ရပ်ဝန်းနှင့်ပိုးလမ်းမ အစီအစဉ်ကို ပြန်စဉ်းစား ကြည့်လိုက်သည့်အခါတိုင်း မနှစ်က လက်မှတ်ရေးထိုးခဲ့သည့် တရုတ်-မြန်မာ စီးပွားရေးစြင်္ကံ (CMEC) နားလည်မှု စာချွန်လွှာနှင့်ပတ်သက်ပြီး စိုးရိမ်မှုများ ခံစားမိသည်။
မီဒီယာနှင့် စိတ်ပါဝင်စားသူများ ပြုလုပ်သည့် အချေတင်ဆွေးနွေးပွဲ အတော်များများသည်လည်း ၎င်းတို့၏ အမြင် အစစ်အမှန်ကို ရှင်းရှင်းလင်းလင်း ထုတ်ဖော် ပြောဆိုခြင်း မလုပ်ကြပေ။
ပြည်တွင်း မငြိမ်မသက် ဖြစ်နေမှုများသည် တရုတ်၏ BRI (ရပ်ဝန်းနှင့်ပိုးလမ်းမ အစီအစဉ်)ကို အဟန့်အတား မဖြစ်စေဘဲ ပြည်တွင်းစစ်များဖြင့် သရုပ်ပျက်နေသော မြန်မာနိုင်ငံမြောက်ပိုင်းဒေသများကို မတည်ငြိမ်အောင် တရုတ်က တမင်တကာ လုပ်နေသလားဆိုသည့် ဝေဖန်မှုများလည်း ပေါ်ပေါက်လာခဲ့သည်။
ယခုအခါ အဆိုပါ ဝေဖန်မှုများသည် မြန်မာနိုင်ငံ၏ အနာဂတ် ရည်မှန်းချက်ကို မည်သူက ပုံဖော်နေသလဲဆို သည့် မေးခွန်းဘက်သို့ ဦးတည်သွားနေသည်။ အမေရိကန် ဦးဆောင်သည့် ပိတ်ဆို့ အရေးယူမှုများ သက် ရောက် ခဲ့သောကြောင့် ပြည်တွင်း မငြိမ်သက်မှုများနှင့် ဘင်္ဂါလီ မွတ်စလင် ကိစ္စများသည် မြန်မာနိုင်ငံတွင် အနောက်နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွား လုပ်ငန်းကို ကျဆင်းစေခဲ့ကာ အထင်နှင့်အမြင် တခြားစီဖြစ်ခဲ့ ရသည်။
တရုတ်တို့၏ ခြေလှမ်း ပိုမိုအားကောင်းလာကာ မြန်မာတို့၏ အချုပ်အခြာအာဏာ ဆုံးရှုံးမှုအပေါ် အသားယူရန် ခြေလှမ်းလာသည်မှာ အံ့ဩစရာ မဟုတ်ပေ။
မြန်မာနိုင်ငံ ကဲ့သို့သော ဖွံ့ဖြိုးဆဲ နိုင်ငံများသည် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးမှု အစီအစဉ်များကို ဆက်လက် လုပ်ဆောင်ချင်ပါက နိုင်ငံခြားနှင့် နည်းပညာ အကူအညီများ လိုအပ်သောကြောင့် ဟန်ချက်ညီသော အချေအတင် ဆွေးနွေးပြောဆိုမှုများ လုပ်ရမည်ဖြစ်သည်။
မြန်မာနှင့် တခြား BRI အဖွဲ့ဝင် နိုင်ငံများအတွင်း အဓိက အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုမှာ တရုတ် ကို ပါဝင်ခွင့် ပေးထားခြင်းနှင့်စပ်လျဉ်းသည့် အန္တရာယ်များအကြောင်း အချေအတင် ဆွေးနွေးရာ၌ အဟန့် အတား ဖြစ်စေမည်ဖြစ်သည်။ BRI သည် နှစ်ဦးနှစ်ဖက် အကျိုးပြုသော ပဏာမ ခြေလှမ်းအဖြစ် မြင်သင့်သလား ဆိုသည်မှာ အငြင်းပွားဖွယ် ဖြစ်သည်။
မြန်မာသည် BRI စီမံကိန်းတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေခြင်းသည် တရုတ်၏ ပြိုင်ဘက်များကို နေမထိ ထိုင်မသာ ဖြစ်နေစေသည်။
မီးမောင်း ထိုးပြစရာများအနေဖြင့် အမေရိကန်သည် ရှုပ်ထွေးသော နိုင်ငံခြားဆက်ဆံရေးနှင့် မြန်မာနိုင်ငံကို ချဉ်းကပ်သလို အိန္ဒိယသည် ရခိုင်ပြည်နယ်အတွင်း ကုလားတန်မြစ်ကြောင်း တစ်လျှောက် ပို့ဆောင်ရေးစီမံကိန်း ချိတ်ဆက်မှုများ လုပ်ထားပြီး မြန်မာနိုင်ငံသည် မြေစာပင်ဖြစ်မည်ကို သတိထားရမည် ဖြစ်သည်။
