်ဖျက်ကြပါစို့

ပန်းပိတောက်များက လဧပြီကို နှုတ်ဆက်ခဲ့ကြသော်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုက ဧပြီလကုန်သည့်တိုင် မရပ် တန့်နိုင်သေး။ ကမ္ဘာတစ်လွှား ကူးစက်လာမှုနှုန်းမှာ ၃သန်းကျော်အထိရှိနှင့်ပြီး သေဆုံးမှုနှုန်းမှာ ၂သိန်းကျော်နှင့် ပြန်လည်ကောင်းမွန်လာသူ ၁၀သိန်းကျော်အထိ ရှိသည်။ မြန်မာနိုင်ငံ၌လည်း မေလ ၂ ရက်နေ့အထိ ကူးစက်ခံရသူ ၁၅၀ ဦးအထိ ရောက်ရှိနေပြီး အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် ကူးစက်မှုနှုန်း အများဆုံးဖြစ်နေသည်။ အာရှနိုင်ငံအချို့တွင် ရက် သတ္တပတ်အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း ရပ်တန့်နေသည်ဟု သိရှိရသည်။

ငြိမ်းချမ်းရေးကို တည်ဆောက်ရန် အကောင်အထည်ဖော်နေသော မြန်မာနိုင်ငံတွင် ကူးစက်ရောဂါကို စိုးရိမ်ရမည့်အ စား ရခိုင်နှင့် ချင်းပြည်နယ်ဘက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် တပ်မတော်တို့၏ တိုက်ပွဲများမှာ အဓိက ကြောက်မက်ဖွယ်ရာ ဖြစ်နေသည်။ တစ်နိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ကိုရိုနာဗိုင်းရပ်စ်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အစုအဖွဲ့အသီးသီးက ကျန်းမာရေးစစ်ဆေးမှုဖြင့် ပူးပေါင်းဆောင်ရွက်နေကြသည်။

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အစိုးရနှင့် ကေအဲန်ယူ ရောနှောအုပ်ချုပ်သည့်ဒေသတွင် ကေအဲန်ယူ၏ ကျန်း မာရေးစစ်ဆေးသည့်ဂိတ် မထားရှိရန် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ ညွန်ကြားချက်အရ ဒေသအခြေ စိုက် (၅၀၂)အမြောက်တပ်၏ ဒုတပ်ရင်းမှူး ဗိုလ်မှူးအောင်ကိုကိုက ဧပြီလ ၂၅ရက်မှ ၂၇ရက်နေ့များတွင် အကြိမ် ကြိမ် လာရောက်ပြောဆိုမှုများကြောင့် ကေအဲန်ယူက ၎င်းတို့၏ ကျန်းမာရေးဂိတ်သုံးဂိတ်ကို ဖြုတ်သိမ်းခဲ့သည်။ ထို့ အပြင် ဧပြီ ၃၀ရက်နေ့တွင် အခြားကျန်းမာရေးစစ်ဆေးရေးဂိတ် နောက်တစ်ခုကိုပါ စစ်တပ်က ထပ်မံ ဖြုတ်သိမ်းခိုင်း ပြန်သည်။

