ထိုင်းနိုင်ငံ ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် ကရင်အမျိုးသားကိုယ်စားလှယ်လောင်း စောထီ့ဝါး နှင့် ဆက်သွယ်မေးမြန်းခြင်း

ထိုင်းနိုင်ငံ ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် ကရင်အမျိုးသားကိုယ်စားလှယ်လောင်း စောထီ့ဝါး နှင့် ဆက်သွယ်မေးမြန်းခြင်း

ထိုင်းနိုင်ငံတွင် ၂၀၁၉ခုနှစ်၊ မတ်လ ၂၄ရက်နေ့၌ ကျင်းပပြုလုပ်မည့် တစ်နိုင်ငံလုံး အတိုင်းအတာ ရွေးကောက်ပွဲတွင် ကန်ချနဘူ ရီခရိုင်မှ တိုင်းရင်းသားမျိုးနွယ်စုကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံသူ ပါချာဖိဝပါတီမှ ကရင်အမျိုးသားကိုယ်စား လှယ်လောင်း စောထီ့ဝါး (ခေါ်) နော်လဖွန်ခွန်နန်ဒီနှင့် ကေအိုင်စီက ဆက်သွယ်မေးမြန်းထားချက် ဖြစ်ပါသည်။

“နယ်စပ်မှာရှိတဲ့ ကျနော်တို့ တိုင်းရင်းသားလူမျိုးတွေ ဒုက္ခအခက်အခဲတွေ အများကြီးရှိတယ်။ ကျနော်သာ ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် ဒီပြဿနာနဲ့ အခက်အခဲတွေကို အထက်ကို တင်ပြပေးမယ်။ တိုင်းရင်းသားတွေရဲ့ အခက်အခဲ ပြဿနာတွေကို အစိုးရက သိပြီးဆိုရင် ဖြေရှင်းနိုင်အောင် ကျနော်က တာဝန်ယူပေးမှာ ဖြစ်ပါတယ်။”

ကေအိုင်စီ။ ။ ကိုယ့်ရဲ့ အမည်၊ နေရပ်လိပ်စာ၊ အရွေးခံမယ့် မဲဆန္ဒနယ်နဲ့ သူ့ကိုယ်ရေးအကျဉ်းလေး အရင်ဆုံး ပြောပြပေး ပါလား။

ကျနော် ကျော့ထီ့ဝါ(နော်လဖွန် ခွန်နန်ဒီ -นรพล คงนานดี) အသက် ၄၉နှစ်ပါ။ အဖေက စော(မောင်ကျော်)လှစိန်၊ အမေက နော်မစိန်ရီ။ ထိုင်းနိုင်ငံ စံခလဘူရီမြို့နယ်၊ သနှစ်ထွန့်ရွာမှာ နေပါတယ်။ (Mahachulalongkornrajavidyalaya University) မှာ B.A ဘွဲ့ကို ရရှိခဲ့ပါတယ်။  အရွေးခံမယ့် မဲဆန္ဒ္ဒနယ်ကတော့ စံခလဘူရီ၊ ထောင်ဖာဖူ၊ ဆိုင်ယို့တို့ပဲ ဖြစ်ပါတယ်။ ဒီသုံးမြို့မှာ လူဦးရေစုစုပေါင်း ၈၃,၀၀၀ဦး ရှိပါတယ်။ အဲဒီမြို့နယ်အတွင်းမှာ အရွေးချယ်ခံမယ့် ပါတီ စုစုပေါင်း ၂၆ ပါတီ ရှိတယ်။ ကျနော့်ပါတီရဲ့အမည်ကတော့ ‘ပါချာဖိဝ’ ပါ။ တိုင်းရင်းသားမျိုးနွယ်စုကိုယ်စားလှယ်အဖြစ် ကျနော် ဝင်အရွေးခံမှာ ဖြစ်ပါတယ်။

ကေအိုင်စီ။ ။ အခုလို ဘာ့ကြောင့် ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံရတာပါလဲ။