အခြေခံ အဆောက်အအုံဆိုင်ရာ စီမံကိန်းများသည် ရေရှည်ဖွံ့ဖြိုးမှုကို ယူဆောင် လာနိုင်သည်ဆိုသည်မှာ မေးနေ စရာမလိုပေ။BRI တွင် အခြေခံ အဆောက်အအုံ စီမံကိန်း ရေရှည်တည်တံ့ရေး ရည်ရွယ်ချက်များလည်း ပါဝင်သည်။
တခြားနိုင်ငံများလို ပေါင်းစပ်ဖွံ့ဖြိုးမှု အစီအစဉ်များ ရှိသကဲ့သို့ BRI သည်လည်း အစီအစဉ် အများအပြား ရှိ သည်။ ထိုအကြောင်းကို ၂၀၁၇ ပေကျင်း(တရုတ်)BRI ထိပ်သီးဆွေးနွေးပွဲတွင် ထုတ်ဖော် ပြောခဲ့ပြီး တရုတ် သည် ၎င်းတို့၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်နေကြောင်း မြင်သာစေခဲ့ သည်။
ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကို ကောင်းကောင်း နားမလည်ခြင်းက အရှုပ်အထွေးများကို ပိုဖြစ်စေခဲ့သည်။ သမိုင်း အရ အနောက်နိုင်ငံများသည် စီးပွားရေး အောင်မြင်မှုကို သုံးနှစ်မှ ငါးနှစ်အတွင်း တိုင်းတာသည့် အတွေးအခေါ် ပညာရှင် ဟော့ဘ်စ်၏ စီးပွားရေးနည်းလမ်းကို လက်ကိုင်ထားကြသည်။
တရုတ်တို့ကမူ ရင်းနှီးမြှုပ်နှံမှုအပေါ် လေးဆပြန်ရနိုင်သည့် အချိန်ကာလအပေါ် တွက်ချက်သည့် ဗျူဟာကို သုံးကြသည်။ ငွေကြေးပြန်ရမှုများသည် အောင်မြင်မှု အတိုင်းအတာ ကဲ့သို့ပင် အဖွဲ့အစည်း၊ ပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှု တန်ဖိုးများနှင့်လည်း ဟန်ချက်ညီနေသည်။
တရုတ်သည် အချိန်ကာလ ၁၀ နှစ်မှ ၂၀ နှစ်အပေါ် စီးပွားရေး အောင်မြင်မှု တွက်ချက်သော်လည်း ဖွံ့ဖြိုးမှု ဘဏ်များသည် ရင်းနှီးမြှုပ်နှံမှုများကို အကဲဖြတ်ရန် ဤတူညီသော တန်ဖိုး အတိုင်းအတာများကို အသုံးပြု တွက်ချက်ကြသည်။
လတ်တလောတွင် အစီအရင်ခံသူများက CMEC ( တရုတ် မြန်မာစီးပွားရေးစြင်္ကံ) အောက်ရှိ စီမံကိန်း ၃၈ ခု ထဲမှ ၉ ခုကိုသာ ညွှန်း၍ ပြောကြသည်။ သို့သော်လည်း ရေရှည်ဖွံဖြိုးမှုသည် သေချာ အချိန်ယူ စဉ်းစားရန် လိုအပ်သည် ဆိုသည်ကိုမူ အသိအမှတ်မပြုကြပေ။
အစောပိုင်းကာလ ဆွေးနွေးမှု အများစုသည် ဘဏ္ဍာရေးနှင့် အခွန်ဆိုင်ရာ ထိန်းထားနိုင်မှုကို အလေးထားခဲ့ကြ သော်လည်း BRI အစီအစဉ်ထဲတွင် ၎င်းအချက်များကိုချည်း ဖော်ပြထားခြင်း မရှိပါ။ အချိန်ယူ စဉ်းစားရမှာ ဖြစ်၍ လူအချင်းချင်း သို့မဟုတ် သိမ်မွေ့သော သံတမန်နည်းလမ်းနှင့် ရေရှည် လုပ်ဆောင်ချက်များသည် နောက်ဆုံး၌ နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရရှိမှာ ဖြစ်သည်။ အဖွဲ့အစည်းနဲ့ ပူးပေါင်းခြင်း၊ ကျွမ်းကျင်မှုများ လက်ဆင့်ကမ်းခြင်းနှင့် လက်ခံသည့်နိုင်ငံ၏ အနာဂတ် ရည်မှန်းချက်ကို ၎င်းကိုယ်တိုင် ပုံဖော်ခွင့်ပေးခြင်း စသည့် အဆင့်များ လိုအပ်ပါသည်။
တရုတ်၏ ပွင့်လင်းမှုကို ဖော်ပြသော ဥပမာပေါင်းများစွာရှိနေပြီး မြန်မာအတွက် မည်သို့မျှ ထူးခြားခြင်း မရှိပါ။ ထင်ရှားသည့် သာဓကအနေဖြင့် BRI ရင်းနှီးမြှုပ်နှံမှုကို တင်ဒါစနစ်ဖြင့် လုပ်ခဲ့ခြင်း၊ နိုင်ငံတကာ ငွေကြေးကို ရှာဖွေနိုင်ခဲ့ခြင်းတို့ ပါဝင်သည်။
