ကရင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလင်းထွဋ်နှင့် မေးမြန်းခြင်း

ကရင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလင်းထွဋ်နှင့် မေးမြန်းခြင်း

လတ်တလော ကရင်ပြည်နယ်အတွင်း ရေကြီးမှုအခြေအနေ၊ ကယ်ဆယ်ရေးလုပ်ငန်း အခြေအနေနှင့် ထိခိုက်သေဆုံးမှု အခြေအနေများကို ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလင်းထွဋ်အား ကေအိုင်စီမှ ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။ 

ကေအိုင်စီ။ ။  ကရင်ပြည်နယ်မှာ လက်ရှိရေဘေးသင့်အခြေအနေနဲ့ မြစ်ရေကြီးမှှုအခြေအနေတွေကို ပြောပြပေးပါအုံး။

ဦးလင်းထွဋ်။ ။ အခုချိန်မှာ မြစ်ရေကြီးမှှုအခြေအနေနည်းနည်းပြန်ကျနေပြီး နောက်၂ရက်နေ့မှာဆိုရင်ပြန်ထပ် ကျဖို့ရှိတယ်။ လက်ရှိအချိန်မှာတော့ ကရင်တစ်ပြည်နယ်လုံးအတိုင်းအတာရ ဇူလိုင်လ ၂၂ရက်ရက်နေစပြီး ၃၁ရက်နေ့အထိ ရေဘေးသင့်ပြည်သူ သုံးထောင်ကျော်(၃၇၆၉ ၉ ဦး)ရှိတယ်။ အိမ်ထောင်စုကတော့ ၇၆၆၈ စုရှိတယ်။ အဲဒါကတော့ ဖားအံ၊ လှိှုင်းဘွဲ၊ မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်မြို့နယ်က ပြည်သူတွေဖြစ်ပါတယ်။

ကေအိုင်စီ။ ။ ကယ်ဆယ်ရေးစခန်း အခြေအနေကတွေကရော ဘယ်လိုရှိပါသလဲ။

ဦးလင်းထွဋ်။ ။  ကယ်ဆယ်ရေးစခန်းကတော့ တစ်ပြည်နယ်တစ်ခုလုံးမှာဆိုရင် မနေ့ကအထိတော့ စခန်းပေါင်း ၄၉ ခုဖွင့်ထားရတယ်။ ကျနော်တို့အနေနဲ့ ပြည်သူတွေစားသောက်ဖို့အတွက် ဆန်၊ ဆီ၊ ငါးသေတ္တာ၊ ခေါက််ဆွဲခြောက်၊ ကြက်တို့ ထောက်ပံ့ပေးထားတာရှိတယ်။ ဒါကတော့ ကျနော်တို့ဝန်ကြီးဌာနပဲထောက်ပံ့ ထားတယ် ။ စုစုပေါင်း ၆၄၆သိန်းကျော်ထောက်ပံ့ထားတာရှိတယ် ။ ဆက်လက်ထောက်ပံ့ဖို့ရှိပါတယ် ။

ကေအိုင်စီ။ ။ ပြည်နယ်အတိုင်းအတာအရ ရေဘေးကြောင့် ထိခိုက်သေဆုံးတဲ့ အခြေအနေလေးလည်း သိပါရစေ။

ဦးလင်းထွဋ်။ ။ ရေတက်လာတဲ့အတောအတွင်း ရေဘေးကြောင့်သေဆုံးရတဲ့ဦးရေမသိသေးဘူး ။ ဆော့ကစားရင်းနဲ့ ရေနစ်တာတို့ လမ်းဖြတ်ကူးရင်းနဲ့ ရေစီးထဲမျှောပါသွားတာတို့ အဲဒါတွေရှိတယ်။ တချို့သတင်းတွေက မခိုင်မာသေးလို့ ကျနော်တို့ပြန်မေးနေရတယ်။ အခုလောလောဆယ်သိထားတာ နှစ်ယောက်ပဲသိတယ် ။ တချို့က သတင်းမလာပို့သေးဘူး ။ အခုရတဲ့ နှစ်ယောက်က လှိှုင်းဘွဲက လူမှှုကွန်ယက် ပေါ်မှာ သေဆုံးသူတွေ ရှိနေတာ စာရင်းတက်တယ် ။ ကျနော်တို့ အတည်ပြုစာရင်းမလုပ်ရသေးဘူး ။ ကယ်ဆယ်ရေးလုပ်ငန်းတွေကများတော့ အဲဒါတွေသတင်းပို့လို့ မအားတာလည်းရှိတယ်။ မြို့နယ်အတည်ပြုမှ ကျနော်တို့မှာ သတင်းတင်မှာဖြစ်ပါတယ်။ 