ဒီရွေးကောက်ပွဲဝင်ရတဲ့ အကြောင်းရင်းကတော့ ထိုင်းနိုင်ငံနယ်စပ်တွေဘက်မှာ ကျနော်တို့ ကရင်လူမျိုးတွေ အများအ ပြား ရှိနေပေမယ့်လည်း ကြည့်ရှုစောင့်ရှောက်မယ့် ခေါင်းဆောင်တခါမှ မရှိသေးဘူး။ ထိုင်းနိုင်ငံမှာ ဒီမိုကရေစီရတာ အနှစ် ၈၀ရှိ ပေမယ့်လည်း ကျနော်တို့ တိုင်းရင်းသား ပြဿနာအခက်အခဲတွေ မဖြေရှင်းနိုင်ခဲ့တာ ကျနော်တို့ တိုင်းရင်းသားလူမျိုးကိုယ်တိုင် ခေါင်းဆောင်မရှိတာလည်း ပါတယ်။ ချမ်းသာတဲ့လူတွေကျတော့ တအားချမ်းသာတယ်။ ဆင်းရဲတဲ့လူတွေကျတော့ တအား ဆင်းရဲတယ်။ ဆင်းရဲတဲ့လူတွေလည်း ရုန်းထနိုင်အောင် ကျနော်တို့တိုင်းရင်းသားကိုယ်တိုင်ခေါင်းဆောင်ဖြစ်ရင် ဒီပြဿနာ အခက်အခဲတွေကို ဖြေရှင်းနိုင်မယ်။

ကေအိုင်စီ ။ ။ ဘယ်ပါတီကနေ ဝင်ရောက်အရွေးခံမှာလဲ။ ကိုယ့်ရဲ့ပါတီ ပေါ်လစီကရော ဘာတွေရှိလဲ။

နံပါတ်(၁) သက်ကြီးရွယ်အိုတွေကို တစ်လ အနည်းဆုံး ထိုင်းဘတ်ငွ ၅၀၀၀ ထောက်ပံ့တာနဲ့ Single Mom အမျိုး သမီးတွေအတွက် တစ်လ ဘတ် ၁၀၀၀၀ ထောက်ပံ့တာ

(၂) ဆေးခြောက်စိုက်ပျိုးတာ [ဆေးခြောက်စိုက်ပျိုးတာက ကျန်းမာရေးမှာ လိုအပ်တဲ့ ဆေးဝါးဖော်ထုတ်ဖို့အတွက်ဖြစ် တယ်။ ဒီဆေးခြောက် စိုက်ပျိုးတာလည်း လူတိုင်းကို စိုက်ပျိုးခွင့်မပေးဘူး။ ဒီဆေးခြောက်ကနေတစ်ဆင့် နိုင်ငံအတွက် ဝင်ငွေ အများကြီးလည်း ရမယ်။ အဲဒီ ရလာတဲ့ငွေတွေကို သက်ကြီးရွယ်အိုနဲ့ Single Mom တွေအတွက် အထောက်အကူပြုမှာပါ။] (၃) ပြည်သူလူထု သုံးစွဲနေတဲ့ Credit Cards အကြွေးတွေကို နည်းလမ်းရှာပြီး ဖြေရှင်းပေးတာ (၄) နယ်စပ်ဒေသရှိ မျိုးနွယ်စုများ၏ မှတ်ပုံတင်ရရှိရေး (ထိုင်းနိုင်ငံအတွင်း မွေးဖွားပြီး မွေးစာရင်းရှိသူ)နဲ့ LGBT တန်းတူညီမျှ အခွင့်အရေးရရှိရေးတို့ပဲ ဖြစ်ပါတယ်။

ကေအိုင်စီ ။ ။ မဲပေးမယ့်သူ (မဲဆန္ဒရှင်)တွေအတွက် ကိုယ့်ဘက်က ဘာတွေလုပ်ဆောင်ပေးသွားမလဲ။

