မွန်နိုင်ငံရေးပါတီ ပေါင်းစည်းခြင်းရေချိန်

မွန်နိုင်ငံရေးပါတီ ပေါင်းစည်းခြင်းရေချိန်
by -
ဂေထော

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ( AMDP) နှင့် မွန်အမျိုးသားပါတီ (MNP) တို့သည် နှစ်ပါတီပေါင်းစည်းရေးအတွက် သဘောတူညီချက်များ ရရှိခဲ့ပြီ ဖြစ်ကြောင်း ဇူလိုင် ၂၁ ရက်တွင် နှစ်ဖက်ပါတီ ထိပ်ပိုင်း ခေါင်းဆောင်များက အတည်ပြုထားသည်။ သို့သော်လည်း လက်ရှိတွင် ရွေးကောက်ပွဲ ကော်မရှင်သို့ တရားဝင် မှတ်ပုံတင်ရန် ဆိုင်းငံ့ထားသော မွန်အမျိုးသား ကိုယ်စားပြု ပါတီနှင့် ပေါင်းစည်းရေး၊ မွန်ပါတီ တစ်ခုတည်း ဖြစ်ရေးစသည့်ကိစ္စတို့၌ ၎င်းတို့ လုပ်ဆောင်နေသည့် နောက်ဆုံး အခြေအနေများကို ဟင်္သာမီဒီယာက တွေ့ဆုံ မေးမြန်းထားမှုများကိုလည်း ပြန်လည် ကောက်နုတ် ဖော်ပြပေးလိုက်ပါသည်။

နိုင်စံတင် (AMDP) - ပေါင်းစည်းထားသော ပါတီသစ်၏ တွဲဖက်အတွင်းရေးမှူး (၂) 

ပေါင်းစည်းရေးအတွက် AMDP နဲ့ MNP က ပေါင်းဖို့အဆင်သင့်ဖြစ်နေပြီ ပေါင်းလည်းပေါင်းနေပြီ ကြားဖြတ်မှာ ပေါင်းစည်းကာလဆိုတာက ကျွန်တော်တို့ပြောတာက သဘောတူညီချက်ကပေါင်းပြီ ဒါပေမယ့်အလုပ်လုပ်ရတာအများကြီးရှိသေးတယ်။

ပါတီစည်းမျဉ်းစည်းကမ်းတွေအလံတွေအမည်တွေတံဆိပ်တွေ အောက်ခြေက ပါတီဝင်တွေ ရှင်းလင်းပွဲတွေလုပ်ရဦးမယ် အဲ့ဒါမတိုင်ခင်မှာ ပြင်ပနိုင်ငံရေးတွေနဲ့အားလုံးပါဝင်နိုင်ရေးကို ပြောထားပြီးသား ပြင်ပနိုင်ငံရေးအင်အားစုတွေနဲ့ပါဝင်စေချင်တယ် ပေါင်းစည်းခြင်းမှာ ပြည်သူလိုလားတဲ့ တစ်ပါတီဖြစ်ရေးဆိုတာကို ဖြစ်စေချင်တယ် ပါဝင်စေချင်တယ်။

ပြီးတဲ့ ဇူလိုင်လ ၂၁ ရက်နေ့ကနေ တစ်လအတောအတွင်းမှာ ပါတီအမည်သတ်မှတ်ရေး ၂လအတောအတွင်း ပြည်သူလူထု၊ ဒေသခံြမို့နယ်ပါတီဝင်တွေကို ရှင်းပြဖို့ရှိတယ် ကြားထဲမှာ ပြင်ပနိုင်ငံရေးအဖွဲ့နဲ့ဆွေးနွေးဖို့ဆိုပြီး ကော်မတီတစ်ရပ်ဖွဲ့တယ် ကိုယ်စားလှယ်ငါးဦးမှာ နိုင်လယိတမ၊နိုင်စံတင်၊ နိုင်ကျန်ရစ်၊နိုင်မောင်မောင်၊နိုင်စိုးမြင့် တို့ဖြစ်တယ်။ 