ကေအိုင်စီ။ ။ အခု လက်ရှိ ကရင်ပြည်နယ်ရေဘေးတွေအတွက် ကူညီကယ်ဆယ်ရေး အခြေအနေ ဘယ်လိုရှိပါလဲ။

ဦးလင်းထွဋ်။ ။ လက်ရှိက ရေကျပေမယ့်လည်း မိုးကပြတ်တောက်ပြတ်တောက်ရွာတယ်။  မိုးကရှိနေဆဲပဲ။ ပြီးတော့ ကယ်ဆယ်ရေးစခန်းဆက်ရှိနေရင်တော့ ကျနော်တို့က စီစဉ်ရမယ် ။ စေတနာအလှူရှင်တွေကတော့ လာပြီးချိတ်ဆက်တာတော့များလာပြီ။ ရေဘေးသင့်ပြည်သူတွေအတွက်ကို အစိုးရက ဆန်ဝယ်ထား တာအဆင်သင့်ရှိပါတယ်။ ပြီးတော့ ကြက်သွန်၊ အာလူးအစ ဂိုဒေါင်ထဲမှာ စီစဉ်ထားပေးတာရှိတယ်။ အလှူရှင်က လာလှူပြီးလက်ခံထားတာရှိတယ်။  ကျနော်တို့က စောင့်ကြည့်ပြီးလိုအပ်တာ ရှိရင် ဆန်ရိက္ခာပေးဖို့အဆင်သင့်ပါပဲ။ 

ကေအိုင်စီ။ ။ လက်ရှိအခြေအနေထိ ရေဘေးသင့်တဲ့နေရာတွေမှာ ကယ်ဆယ်ရေး လုပ်ငန်းဆက်လက်လုပ်ဆောင်နေရတာ ရှိသေးသလား။

ဦးလင်းထွဋ် ။ ။  ပြည်နယ်အစိုးရကနေပြီး သွားပြီးကယ်ဆယ်ရေးလုပ်ငန်းမှာ လုပ်ပေးနေရပါသေးတယ်။ လိုအပ်တဲ့လှေတွေကလည်း ရန်ကုန်ကနေရောက်လာပါပြီ။ ဒီညနေလည်း အလှူပေးတဲ့လှေတွေထပ်ရောက်လာ တယ်။ အခုချိန်မှာ ဖားအံနဲ့လှိှုင်းဘွဲအတွက်မြို့နယ်၂ ခုကတော့ လှေလုံလောက်မှှုရှိနေပါပြီး။ နောက်ထပ်ရေမတက်လာဘူးဆိုရင် တော်တော်လေး အခြေအနေကောင်းမယ်။

ကေအိုင်စီ။ ။ အချို့ဝေးတဲ့မြို့နယ်တွေမှာ ကယ်ဆယ်ရေးအခြေအနေ ဘယ်လိုစီစဉ်ဆောင်ရွက်ထားတာရှိပါသလဲ။ 

ဦးလင်းထွဋ်။ ။ ဥပမာ ဖာပွန်တို့ အခြားဝေးတဲ့နေရာမှာဆိုရင် သူတို့သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးဌာန ကနေပြီး ရိက္ခာတွေလွှဲပေးထားတယ်။  လူအင်အားနည်းလို့ မြို့နယ်တာဝန်ရှိသူတွေက တာဝန်ယူရတယ်။ ကျန်တဲ့ လူမှှုရေးအဖွဲ့အစည်းတွေ အပါအဝင်ပေါ့။

ကေအိုင်စီ။ ။  ပြည်နယ်မှာ လက်ရှိရေဘေးဆိုးဆိုးဝါးဝါးခံနေရတဲ့ မြို့နယ်တွေက ဘယ်မြို့နယ်တွေဖြစ်မလဲ။

ဦးလင်းထွဋ်။ ။  ရေဘေးဆိုးဆိုးဝါးဝါးခံနေရတဲ့ မြို့နယ်တွေကတော့ ဖားအံနဲ့ လှိှုင်းဘွဲမြို့နယ်တွေက အဆိုးဝါး ဆုံးပဲ။ ဖားအံကပိုများတယ်။ ရေဘေးသင့်ပြည်သူ ၁သောင်းကျော်ရှိတယ်။ ဖားအံက ရွာအပါအဝင် မြို့ထဲမှာကော တစ်ပြိုင်နက်တည်း ခံနေရတယ် ။ ကယ်ဆယ်ရေးစခန်းကထပ်တိုးဖို့တော့ အစီအစဉ် မရှိလောက်တော့ဘူး။ မိုးဇလက ပြောတာက နောက်လာမယ့် နှစ်ရက်ကျရင် ရေကျတော့မယ်ဆိုတော့ အခြေအနေ ကောင်းသွားမှာတော့မှာပါ။

 

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...