အကြောင်းမှာ ဧပြီ ၃၀ရက် နေ့လည်ပိုင်းတွင် ရတခတိုင်းမှူး၏ဇနီးမှာ စစ်သည်အနည်းငယ် ခြံရံလျက် သထုံမြို့နယ်၊ ထုံးဘိုကြီး ကျန်းမာရေးစစ်ဆေးသည့်ဂိတ်ကို ဖြတ်ချိန်၌ ကေအဲန်ယူ၏ တားဆီးစစ်ဆေးမှုကို လက်မခံခဲ့ဘဲ လိုရာ ခရီးသို့ သွားရောက်ခဲ့သည်။ ၎င်းနောက် မွန်းလွဲပိုင်းအချိန်၌ အဆိုပါဂိတ်ကို ဖြုတ်သိမ်းရန် တိုင်းမှူးက ညွှန်ကြား ကြောင်း ရတခ၏ စစ်ဦးစီးပထမတန်း(G-1)က ကေအဲန်ယူ တပ်မဟာ(၁)၏ ဗျူဟာမှူးထံ ဆက်သွယ်ပြောဆိုခဲ့ပြီး စစ်ကြောင်းနှစ်ကြောင်းကိုပါ စောင့်ကြည့်ရန် သွားရောက်နေရာယူစေခဲ့ကြောင်း ကေအဲန်ယူ သထုံခရိုင်တာဝန်ရှိသူ များ၏ ပြောဆိုချက်များအရ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၇ရက်နေ့ကလည်း ကေအဲန်ယူ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်မှု စစ်ဆေး ရေးဂိတ်များ ဖွင့်လှစ်ဆောင်ရွက်ခြင်းသည် အစိုးရ၏ နယ်ဘက်အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဝင်ရောက်စွက် ဖက်နေသည့်အတွက် ကန့်ကွက်ကြောင်းနှင့် NCA သဘောတူစာချုပ်ပါအတိုင်း လိုက်နာဆောင်ရွက်သွားရေး ကေအဲန်ယူ အောက်ခြေတပ်ဖွဲ့ဝင်များအား ထိန်းသိမ်းကြပ်မတ်ပေးပါရန် ကရင်ပြည်နယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်က ကေအဲန်ယူ ဆက်ဆံရေးရုံးမှတဆင့် ကန့်ကွက်စာ ပေးပို့ခဲ့သည်။

တစ်ဖက်တွင်လည်း ကရင်ပြည်နယ်အတွင်း Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ် အဆင့်ဆင့် အောင်မြင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ ပူးပေါင်းပါဝင် ကူညီပေးပါသော ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)၊ နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့တို့အား ကရင်ပြည်နယ်အ စိုးရအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း ပြည်နယ်အစိုးရအဖွဲ့၏ စည်းတံဆိပ်၊ ဝန်ကြီးချုပ်၏လက်မှတ်နှင့်အတူ ဂုဏ်ပြုလွှာကို ဧပြီလ ၁၉ရက်နေ့က ထုတ်ပြန်ထားခဲ့သည်။

ဧပြီလ ၂၇ရက်နေ့တွင် မြန်မာနိုင်ငံ၏ နိုင်ငံတော်သမ္မတရုံးကလည်း Corona virus Disease 2019(Covid-19) ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ဒုတိယ ဥက္ကဌ(၂) ဒေါက်တာတင်မျိုးဝင်း၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း)၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးမိုးဇော်ဦးနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦးတို့ ပါဝင်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီ ဖွဲ့စည်း ခြင်း အမိန့်ကြော်ငြာစာအမှတ် ၆၃/၂၀၂၀ ကို ထုတ်ပြန်ကြေညာခဲ့သည်။

၎င်းအမိန့်ကြော်ငြာစာပါ လုပ်ငန်းတာဝန် (၇)ချက်ထဲတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်နယ် အစိုးရများအကြား Coronavirus Disease 2019 (Covid-19) ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ ညှိနှိုင်း ဆောင်ရွက်ပေးခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အခြေပြုရာဒေသများတွင် Covid-19 ဆိုင်ရာ အရေးပေါ် ဆောင်ရွက်ရန်ကိစ္စများ ပေါ်ပေါက်လာပါက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ၏ လမ်းညွှန်ချက်နှင့်အညီ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း ဟူသော အချက်နှစ်ချက် ပါရှိသည်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၏ ခွင့်ပြုချက်ဖြင့် ဖွဲ့စည်းထားသည့် ယင်းကော်မတီ၏ ရည်ရွယ်ချက်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အခြေပြုရာ ဒေသများတွင် Covid-19 ကာကွယ် ထိန်းချုပ် ကုသရေးကို ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက်ဟူ၍ ပါရှိပြီး နိုင်ငံတော်အစိုးရအနေဖြင့်လည်း လူမျိုး၊ ဘာသာ၊ နေထိုင် ရာဒေသ ခွဲခြားခြင်း အလျဉ်းမရှိဘဲ နိုင်ငံတော်၏ ပိုင်နက်နယ်မြေအတွင်း မှီတင်းနေထိုင်သူ မည်သူ့ကိုမျှ ချန်လှပ် မထားရေးမူဝါဒ(No one left behind Policy)အရ ကြိုးပမ်းဆောင်ရွက်လျှက်ရှိသည်ဟု ဖော်ပြထားသည်။