၎င်းသည် China Plus One မူဝါဒထဲ၌ ဖော်ပြထားသော တရုတ်၏ အပြည်ပြည်ဆိုင်ရာ ပူပေါင်းချဉ်းကပ်နည်း တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။ တရုတ်နှင့်ဂျပန်တို့ ပါဝင်သော ဖိလစ်ပိုင်ရထားလမ်း စီမံကိန်းသည် ထို ချဉ်းကပ်နည်း၏ ဥပမာကောင်း တစ်ခုဖြစ်သည်။
ထို့အပြင် လက်ခံနိုင်ငံသည် အနာဂတ် ရည်မှန်းချက်ကို ပုံဖော်နိုင်သည်ဆိုသည့် သဘောထားကို ပိုမိုခိုင်မာ စေသည်။ တရုတ်-မြန်မာ စီးပွားရေးစြင်္ကံသည် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား တိုက်ပွဲ ဖြစ်ပွားနေသော ဒေသကို ဖြတ်သန်းသွားခြင်းသည်လည်း ရှုပ်ထွေးသော ကိစ္စတစ်ခုဖြစ်ပါသည်။
ယခုအချိန်တွင် တရုတ်သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ဆွေးနွေးပွဲများအတွက် ငွေကြေး ထည့်ဝင်ခြင်းများ သိသိသာသာ လုပ်လာသလို ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကိုပါ စတင်လုပ်ဆောင်လာသည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည် တိုင်းရင်းသားများ၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်ကိစ္စများကို ဖြေရှင်း ပေးရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ တနည်းအားဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည် မြန်မာနိုင်ငံကို အချုပ် အခြာအာဏာ တစ်ခုတည်းရှိသော နိုင်ငံဖြစ်အောင် ပံ့ပိုးပေးရာ ရောက်နေသလားဆိုတာ အငြင်းပွား စရာ ဖြစ် နေသည်။
မြန်မာနိုင်ငံကဲ့သို့ နိုင်ငံများကို အနာဂတ်လှပအောင် အခြေအနေများ ဖန်တီးပေးထားသည့် BRI စီမံကိန်းမှာ တရုတ်၏ ပွင့်လင်းမြင်သာမှုရှိကြောင်း ဖော်ပြသည့် ဥပမာပေါင်းများစွာ ရှိနေသည်။ ဝေဖန်မှုများစွာ ခံရသော ရန်ကုန်မြို့တော်သစ် စီမံကိန်းမှာ ဥပမာတစ်ခုပင်ဖြစ်သည်။
စီမံကိန်း၏ အဓိကအချက်မှာ ရွံ့မြေ ၈၀၀၀ ဟက်တာကို မြို့ပြ စက်မှုဇုန်အဖြစ် ပြောင်းလဲမှာဖြစ်ပြီး BRI ကြောင့် အလုပ်သမား၊ ကုန်သွယ်ရေးနှင့် ရင်းနှီးငွေ စီးဆင်းမှုများ အရှိန်ရလာစေပါသည်။ တရုတ်၏ တိုးတက်မှုကို ရှန်ဟိုင်းသို့ဖိတ်ခေါ်ကာ စီမံကိန်း ဆန့်ကျင်သူများအား သိမြင်စေခဲ့ပြီး တရုတ်နိုင်ငံ၏ မြစ်ဝါ ဒေသနှင့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းကို မြစ်ဆုံဆည် ဆန့်ကျင်သူများ သွားကြည့်ရန် အချိန်မရ တော့ပါ။
တရုတ်သည် မြန်မာနိုင်ငံကို အကျိုးရှိစေမည့် အသိပညာ ဗဟုသုတနှင့် ကျွမ်းကျင်မှုများကို ရေရှည် မျှဝေ လာနေခြင်းဖြစ်ပြီး BRI သည် ဖွံ့ဖြိုးမှု သင်ယူစဉ်ကာလ၌ အချိန်နှင့်ငွေများ ရင်းနှီးမြှုပ်နှံစရာမလိုဘဲ ရေရှည် ဖွံဖြိုးမှုအတွက် ဖားခုန်နည်းပုံစံဖြင့် ကူညီနိုင်မှာ ဖြစ်ပါသည်။
ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အခွင့်အရေးများ ပေးနေသည့် BRI စီမံကိန်းသည် မြန်မာနိုင်ငံအတွက် အဓိပ္ပါယ်ရှိ ပါသည်။ မြန်မာအနေဖြင့် နည်းပညာ ချို့ယွင်းချက်များကို ရင်ဆိုင်နိုင်ရန် အကူအညီ အထောက်အပံ့များ ရယူ ပြီး အစွမ်းကုန် ကြိုးစားရန် စွမ်းရည်များ ဖြည့်ဆည်းထားရမှာ ဖြစ်သည်။