ကေအဲန်ယူ တရားသူကြီးချုပ်နှင့် တွေ့ဆုံခြင်း (အပိုင်း ၂)

ကေအဲန်ယူ တရားသူကြီးချုပ်နှင့် တွေ့ဆုံခြင်း (အပိုင်း ၂)

“ကော်သူးလေရဲ့ တရားစီရင်ရေးက လက်ခံယုံကြည်မှုများတယ်။ ကျမတို့ အချိန်ကို အလဟသ မဖြုန်းပစ် ဘူး။ ကျမတို့ လာဘ်စားမှုမရှိဘူး။”

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ ဌာန ၁၄ ခုအနက် တစ်ခုဖြစ်သော တရားရေး ဌာန၏ ဖွဲ့စည်းပုံအဆင့်ဆင့်၊ လုပ်ဆောင်ချက်၊ လတ်တလော တရားစီရင်မှုတွင် ကြုံတွေ့ရသည့် အခက် အခဲနှင့် စိန်ခေါ်မှုများကို ဗဟိုတရားသူကြီးချုပ်ဖြစ်သူ ပဒိုနော်မြိုင်ဖိုးကို ကေအိုင်စီမှ သီးသန့် တွေ့ဆုံမေးထားသည်။

မေး။ ။ ကေအဲန်ယူ တရားရေးဌာနရဲ့ ဖွဲ့စည်းပုံက ဘယ်လိုရှိပြီးတော့ လုပ်ငန်းလုပ်ဆောင်မှုတွေက ဘာတွေလဲ။

ပဒိုနော်မြိုင်ဖိုး ။ ။ ကျမတို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးရဲ့ တရားရေးဆိုင်ရာ ဖွဲ့စည်းထားပုံက အဆင့် ၄ ဆင့် ရှိပါတယ်။ ကျေးရွာအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်နဲ့ ဗဟိုအဆင့်အထိပေါ့။ အဲဒါကြောင့် အောက်ခြေ ကျေးရွာအဆင့် တရားစီရင်ရေးမှာ ငွေသားဆိုရင် မြန်မာငွေနဲ့ ကျပ် ၅ သောင်းအထိပဲ ဆုံးဖြတ်လို့ရတယ်။ ၅ သောင်းအထက်ကျော်လွန်သွားရင်တော့ ကျေးရွာအဆင့် ရွာသူကြီးက စီရင်ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ အဲဒါကြောင့် မြို့နယ်အဆင့်ကို တက်ရမယ်။ မြို့နယ်ဆိုလည်းပဲ အဲလိုပါပဲ။ သတ်မှတ်ချက်ရှိပါတယ်။ တရားသူကြီးတွေ တရားစီရင်တဲ့အခါမှာ တရားခံက ဘယ်လို ပြစ်မှုမျိုးကို ကျူးလွန်သလဲ။ ထောင်ကျမယ်ဆိုရင်လည်းဘဲ ၃ နှစ်ထက် မပိုစေရဘူး။