ဤသို့ဆိုလျှင် မည်သည့်ဌာနဆိုင်ရာ၊ မည်သည့်ပါတီ အဖွဲ့အစည်း၊ မည်သည့်အသိုင်းအဝိုင်းများမှ မည်သို့သော လူ ပုဂ္ဂိုလ်မဆို ကူးစက်မှု လွယ်ကူ လျင်မြန်လှသည့် Covid-19 ကို တားဆီးကာကွယ်ရန် တာဝန်အပြည့်အဝရှိနေပေ သည်။ သို့သော် အောက်ခြေအနေအထားမှာ သမ္မတရုံး၏ အမိန့်ကြော်ငြာစာနှင့် သဘောတရား ကွဲပြားနေသည်။ ၎င်းအပြင် အရပ်ဖက်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား Covid-19 ကာကွယ်ထိန်းချုပ်မှု လုပ်ငန်း စဉ်တွင် မည်သို့ပင် နားလည်မှုရှိထားသော်ငြား တပ်ဖက်ဆိုင်ရာများ၏ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အပေါ် ဆက်ဆံပြုမူမှုများက ကူးစက်မှုထိန်းချုပ်ရေးကို ပံ့ပိုးကူညီရာမရောက်ဘဲ ပြဌာန်းထားသည့် ညွှန်ကြားချက် များကိုပင် ချိုးဖောက်ရာရောက်နေသည်။

အမှန်တကယ် ဖြစ်သင့်ဖြစ်ထိုက်၊ လုပ်သင့်လုပ်ထိုက်သည်မှာ နိုင်ငံအတွင်း ဖော်ဆောင်နေသမျှ တိုက်ပွဲသဏ္ဍာန် အားလုံးကို လုံး၀ ရပ်စဲပြီး အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်ရင်း မိသားစုအတွင်း၊ ရပ်ကွက်အတွင်း၊ ကျေးရွာအတွင်း၊ မြို့နယ်/ခရိုင်နှင့် တပ်တွင်းနေရာများ၌လည်း Covid-19 ရောဂါကူးစက်မှုကို အစိုးရ၊ အစုအဖွဲ့အသီးသီးနှင့် တိုင်းရင်း သားပြည်သူလူထုတစ်ရပ်လုံးက အတူတကွ တားဆီးတိုက်ဖျက်နိုင်ရေးအတွက် လစ်ဟင်းမှုမရှိဘဲ ငြိမ်းချမ်းရေးကို ရှေ့ရှုကာ အလေးထား ဆောင်ရွက်သွားကြစေလိုသည်။

Most read this week

October 4, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်/တပ်မဟာ ၅ ၊ လူသောကျေးရွာအုပ်စုအတွင်း၌...
October 4, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ သန်းခေါင်စာရင်းကောက်သည့် စစ်ကောင်စီ...
October 2, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်နှင့် ကျေးရွာများတွင် စစ်ကောင်စီက အောက်တိုဘာ ၁ ရက်နေ့မှစ၍...
October 1, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ သထုံခရိုင်/တပ်မဟာ(၁)၊ ဖားအံမြို့နယ်ထဲရှိ...