မွန်ပြည်နယ်ရဲတပ်ဖွဲ့ကို အကြိမ်ကြိမ် ချီးကျူးဂုဏ်ပြုခွင့်ရလို၏

မွန်ပြည်နယ်ရဲတပ်ဖွဲ့ကို အကြိမ်ကြိမ် ချီးကျူးဂုဏ်ပြုခွင့်ရလို၏

ပြီးခဲ့သော ရက်သတ္တပတ်အတွင်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ဘိန်းဖြူအပါအဝင် စိတ်ကြွမူးယစ်ဆေးပြား တစ်သိန်းခွဲကျော်ဖမ်းမိ၏။ မော်လမြိုင်မြို့အတွက် စံချိန်တင် ပမာဏဟု ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုထား ပါသည်။

ယင်းသည် နိုင်ငံတော်သမ္မတရုံးက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ရဲတပ်ဖွဲ့အား မက်လုံးပေးရန် စီစဉ် နေဆဲကာလတွင် ဖမ်းဆီးခြင်းဖြစ်၍ ဟင်္သာက မှတ်မှတ်သားသားချီးကျူးလို၏။

ထိုသို့ ဖမ်းဆီးမှုမျိုးသည် မွန်တိုင်းရင်း သားလူငယ် ၇၃ ရာခိုင်နှုန်းခန့် မူးယစ်ဆေးဝါးသုံးစွဲနေသည်ဟူသော အရိပ်ဆိုးကြီးကို ရင်ဆိုင်ကျော်ဖြတ်ရန် အားတက်ဖွယ်ရာပင်။

အထူးထင်ရှားစေလိုသည်မှာ ယင်းသို့ ပမာဏများများဖမ်းဆီးရမိမှု၌ မော်လမြိုင်တစ်ခုတည်း ဦးဆောင် မနေဘဲ မွန်ပြည်နယ်ရှိ ကျန် (၉)မြို့နယ်ကပါ အပြိုင်အဆိုင်ဖမ်းဆီးပြကြပါမှ မွန်တိုင်းရင်းသားတို့၏ အနာဂတ်ကို မူးယစ် ဆေးအန္တရာယ်မှ ဆွဲကယ်ထုတ်နိုင်ပါမည့်အကြောင်းဖြစ်ပါသည်။

ထို့ကြောင့် ယခုကဲ့သို့ ပမာဏမျိုးဖမ်းဆီးရမိသည့် သတင်းမျိုးသာမက ငါတို့ပြည်နယ်၌ လက်လီ၊ လက်ကား၊ အချီကြီး ဖြန့်ဖြူးနေသူ၊ နောက်ကွယ်မှ ကြိုးကိုင်သူများအား ဖော်ထုတ်ဖမ်းဆီးလိုက်ပြီဟူသော သတင်း များကို လည်း ဟင်္သာက အလွန့်အလွန်၊ အကြိမ်ကြိမ် ရေးချင်နေပါကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့ထံ အသိပေးလိုပါ၏။

အချုပ်ဆိုရလျှင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ ထူးခြားထင်ရှားသော ခြေလှမ်းများကို ယခုထက်ပို၍ မွန်ပြည်နယ်အတွင်း ဆက်လက်မြင်တွေ့ခွင့်ရလိုကြောင်းနှင့် အကြိမ်ကြိမ်ဝမ်းမြောက်ဝမ်းသာ ချီးကျူး ဂုဏ်ပြု ခွင့်ရနိုင်တော့မည်ဟု ယုံကြည်ထားပါကြောင်း အသိပေးလိုရင်းပင်။

Most read this week

June 19, 2023
ယနေ့ ဇွန်လ ၁၄ ရက်နေ့သည် မိုခါမုန်တိုင်း တိုက်ခတ်သည့် တစ်လ ပြည်နေ့ဖြစ်ပါသည်။ လွန်ခဲ့သည့် မေလ ၁၄...
March 15, 2023
မတ်လ ၈ ရက် International Women Day 2023 နေ့အတွက် အထိမ်းအမှတ်အဖြစ် ဗြိတိန်နိုင်ငံက ထုတ်ဝေတဲ့...
March 15, 2023
လူသားအကျိုးပြုလုပ်ငန်းများဆိုင်ရာ ပရဟိတဒေါက်တာဘွဲ့ ရရှိသူ ဦးမင်းထည်ဝါနှင့် တွေ့ဆုံမေးမြန်းခြင်း...
March 9, 2023
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ရခိုင်အမျိုးသမီးအချို့၏အမြင်များ ယနေ့ မတ်လ ၈ ရက်မှာ...