ဒီရွေးကောက်ပွဲ မဝင်ခင်က ကျနော်က ကရင်လူမျိုးတစ်ယောက်ဖြစ်တဲ့အပေါ် ကရင်လူမျိုးနဲ့ သက်ဆိုင်တဲ့ စာပေ ယဉ်ကျေးမှုတွေ လူမှုရေးတွေလည်း ကြိုးစားလုပ်ပေးခဲ့တာတွေလည်း ရှိတယ်။ အဲလိုမျိုး အနည်းအကျဉ်းပဲ လုပ်ပေးနိင်ခဲ့တယ်။ ဒီထက်မက တိုးတက်ပြန့်ပွားအောင် အစွမ်းကုန် ကြိုးစားမယ်။ ဒါကို ချမ်းသာတဲ့ခေါင်းဆောင်တွေလည်း မြင်တွေရပါစေ။ နယ် စပ်မှာရှိတဲ့ ကျနော်တို့ တိုင်းရင်းသားလူမျိုးတွေ ဒုက္ခအခက်အခဲတွေ အများကြီးရှိတယ်။ ကျနော်သာ ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် ဒီပြဿနာနဲ့ အခက်အခဲတွေကို အထက်ကို တင်ပြပေးမယ်။ တိုင်းရင်းသားတွေရဲ့ အခက်အခဲ ပြဿနာတွေကို အစိုးရက သိပြီးဆိုရင် ဖြေရှင်းနိုင်အောင် ကျနော်က တာဝန်ယူပေးမှာ ဖြစ်ပါတယ်။

ကေအိုင်စီ ။ ။ ကိုယ့်မဲဆန္ဒနယ်မှာ ကိုယ်နဲ့အပြိုင် ရွေးကောက်ပွဲအရွေးခံမယ့် အခြားပါတီက ကိုယ်စားလှယ်လောင်း တွေက ဘယ်နှစ်ဦးရှိလဲ။ ဘယ်ပါတီတွေကလဲ။

ကျနော်တို့နဲ့အပြိုင် ရွေးကောက်ပွဲအရွေးခံမယ့် ပါတီက ၂၆ပါတီ ရှိတယ်။ အကုန်လုံးတော့ မမှတ်မိဘူး။ အရင်က နာမည်ကြီးတဲ့ ပါတီတွေကတော့ ပါချာထိပါ၊ ဖတ်ဖူ့ဟ်ထိုင်၊ ဖလန်ပလ်ချာလတ်(အခုလက်ရှိအစိုးရ အသစ်တည်ထောင်လိုက် တဲ့ပါတီ)တွေ အများကြီးပါ။ ပါတီရဲ့ရည်မှန်းချက်တွေတော့ အားလုံး ကောင်းပါတယ်။ ရည်မှန်းချက် ကောင်းပေမယ့်လည်း အဲဒီ ရည်မှန်းချက်အတိုင်း အလုပ်လုပ်မယ့်လူ ရှိပါ့မလား။

ကျနော်ကတော့ တောသားတစ်ယောက်ပါ။ အဲဒီရည်မှန်းချက်တွေကို ခေါင်းဆောင်သာဖြစ်ရင် ကျနော်တို့ တောသူ တောင်သားတွေရဲ့ အခက်အခဲတွေ သိတယ်။ တောသူတောင်သားတွေရဲ့ လူနေမှုဘဝ ပြဿနာအခက်အခဲ ဘာရှိလဲ။ ကျနော် တို့ကိုယ်တိုင် အသိဆုံးပါ။ နာမည်ကြီးတဲ့ ပါတီတွေကျတော့ မြို့ကြီးပြကြီးမှာ နေကြတယ်။ ဒီနယ်စပ်မှာရှိတဲ့ တိုင်းရင်းသားအ ခက်အခဲတွေကို အကုန်သိမှာတော့ မဟုတ်ဘူး။ အဲဒီ ရည်မှန်းချက်တွေနဲ့ ကျနော် ရုန်းထလာပြီး ရွေးကောက်ပွဲ ဝင်အရွေးခံတာ ဖြစ်တယ်။

ကေအိုင်စီ ။ ။ လာမယ့် မတ် ၂၄ရက် ထိုင်းနိုင်ငံရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဝင်အရွေးခံမယ့် ကရင် လူမျိုး ဘယ်နှစ်ဦးလောက် ရှိတယ်လို့ သိထားလဲ။ အမျိုးသမီးတွေကော ပါသလား။