ဒီပြစ်မှုက လူသတ်မှုဖြစ်ပါတယ်။ လူသတ်မှုဆိုတာ အနည်းဆုံး ၁ဝ နှစ်ပဲဖြစ်ပါတယ်။ အဲဒါကြောင့် ၁ဝ နှစ်အထိတော့ သူတို့ စီရင်ပိုင်ခွင့်အာဏာမရှိဘူး။ အဲဒါကြောင့် ခရိုင်အဆင့်ကို ပို့ဆောင်သွားရမယ်။ အဲဒါက မြို့နယ် လုပ်ပိုင်ခွင့်မရှိဘူး။ အဲဒီလိုပဲ ခရိုင်အဆင့်မှာဆိုလည်း သေဒဏ်အထိ စီရင်ပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ သတ်ပိုင်ခွင့်မရှိဘူး။ ဒီလူက သေသင့်တယ်ဆိုရင် သူတို့မြင်တယ်။ သတ်ကိုသတ်ရတော့မယ်ဆိုသော်လည်း ဘဲ ဗဟို တရားသူကြီးချုပ်ကို ခွင့်ပြုမိန့်တောင်းခံရမယ်။ တရားသူကြီးချုပ်က ခွင့်ပြုမိန့်ပေးမှသာ သူတို့သတ်ပိုင်ခွင့်ရှိတယ်။ အဲဒါကတော့ ခရိုင်အဆင့် တရားစီရင်မှုဖြစ်ပါတယ်။ ဗဟိုအဆင့်မှာကျတော့ သေဒဏ်ပေးပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့လည်း သေဒဏ်ကျခံရတဲ့သူဘက်က ကျေနပ်မှုမရှိဘူး။ ကျမတို့ကေအဲန်ယူ ဥက္ကဋ္ဌကြီးဆီကို အသနားခံလို့ရတယ်။ ကေအဲန်ယူ ဥက္ကဋ္ဌကြီးရဲ့တာဝန်ကတော့ ဒီအမှုအပေါ်မှာ ပြစ်ဒဏ်လျှော့ပေါ့ပေးနိုင်တယ်။ ဥပမာ သေဒဏ်ကနေ တသက်တကျွန်း ပြစ်ဒဏ်အထိ ပြန်ထားရတယ်။ အသက်မသေရဘူးပေါ့။ တသက်တကျွန်း ပြစ်ဒဏ်ခံရတယ်။ သေဒဏ်ကနေ လွတ်မြောက်သွားတယ်ပေါ့နော်။ အဲဒါ ဥက္ကဋ္ဌကြီးက လုပ်နိုင်တယ်။

မေး။ ။ တရားစီရင်မှုကို ရေးသားချမှတ်တဲ့အပိုင်းမှာဖြစ်စေ၊ တရားစီရင်ဆုံးဖြတ်တဲ့ အဆင့်အထိ ဖြစ်စေ အရင်ကပဲဖြစ်ဖြစ်၊ အခုပဲဖြစ်ဖြစ် ကြုံတွေ့ရတဲ့ အခက်အခဲတွေက ဘာရှိသလဲ။

ပဒိုနော်မြိုင်ဖိုး ။ ။ အစိုးရနဲ့ လက်မှတ်ထိုးပြီးတဲ့နောက်ပိုင်းမှာ အထက်လွှတ်တော်ပဲဖြစ်ဖြစ်၊ အောက်လွှတ် တော်ပဲဖြစ်ဖြစ်၊ ကျမတို့ဆီကို ဝင်လာပြီး စာရေးသားပေးပို့တာတို့၊ ကျမတို့ကို ခါးခါးသီးသီး မပြောသော် လည်းဘဲ ကျမတို့ ကိုယ်ကျမသိတယ်။ ကျမတို့ကို အားမလိုအားမရ ဖြစ်မိကြတယ်။ အဲန်စီအေ ထဲမှာ ရေးထားတာက ဖွံ့ဖြိုးရေးလုပ်ငန်းနဲ့ပတ်သက်ပြီး ကျမတို့အဖွဲ့အစည်းထဲမှာ လုပ်ဆောင်နိုင်တယ်လို့ ပြောဆိုထားသော်ငြားလည်း ကျမတို့ဘက်က စတင်လှုပ်ရှားလာပြီဆိုရင် သူတို့ဘက်က တားမြစ်တာတွေက ပေါ်ပေါက်လာတာပဲ။ ပြည်သူလူထုတွေကနေပြီး ကော်သူးလေ အခြေခံတရားစီရင်ရေးတွေကို နားလည်နိုင်ဖို့ သင်တန်းတွေ၊ အောက်ခြေအဆင့် အသစ်ရွေးကောက်တင်မြောက်လာတဲ့ ခေါင်းဆောင်သစ်တွေက အခြေခံ တရားစီရင်ရေးတွေကို နားလည်နိုင်ဖို့ကို သင်တန်းတွေ လိုက်ပေးတာတောင်မှ ကန့်ကွက်စာတွေ ပေါ်ထွက်လာတာပဲ။

