လတ်တလော ကရင်ပြည်နယ်အတွင်း ရေကြီးမှုအခြေအနေ၊ ကယ်ဆယ်ရေးလုပ်ငန်း အခြေအနေနှင့် ထိခိုက်သေဆုံးမှု အခြေအနေများကို ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလင်းထွဋ်အား ကေအိုင်စီမှ ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
ကေအိုင်စီ။ ။ ကရင်ပြည်နယ်မှာ လက်ရှိရေဘေးသင့်အခြေအနေနဲ့ မြစ်ရေကြီးမှှုအခြေအနေတွေကို ပြောပြပေးပါအုံး။
ဦးလင်းထွဋ်။ ။ အခုချိန်မှာ မြစ်ရေကြီးမှှုအခြေအနေနည်းနည်းပြန်ကျနေပြီး နောက်၂ရက်နေ့မှာဆိုရင်ပြန်ထပ် ကျဖို့ရှိတယ်။ လက်ရှိအချိန်မှာတော့ ကရင်တစ်ပြည်နယ်လုံးအတိုင်းအတာရ ဇူလိုင်လ ၂၂ရက်ရက်နေစပြီး ၃၁ရက်နေ့အထိ ရေဘေးသင့်ပြည်သူ သုံးထောင်ကျော်(၃၇၆၉ ၉ ဦး)ရှိတယ်။ အိမ်ထောင်စုကတော့ ၇၆၆၈ စုရှိတယ်။ အဲဒါကတော့ ဖားအံ၊ လှိှုင်းဘွဲ၊ မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်မြို့နယ်က ပြည်သူတွေဖြစ်ပါတယ်။
ကေအိုင်စီ။ ။ ကယ်ဆယ်ရေးစခန်း အခြေအနေကတွေကရော ဘယ်လိုရှိပါသလဲ။
ဦးလင်းထွဋ်။ ။ ကယ်ဆယ်ရေးစခန်းကတော့ တစ်ပြည်နယ်တစ်ခုလုံးမှာဆိုရင် မနေ့ကအထိတော့ စခန်းပေါင်း ၄၉ ခုဖွင့်ထားရတယ်။ ကျနော်တို့အနေနဲ့ ပြည်သူတွေစားသောက်ဖို့အတွက် ဆန်၊ ဆီ၊ ငါးသေတ္တာ၊ ခေါက််ဆွဲခြောက်၊ ကြက်တို့ ထောက်ပံ့ပေးထားတာရှိတယ်။ ဒါကတော့ ကျနော်တို့ဝန်ကြီးဌာနပဲထောက်ပံ့ ထားတယ် ။ စုစုပေါင်း ၆၄၆သိန်းကျော်ထောက်ပံ့ထားတာရှိတယ် ။ ဆက်လက်ထောက်ပံ့ဖို့ရှိပါတယ် ။
ကေအိုင်စီ။ ။ ပြည်နယ်အတိုင်းအတာအရ ရေဘေးကြောင့် ထိခိုက်သေဆုံးတဲ့ အခြေအနေလေးလည်း သိပါရစေ။
ဦးလင်းထွဋ်။ ။ ရေတက်လာတဲ့အတောအတွင်း ရေဘေးကြောင့်သေဆုံးရတဲ့ဦးရေမသိသေးဘူး ။ ဆော့ကစားရင်းနဲ့ ရေနစ်တာတို့ လမ်းဖြတ်ကူးရင်းနဲ့ ရေစီးထဲမျှောပါသွားတာတို့ အဲဒါတွေရှိတယ်။ တချို့သတင်းတွေက မခိုင်မာသေးလို့ ကျနော်တို့ပြန်မေးနေရတယ်။ အခုလောလောဆယ်သိထားတာ နှစ်ယောက်ပဲသိတယ် ။ တချို့က သတင်းမလာပို့သေးဘူး ။ အခုရတဲ့ နှစ်ယောက်က လှိှုင်းဘွဲက လူမှှုကွန်ယက် ပေါ်မှာ သေဆုံးသူတွေ ရှိနေတာ စာရင်းတက်တယ် ။ ကျနော်တို့ အတည်ပြုစာရင်းမလုပ်ရသေးဘူး ။ ကယ်ဆယ်ရေးလုပ်ငန်းတွေကများတော့ အဲဒါတွေသတင်းပို့လို့ မအားတာလည်းရှိတယ်။ မြို့နယ်အတည်ပြုမှ ကျနော်တို့မှာ သတင်းတင်မှာဖြစ်ပါတယ်။