ဒီရွေးကောက်ပွဲမှာ ကျနော့်ပါတီမှာတော့ ကရင်လူမျိုး စုစုပေါင်း ၁၀ယောက်ရှိတယ်။ အခြားပါတီတွေမှာလည်း ရှိသေး တယ်။ အဲဒီအထဲမှာ ကရင်အမျိုးသမီးတွေလည်း ပါတယ်။

ကေအိုင်စီ ။ ။ လက်ရှိ မဲဆွယ်စည်းရုံးမှုတွေ ဘယ်လိုတွေ လုပ်ဆောင်နေတာရှိနေသလဲ ရှင်းပြပေးပါ။

အခု မဲဆွယ်စည်းရုံးရေးကာလဆိုတော့ ကျနော်တို့ ပြည်သူလူထုဆီကို သွားတယ်။ ကျနော်တို့ပါတီရဲ့ ရည်မှန်း ချက်တွေ သူတို့သိရှိဖို့အတွက် သွားပြောပြတယ်။ သူတို့ကြိုက်တဲ့ပါတီ သူတို့မဲပေးပိုင်ခွင့်ရှိတာဆိုတော့ သူတို့ယုံကြည်အားကိုး လို့ရမယ် ခေါင်းဆောင် သူတို့ မဲပေးမှာပေါ့။

ကေအိုင်စီ ။ ။ လောလောဆယ် ကိုယ့်ရဲ့မဲဆန္ဒနယ်ထဲက ကိုယ့်ကို ထောက်ခံမှုအခြေအနေ ဘယ်လောက် ရှိနေသလဲနဲ့ အခြားအခက်အခဲက ဘာတွေရှိသလဲ။

ထောက်ခံမှုအခြေအနေကတော့ အရင်ကတော့ ပိုက်ဆံတတ်နိုင်တဲ့ပါတီတွေကတော့ ငွေကြေးသုံးနိုင်တယ်လေ။ အမှတ်(မဲ)ဝယ်ယူတာပေါ့လေ။ အခုကောင်းလာတာက ကျနော်တို့လို တိုင်းရင်းသားတွေ ပိုက်ဆံမရှိလည်း ဝင်ရွေးခံလို့ရတယ်။ အရင်ကတော့ ပိုက်ဆံမရှိရင် ရွေးကောက်ပွဲ ဝင်အရွေးခံဖို့ အခက်အခဲရှိတယ်။ ကျနော်တို့ပါတီအနေနဲ့ကတော့ မဲဆွယ်စည်းရုံး ရေးဆင်းဖို့အတွက် သွားလာစရိတ်လောက်တော့ ထောက်ပံ့တာလောက်ပဲ ရှိပါတယ်။ ငွေကြေးအမြောက်အများ သုံးစရာမလို တော့ ကျနော်တို့အနေနဲ့ ပေါက်ရောက်အောင် လုပ်ဆောင်နိုင်လိမ့်မယ် ထင်တယ်။ အကယ်၍ ငွေကြေးအမြောက်အများ သုံးရ မယ်ဆိုရင် ပေါက်ရောက်ဖို့က မလွယ်ဘူး။ အတတ်နိုင်ဆုံးတော့ ကြိုးစားပြီး လုပ်ဆောင်မယ်။

ကေအိုင်စီ ။ ။ အထူးသဖြင့် မဲနိုင်ရင် ဘာတွေပြင်ဆင်ထားသလဲ။ သို့မဟုတ် မဲမနိုင်ရင်ကော ဘယ်လိုတွေလုပ်သွားမယ် ဆိုတာတွေ စဉ်းစားထားတာ ရှိသလဲပေါ့။