သူတို့ကို သတင်းပေးထားပြီးသား တရားဝင်စာတွေထုတ်တာတော့ မဟုတ်ဘူးပေါ့ ပြင်ပနိုင်ငံရေးဆိုတာ သူတို့ချည်းပဲမဟုတ်ဘူး NGO၊ CSO တို့ကို တွေ့ဖို့ရှိတယ် သက်ဆိုင်ရာကို သတင်းပေးထားတယ် ဘယ်အချိန်တွေ့မလဲ လာရောက်ဆက်သွယ်ပါ ဒီလောက်ပဲ ရှိတာ။

ပါတီမှတ်ပုံတင်ဥပဒေက နှစ်ပါတီပေါင်းမယ် သဘောတူညီမှုလုပ်မယ် ပေါင်းစည်းခြင်းသွားမယ် နှစ်ဖက်ပါတီရဲ့ဆုံးဖြတ်ချက်လိုမယ် ဥက္ကဋ္ဌ အတွင်းရေးမှုုးတွေ လက်မှတ်ထိုးရမယ် ကတိတစ်ခုတော့ပြုရမယ် နှစ်ပါတီပေါင်းပြီးရင် ဖြစ်လာတဲ့ ပါတီပိုင်ပစ္စည်းတွေပါလို့ကတိကဝတ်ပြုရမယ် အဲ့ဒါပြီးရင် ကော်မတီက လက်ခံမယ် သူတို့လက်ခံမှ ပေါင်းလို့ရတာ လက်ခံပြီးရင် အချိန် တစ်လ နှစ်လ သတ်မှတ်မယ် ခွင့်ပြုရင် မှတ်ပုံတင်အသစ်တင်ရမယ် အမည် ဖွဲ့စည်းပုံအသစ်ရယ် အမည်တို့အလံတို့ အားလုံးပါတယ် စောင့်မယ် ခွင့်ပြုပြီးရင် နှစ်ပါတီ အလိုလိုပျက်လာမယ် 

ထူးခြားချက်တော့မရှိဘူး ဆုံးဖြတ်ချက်အတိုင်း သြဂုတ်လအလယ်မှာ အောက်ခြေပါတီဝင်တွေနဲ့ရှင်းပြဖို့ရှိတယ် အဲ့ဒါကို ဆောင်ရွက်နေတယ်။

နိုင်လယိတမ (MNP) - ပေါင်းစည်းထားသော ပါတီသစ်၏ တွဲဖက်အတွင်းရေးမှူး (၁)

နောက်ဆက်တွဲအနေနဲ့သြဂုတ်နဲ့စက်တင်ဘာနှစ်လအတွင်းမှာ တာဝန်ခွဲဝေပြီးတော့ ကျွန်တော်တို့မြို့နယ်တွေကို နှစ်ပါတီပေါင်းစည်းရေးရှင်းလင်းပွဲလုပ်မယ် နောက်တစ်ခုက ပြင်ပအင်အားစုတွေနဲ့တွေ့ဖို့ကျွန်တော်တို့ အဖွဲ့တစ်ခုဖွဲ့တယ် အဖွဲ့က နှစ်ပါတီပေါင်းပြီးတော့ ပြင်ပအင်အားစုတွေနဲ့ အားလုံးပါဝင်နိုင်ရေးအတွက်ကို ဆက်ဆွေးနွေးသွားဖို့ပေါ့ ကျွန်တော်တို့ဘက်က အဆင်သင့်ဖြစ်နေပြီ အဲ့ဒါ သူတို့ကိုတော့အကြောင်းကြားထားပြီးပြီ ဘယ်နေ့ တွေ့မလဲဆိုတာကို သူတို့အကြောင်းပြန်လာမယ့်ရက်ကို စောင့်နေတာပါ ဒီလတော့ ဖြစ်နိုင်မယ်ထင်တာပဲ ပါတီရဲ့အမည်တစ်ရပ်ကို အတည်ပြုဖို့က အချိန်တစ်လယူပြီးတော့ မြို့နယ်က အောက်ခြေပါတီဝင်တွေကို သဘောထားရယူထားတယ် သြဂုတ် ၂၁ ရက်နေ့ဆို တစ်လပြည့်ပြီ အဲ့နေ့ကျရင် ဝန်းကျင်ပေါ့ ပါတီအမည်သစ်ကို အတည်ပြုနိုင်လိမ့်မယ် အတည်ပြုပြီးတာနဲ့တစ်ဆက်တည်းမှာ ပေါင်းစည်းရေးအခမ်းအနားလုပ်မယ် ပြီးရင် ပါတီမှတ်ပုံတင်ကိစ္စဆက်ဆောင်ရွက်သွားမယ် အခုက နှစ်ပါတီရဲ့သဘောတူညီချက်အရပဲ ပေါင်းစည်းနေကြတယ် ဒါလက်မှတ်ထိုးတယ်လို့ပြောရတယ်ပေါ့ သို့သော်လည်း အများပြည်သူသိအောင် ကျွန်တော်တို့ အခမ်းအနားတစ်ခုလုပ်မယ် အလွတ်သဘောဆွေးနွေးမှာ မဟုတ်တော့ဘူး ဒီငါးဦးက တရားဝင်ကိုယ်စားလှယ်အဖွဲ့ပါ သူတို့ဘယ်လိုဖြစ်သလဲဆိုတာ ကျွန်တော်တို့က အဲ့ဒီအပေါ်မှာ ဆွေးနွေးပြီး တရားဝင်တာဝန်ပေးအပ်ခြင်းခံရတယ် ရှေ့ဆက်တွေ့မှာက တရားဝင်ဆွေးနွေးမယ် အချက်အလက်က ပြင်ပအင်အားစုနဲ့သက်ဆိုင်တယ် သူတို့က ဘာကိုလိုအပ်သလဲ ဘာကိုဘယ်လိုရှိသလဲ ဘာတွေ ဆွေးနွေးတောင်းဆိုလာမလဲဆိုတာ ကျွန်တော်တို့က ဆွေးနွေးသွားမယ်