ကေအိုင်စီ။ ။ အခု လက်ရှိ ကရင်ပြည်နယ်ရေဘေးတွေအတွက် ကူညီကယ်ဆယ်ရေး အခြေအနေ ဘယ်လိုရှိပါလဲ။
ဦးလင်းထွဋ်။ ။ လက်ရှိက ရေကျပေမယ့်လည်း မိုးကပြတ်တောက်ပြတ်တောက်ရွာတယ်။ မိုးကရှိနေဆဲပဲ။ ပြီးတော့ ကယ်ဆယ်ရေးစခန်းဆက်ရှိနေရင်တော့ ကျနော်တို့က စီစဉ်ရမယ် ။ စေတနာအလှူရှင်တွေကတော့ လာပြီးချိတ်ဆက်တာတော့များလာပြီ။ ရေဘေးသင့်ပြည်သူတွေအတွက်ကို အစိုးရက ဆန်ဝယ်ထား တာအဆင်သင့်ရှိပါတယ်။ ပြီးတော့ ကြက်သွန်၊ အာလူးအစ ဂိုဒေါင်ထဲမှာ စီစဉ်ထားပေးတာရှိတယ်။ အလှူရှင်က လာလှူပြီးလက်ခံထားတာရှိတယ်။ ကျနော်တို့က စောင့်ကြည့်ပြီးလိုအပ်တာ ရှိရင် ဆန်ရိက္ခာပေးဖို့အဆင်သင့်ပါပဲ။
ကေအိုင်စီ။ ။ လက်ရှိအခြေအနေထိ ရေဘေးသင့်တဲ့နေရာတွေမှာ ကယ်ဆယ်ရေး လုပ်ငန်းဆက်လက်လုပ်ဆောင်နေရတာ ရှိသေးသလား။
ဦးလင်းထွဋ် ။ ။ ပြည်နယ်အစိုးရကနေပြီး သွားပြီးကယ်ဆယ်ရေးလုပ်ငန်းမှာ လုပ်ပေးနေရပါသေးတယ်။ လိုအပ်တဲ့လှေတွေကလည်း ရန်ကုန်ကနေရောက်လာပါပြီ။ ဒီညနေလည်း အလှူပေးတဲ့လှေတွေထပ်ရောက်လာ တယ်။ အခုချိန်မှာ ဖားအံနဲ့လှိှုင်းဘွဲအတွက်မြို့နယ်၂ ခုကတော့ လှေလုံလောက်မှှုရှိနေပါပြီး။ နောက်ထပ်ရေမတက်လာဘူးဆိုရင် တော်တော်လေး အခြေအနေကောင်းမယ်။
ကေအိုင်စီ။ ။ အချို့ဝေးတဲ့မြို့နယ်တွေမှာ ကယ်ဆယ်ရေးအခြေအနေ ဘယ်လိုစီစဉ်ဆောင်ရွက်ထားတာရှိပါသလဲ။
ဦးလင်းထွဋ်။ ။ ဥပမာ ဖာပွန်တို့ အခြားဝေးတဲ့နေရာမှာဆိုရင် သူတို့သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးဌာန ကနေပြီး ရိက္ခာတွေလွှဲပေးထားတယ်။ လူအင်အားနည်းလို့ မြို့နယ်တာဝန်ရှိသူတွေက တာဝန်ယူရတယ်။ ကျန်တဲ့ လူမှှုရေးအဖွဲ့အစည်းတွေ အပါအဝင်ပေါ့။
ကေအိုင်စီ။ ။ ပြည်နယ်မှာ လက်ရှိရေဘေးဆိုးဆိုးဝါးဝါးခံနေရတဲ့ မြို့နယ်တွေက ဘယ်မြို့နယ်တွေဖြစ်မလဲ။
ဦးလင်းထွဋ်။ ။ ရေဘေးဆိုးဆိုးဝါးဝါးခံနေရတဲ့ မြို့နယ်တွေကတော့ ဖားအံနဲ့ လှိှုင်းဘွဲမြို့နယ်တွေက အဆိုးဝါး ဆုံးပဲ။ ဖားအံကပိုများတယ်။ ရေဘေးသင့်ပြည်သူ ၁သောင်းကျော်ရှိတယ်။ ဖားအံက ရွာအပါအဝင် မြို့ထဲမှာကော တစ်ပြိုင်နက်တည်း ခံနေရတယ် ။ ကယ်ဆယ်ရေးစခန်းကထပ်တိုးဖို့တော့ အစီအစဉ် မရှိလောက်တော့ဘူး။ မိုးဇလက ပြောတာက နောက်လာမယ့် နှစ်ရက်ကျရင် ရေကျတော့မယ်ဆိုတော့ အခြေအနေ ကောင်းသွားမှာတော့မှာပါ။