အစိုးရပါဝင်တဲ့ တိုင်းရင်းသားများအရေး

အစိုးရပါဝင်တဲ့ တိုင်းရင်းသားများအရေး
by -
ဟင်္သာမီဒီယာ
မွန်ပြည်နယ်ရှိ မြို့နယ်တိုင်းတွင် မွန်အမျိုးသားနေ့ကို စီးကားတိုက်မြိုက်စွာ ကျင်းပဖို့အတွက် မွန်ပြည်နယ်စိုးရမှ ယခုနှစ်တွင် ဘတ်ဂျက်ငွေသိန်း ၁၀ဝ ကျပ်ကို မွန်အမျိုးသားနေ့ ကျင်းပရေး (ဗဟို) ကော်မတီထံသို့ ထောက်ပံ့ ပေးမှု ရှိခဲ့သည်။

မကြာသေးမီက မွန်ပြည်နယ်တွင် နေထိုင်သော ကရင်တိုင်းရင်းသားများ၏ ကရင်နှစ်သစ်ကူးနေ့ ကျင်းပနိုင်ရေး အတွက် မွန်ပြည်နယ် အစိုးရက ဘတ်ဂျက်ငွေ ထောက်ပံ့ပေးခဲ့သည်။

ထိုအပြင် တပို့တွဲ လပြည့်ကျော် ၁ ရက်နေ့ ရောက်တိုင်း မွန်တိုင်းရင်းသားများနေထိုင်ရာ အရပ်ဒေသများတွင် နှစ်စဉ်ကျင်းပလျက်ရှိသည့် မွန်အမျိုးသားနေ့ကို ယခုနှစ်မှာတော့ ပြည်ထောင်စုအဆင့်အနေဖြင့် ဖေဖောဝါရီ ၅ ရက်နေ့မှာ အကြိမ် (၇၀) မြောက် မွန်အမျိုးသားနေ့ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်းဗင်းရှင်း ဗဟိုဌာန (၂) တွင် ကျင်းပခဲ့ကြသည်။

အစိုးရ စာသင်ကျောင်းများတွင်လည်း တိုင်းရင်းသား ဘာသာစကား သင်ကြားခွင့်များကို ထည့်သွင်းပေးခဲ့ရာမှ တိုင်းရင်းသား ဘာသာစကား သင်ကြားပေးသည့် ဆရာ၊ ဆရာမ များကိုလည်း လစာငွေ ထောက်ပံ့ပေးမှုများ ရှိလာသည့် အချက်များက တိုင်းရင်းသားများ၏ အခွင့်အရေးများမှာ ကောင်းမွန်သည့် ပြောင်းလဲမှုများ တစ်စတစ်စ ဖြစ်လာသည်ဟုပင် ဆိုရပေမည်။

မတ်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် မွန်ပြည်နယ်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ မွန်ပြည်နယ်ရှိ သဘာဝအလှ ရောင်စုံဓာတ်ပုံပြိုင်ပွဲကို ပြည်နယ်အစိုးရ အဖွဲ့ဝင် ပအိုဝ်းလူမျိုး တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်မှုဖြင့် မွန်ပြည်နယ်နေ့မှာ ပြသနိုင်ဖို့အတွက် စီစဉ်နေမှုများသည်ကို ကြည့်ခြင်းအားဖြင့်လည်း တိုင်းရင်းသားများ၏ ယာဉ်ကျေးမှု၊ ဓလေ့ ထုံးတမ်းများသည် ပြန်လည် အသက်ဝင်လာသည်ပြီးလို့လည်း မှတ်ယူရပေမည်။

တိုင်းရင်းသားများ၏ ယဉ်ကျေးမှုများနှင့် ဓလေ့ထုံးတမ်း အစဉ်အလာများကို တိုင်းရင်းသား လူမျိုးစုများကသာ ထိန်းသိမ်းနေခြင်းထက် အစိုးရပါဝင်သော ထိန်းသိမ်မှုများ ဖြစ်ပေါ်လာမှသာ ပိုမိုအောင်မြင်နိုင်မည်ဟု မှတ်ယူ အသိပေးစေလိုပါသည်။

Most read this week

June 19, 2023
ယနေ့ ဇွန်လ ၁၄ ရက်နေ့သည် မိုခါမုန်တိုင်း တိုက်ခတ်သည့် တစ်လ ပြည်နေ့ဖြစ်ပါသည်။ လွန်ခဲ့သည့် မေလ ၁၄...
March 15, 2023
မတ်လ ၈ ရက် International Women Day 2023 နေ့အတွက် အထိမ်းအမှတ်အဖြစ် ဗြိတိန်နိုင်ငံက ထုတ်ဝေတဲ့...
March 15, 2023
လူသားအကျိုးပြုလုပ်ငန်းများဆိုင်ရာ ပရဟိတဒေါက်တာဘွဲ့ ရရှိသူ ဦးမင်းထည်ဝါနှင့် တွေ့ဆုံမေးမြန်းခြင်း...
March 9, 2023
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ရခိုင်အမျိုးသမီးအချို့၏အမြင်များ ယနေ့ မတ်လ ၈ ရက်မှာ...