ဒေါက်တာအောင်နိုင်ဦး (ဒုတိယခေါင်းဆောင်)- မွန်အမျိုးသား ကိုယ်စားပြု ပါတီ တည်ထောင်လိုသူ ၂၁ ဦးအဖွဲ့

ကျွန်တော်တို့ပြီးခဲ့တဲ့ ဇူလိုင် ၆ရက်နေ့မှာ သူတို့နှစ်ပါတီကအဖွဲ့တွေ ကျွန်တော်တို့နဲ့တွေ့ဖို့အတွက်ကို နိုင်တင်အောင်ကနေပြီးတော့ မေလ ၃၀မှာ အောက်ပဲခူးကျောင်းဆရာတော်ကတစ်ဆင့် တွေ့ဆုံညှိနှိုင်းလာတဲ့အတွက် ကျွန်တော်တို့ဘက်က လက်ခံခဲ့တယ် တော်ဝင်ဟသ๎ာဟိုတယ်မှာ တွေ့ဆုံခဲ့တယ် ။

ကျွန်တော်တို့ဘက်က ၅ယောက် သူတို့ဘက်က ၅ယောက် တက်လာတယ် ကျွန်တော်တို့ဘက်က သူတို့ဘက်ကို သဘောထား၊ရပ်တည်ချက်၊ တောင်းဆိုချက်ကို ပြောပြပြီးပြီ အဲ့ထဲမှာ ၃ချက်ရှိတယ် ၁ အဖွဲ့သုံးဖွဲ့က ပူးပေါင်းပြီးတော့ တစ်ပါတီဖြစ်ရေးအတွက် လုပ်ပေးဖို့၊ ၂ ပါတီရဲ့အမည်ကို အားလုံးသဘောတူတဲ့အမည်တစ်ခုရွေးချယ်ပြီးတော့ သတ်မှတ်ဖို့နဲ့ ပါတီရဲ့အခြေခံစည်းမျဉ်းတွေကို ညှိနှိုင်းဆောင်ရွက်သွားဖို့၊ ၃ တစ်လအတွင်းဆောင်ရွက်ပေးဖို့ အဲ့သုံးချက်ကို အတိအကျ ဖော်ပြပြီးပြီ အဲ့တော့ ကျွန်တော်တို့က တစ်လအချိန်ယူဖို့အတွက် ကျွန်တော်တို့က တောင်းဆိုထားတယ် တစ်လအတွက်ကို သူတို့ဘက်က တစ်ခုခုတော့ အကြေင်းပြန်လိမ့်မယ်လို့မျှော်လင့်ထားတယ်။