ကျနော်တစ်ဦးတည်း အလုပ်လုပ်လို့ မရသလို ပါတီရဲ့လမ်းစဉ်အတိုင်း နံပါတ် (1) အခက်အခဲတွေကို တင်ပြရမယ်။ အဲဒီအခက်အခဲတွေကို ပါတီကတစ်ဆင့် အစိုးရထံ တင်ပြရမယ်။ အစိုးရကလည်း လူထုအတွက် အကျိုးပြုတယ်ဆိုရင် အလုပ် ဖြစ်တာပေါ့လေ။ ကျနော်တို့ကတော့ တစ်ဦးတစ်ယောက်တည်းအတွက်ကိုပဲ ကြည့်မှာမဟုတ်ဘူး။ သူတို့ကို ငါးတစ်ကောင်ပဲ ပေးမယ်ဆိုရင် စားလိုက်ရင် ကုန်သွားမှာပဲ။ သူတို့ကို ကွန်ပေးဆိုရင် ငါးကုန်ပေမယ့် ထပ်ပြီး ရှာစားလို့ ရသေးတယ်။ ဥပမာ လူတစ်ဦးဟာ အသိပညာ အတတ်ပညာရှိမယ်။ အလုပ်ကြိုးစားပြီး လုပ်မယ်ဆိုရင် သူ့တစ်ဘဝစာ မပူရဘူးပေါ့။ ဘာမှ မစဉ်း စားဘဲ သူများအကူအညီကိုပဲ စောင့်မယ်ဆိုရင် တိုးတက်ကြီးပွားဖို့ မလွယ်ဘူးပေါ့။ ဒါပေမယ့် စည်းမျဉ်းစည်းကမ်းတော့ ပေးရ မှာပေါ့။ ဒီလို လုပ်ကိုင်စားသောက်နေတာ အခက်အခဲရှိတယ် အစိုးရဘက်က ထုတ်ထားတဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေ က တင်းကြပ်လွန်းရင်လည်း အဲဒီစည်းမျဉ်းစည်းကမ်းတွေ လျော့ကျအောင် စဉ်းစားရမယ်။ အားလုံး အတူတကွ ယှဉ်တွဲနေ ထိုင်အောင် ဘယ်လိုလုပ်ရမလဲ။ စည်းမျဉ်းစည်းကမ်းတွေကိုလိုက်မယ်ဆိုရင် ဒီစည်းမျဉ်းစည်းကမ်းတွေက လူက လုပ်တာဖြစ်တဲ့အတွက် တောဘက်နေတဲ့လူတွေကျတော့ စည်းမျဉ်းစည်းကမ်းတွေ နားမလည်ဘူးလေ။ နားမ လည်တော့ လုပ်စားကိုင်စားတဲ့အချိန်မှာ အမှား ရှိတာပေါ့။ အဲဒီအမှားတွေ မဖြစ်အောင် အကြံဉာဏ်တွေ ပေးရမယ်။

ကေအိုင်စီ ။ ။ ကေအိုင်စီကနေတဆင့် ထိုင်းနဲ့ မြန်မာပြည်က ကရင်ပြည်သူလူထုကို ဘာများ ပြောချင်တာ ရှိသလဲ။

ကျနော်တို့လူမျိုးကတော့ နေရာတော်တော်များမှာ နေကြတယ်။ ထိုင်းဘက်မှာလည်းရှိတယ်။ မြန်မာပြည်တွင်းမှာ လည်း ရှိတယ်။ အခြားနိုင်ငံမှာ သွားတဲ့လူလည်း ရှိတယ်။ ဒါပေမယ့် ကျနော်တို့ ကရင်လူမျိုးဟာ ဘယ်နေရာပဲရောက်ရောက်၊ ဘယ်နေရာပဲနေနေ ချစ်ချစ်ခင်ခင် ဖေးမကူညီကြပါ။ ကိုယ်နေတဲ့နေရာက စည်းမျဉ်းစည်းကမ်းအတိုင်း သင်ယူလေ့လာ နေထိုင် ကြပါ။

ထိုင်းနိုင်ငံတွင် နိုင်ငံရေးပါတီ စုစုပေါင်း ၁၀၄ပါတီ ရှိသည့်အနက် ၂၀၁၉၊ မတ်လ ၂၄ရက် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် မည့် နိုင်ငံရေးပါတီပေါင်း ၄၄ပါတီရှိသည်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...