မေး ။ ။ ကေအဲန်ယူနဲ့ အစိုးရတို့ တရားစီရင်ရေးဆိုင်ရာနဲ့ပတ်သက်ပြီး ဘယ်လို ကွာခြားမှုရှိလဲဆိုတာ နည်းနည်းလောက် သုံးသပ်ပေးပါအုံး။

ပဒိုနော်မြိုင်ဖိုး ။ ။ ကျမတို့က ရှေ့နေတွေကို အသုံးမပြုဘူး။ ကျမတို့မှာ ရှေ့နေတွေရှိတယ်။ ကျမတို့မသုံးဘူး။ ဘာကြောင့်လဲဆိုတော့ အရင်တုန်းကဆိုရင် တိုက်ပွဲတွေက ပြင်းထန်တဲ့အတွက် တရားစီရင်ရေးအပိုင်းမှာ ရှေ့နေတွေကို ကျမတို့ အသုံးမပြုဘူး။ မြန်မာအစိုးရကျတော့ ရှေ့နေတွေကို သုံးတယ်။ အမှုအခင်းတစ်ခုဆိုရင် ရှေ့နေတွေကြောင့် အချိန်ကြန့်ကြာတယ်။ ရှေ့နေတွေရဲ့ပြောဆိုမှုတွေကြောင့် တရားသူကြီးက ရှေ့နေနောက်ကိုလိုက်ပြီး အချိန်က ကြာသထက်၊ ကြာတတ်တဲ့အပိုင်းမှာတော့ ကွားခြားမှုရှိတယ်။

မေး။ ။ ကေအဲန်ယူရဲ့တရားစီရင်မှု အဆင့်အတန်းဖြစ်စေ ဒါမှမဟုတ် အစိုးရရဲ့ တရားစီရင်ရေးနဲ့ ရင်ဘောင်တန်းနိုင်တဲ့ အပိုင်းမှာဖြစ်စေ တတ်ကျွမ်းမှုအပိုင်းမှာဘယ်လိုရှိပါသလဲ။

ပဒိုနော်မြိုင်ဖိုး ။ ။ ကျမတို့ တရားစီရင်မှုကတော့ အရင်က ကျမတို့ ထင်တယ်ပေါ့လေ။ ကျမတို့ သင်တန်းတွေများများစားစားမရတဲ့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုသိပ်မရှိဘူး။ မိမိကိုယ်ကိုယ် အားရကျေနပ်မှုမရှိဘူး။ အဲလိုရှိတယ်။ နောက်ဆုံး နိုင်ငံတကာက လေ့လာဆန်းစစ်လိုက်တဲ့အခါမှာ ကျမတို့ တရားစီရင်မှုအဆင့်အတန်းက ပြည်သူတွေရဲ့ လက်ခံယုံကြည်မှုက ၇၄ ရာခိုင်နှုန်းရှိတယ်။ အဲဒါကြောင့် ကျေနပ်စရာဖြစ်စေပါတယ်။

အဲဒါကြောင့် ပြောရမယ်ဆိုရင် ကျမတို့ ကော်သူးလေရဲ့ တရားစီရင်ရေးက လက်ခံယုံကြည်မှုများတယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့ အချိန်ကို အလဟသ မဖြုန်းပစ်ဘူး။ ကျမတို့ လာဘ်စားမှုမရှိဘူး။ အဲဒါကြောင့် ပြည်သူလူထုတွေကလည်းဘဲ ကျမတို့ဆီ ပိုလာရောက်ပြီး အမှုတွေလာတင်ပြတာများတယ်။ ကော်သူးလေရဲ့ တရားစီရင်မှု လမ်းကြောင်းကို သူတို့ ကျေနပ်လက်ခံကြတယ်။ ကျမတို့ဘက်ကတော့ တရားစီရင်မှုလမ်းကြောင်းကို ချမှတ်ထားတာရှိပြီးသားဖြစ်ပါတယ်။ တရားစီရင်မှု အဆင့်ဆင့်တိုင်း တဆင့်ပြီးတဆင့် ဘယ်လိုတက်လှမ်းရမလဲ၊ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာ ကျမတို့ ချမှတ်ထားတာရှိပါတယ်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...