ဒါပေမဲ့ အခုချိန်ထိတော့ တရားဝင် ကျွန်တော်တို့ဆီမှာရှိတဲ့ အကြီးအကဲ၂ယောက်ပေါ့ နိုင်တလညီနဲ့ကျွန်တော် အဖွဲ့ခေါင်းဆောင်ထံကို တရားဝင် တောင်းဆိုထားတဲ့အပေါ် ဘယ်လိုသဘောထားရှိသလဲဆိုတာကိုတော့ ပြန်ကြားခဲ့ခြင်း ဒီကနေ့အထိ မရှိသေးဘူး နောက်ထပ်တွေ့ဆုံဖို့အတွက် တရားဝင် ကမ်းလှမ်းလာတာလည်း မရောက်သေးဘူး အဲ့ကြောင့် ကျွန်တော်တို့ဘက်က တောင်းဆို၊ တင်ပြပြီးတော့ ဆွေးနွေးခဲ့တဲ့အချက်သုံးချက်ပေါ်မှာ တရားဝင် ဒီကနေ့အထိ ပြန်ကြားခြင်းမရှိဘူး။ 

ကျွန်တော်တို့ဘက်ကပြီးခဲ့တဲ့လ ဇူလိုင် ၆ရက်နေ့သူတို့နဲ့တွေ့ဆုံပွဲမတိုင်ခင်ကတည်းကိုက ၂၁ဦးအဖွဲ့ရော အထက်မှာ အကြံပေးအဖွဲ့ဖြစ်တဲ့ ၂၇ဦး အဖွဲ့ရဲ့သဘောထားကိုက ဇူလိုင် ၆ ရက်နေ့မှာ တွေ့ဆုံပွဲကနေ ရလာတဲ့ရလဒ်အပေါ်မှာ စဉ်းစားချင့်ချိန်ပြီးတော့ မှတ်ပုံတင်မယ့်ကိစ္စကို ယာယီဆိုင်းငံ့ထားတယ် တွေ့ဆုံပွဲကတစ်ဆင့် ထွက်လာတဲ့အဖြေပေါ်မှာ မူတည်ပြီး မှတ်ပုံတင်တဲ့ကိစ္စ အဆင့်ဆင့်ပြန်လည် စဉ်းစားပြီးတော့ လုပ်ဆောင်ဖို့ယာယီဆိုင်းငံ့တဲ့သဘောနဲ့ဆိုင်းငံ့ထားတယ်။

ပြီးတဲ့လ ၆ရက်နေ့ကနေ ဒီကနေ့မကြာခင် တစ်လပြည့်တော့မယ် သူတို့ဘက်က တရားဝင်ပြန်ကြားထားခြင်းလည်းမရှိဘူး ၂၁ဦးအဖွဲ့ကို ညီလာခံကနေ ဆောင်ရွက်ပေးခဲ့တဲ့ အဖွဲ့ရယ်လို့အသိမှတ်ပြုခြင်းမရှိဘူး အဲ့တော့ ကျွန်တော်တို့ကတော့ ကိုယ့်ကတိစကားအတိုင်း တစ်လအထိတော့ စောင့်ကြည့်ပါ့မယ်။

အဲ့တော့ စောင့်ကြည့် လို့မှ သူတို့ဘက်က တရားဝင်အကြောင်းပြန်တာမျိုးမရှိရင်တော့ ၂၁ဦးအဖွဲ့နဲ့ တိုင်ပင်ညှိနှိုင်းပြီး လုပ်သင့်လုပ်ထိုက်တာ ဆက်လုပ်မယ် လာမယ့် ၅ရက်နေ့မှာ တစ်လပြည်တဲ့နေ့ပဲ ပြီးတဲ့လ ၆ရက်က တွေ့တယ် အခုလ ၅ရက်နေ့တစ်လပြည့်တယ် ၅ရက်နေ့မှာ တွေ့ဆုံဆွေးနွေးပွဲကနေ အပြန်အလှန်ဆွေးနွေးညှိနှိုင်းပြီးတော့ တစ်ခုခုတော့ ဆုံးဖြတ်ရမယ် ဆုံးဖြတ်တဲ့အတိုင်းလုပ်ရမှာပေါ့။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 6, 2024
ချင်းပြည်နယ် ထန်တလန်မြို့ရှိ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့တဲ့...
August 6, 2024
“ဒီပုဒ်မ (၄၆) ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ် တွေဆိုင်ရာ အခြေခံမူ တွေအရ ဧရာဝတီ အမျိုး...