Published
Monday, May 14, 2018
မြန်မာဘာသာ အစီအစဉ် (မေလ ၁၃၊ ၂၀၁၈)
လူဦးရေ ၅ ထောင်ကျော် ခိုလှုံနေရဆဲဖြစ်တဲ့ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ထဲက မြိုင်ကြီးငူ စစ်ဘေးရှောင်စခန်းမှာ မိုးဦးကျကာလ အိမ်အမိုးအကာတွေ လုံလောက်မှုမရှိတဲ့အတွက် ကူညီထောက်ပံ့ပေးမှုတွေ လိုအပ်နေပါတယ်။
မွန်ပြည်နယ်အစိုးရက ယာယီစမ်းသပ်လည်ပတ်ခွင့်ပြုထားတဲ့ ခနောက်စိမ်း သန့်စင်စက်ရုံတွေကို ပြန်လည်ရပ်ဆိုင်းပေးဖို့ ဒေသခံတွေက တောင်းဆိုကြပါတယ်။
ကယားပြည်နယ်မှာတော့ ဒေသခံတွေ ရိုးရာဓလေ့ကျင်းပကြရာမှာအသုံးပြုတဲ့ မြေတွေကို ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ပိုင်ဆိုင်ခွင့်၊ လုပ်ပိုင်ခွင့်ပုံစံတွေ လျှောက်ထားရာမှာ ခက်ခဲမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။