လွိုင်ကော်မြို့ထဲ ဝင်ရောက်လာသူတွေရဲ့ ငွေလွဲအ‌ကောင့်တွေကို စစ်ကောင်စီ စစ်ဆေး၊ ဖမ်းဆီးခံရသူရှိ

လွိုင်ကော်မြို့ထဲ ဝင်ရောက်လာသူတွေရဲ့ ငွေလွဲအ‌ကောင့်တွေကို စစ်ကောင်စီ စစ်ဆေး၊ ဖမ်းဆီးခံရသူရှိ

တခြားဒေသကနေ ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်း ပြန်ဝင်လာတဲ့သူတွေကို စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးမှုတွေပြုလုပ်နေပြီး ငွေလွဲအကောင့်တွေကိုပါ စစ်ဆေးခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Kpay လို အွန်လိုင်း ငွေလွဲအကောင့်ရှိသူတွေကို စစ်ဆေးရာကနေ ဖမ်းဆီခံရသူတွေလည်း ရှိတယ်လို့ မြို့ခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ငွေလွှဲတဲ့ဟာ အဓိကစစ်တယ်။ နောက် ပထမ မိထားတဲ့သူရဲ့ ငွေလွဲထားတဲ့သူစာရင်းတွေနဲ့ ပြန်လိုက်တယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လကတည်းက လွိုင်ကော်မြို့တွင်း အဝင်/အထွက် ပြုလုပ်နေသူတွေကို စစ်ကောင်စီက စစ်ဆေးပြီး မှတ်ပုံတင်နဲ့ သူတို့မှာရှိတဲ့ Tablet ထဲက အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးမှုတွေ လုပ်နေတာပါ။

မတ်လအတွင်းမှာပဲ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဖမ်းခံရတာရှိတယ်လို့ နောက်ထပ် လွိုင်ကော်မြို့ခံ အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

“အရင် ရှေ့ ၃ ပတ်လောက်က ကရင်နီပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ် ၂ အုပ်နဲ့ အမျိုးသားတယောက် ဂိတ်မှာ ဖမ်းမိတယ်။ ပြီးတော့ အရင်ရှေ့ ၂ ပတ်လောက်က တောင်ကြီးကနေ လွိုင်ကော်ပြန်ပြီး ကလေးကျောင်းထားဖို့ အိမ်ထောင်စုစာရင်း ပြန်လုပ်မယ်ဆိုပြီးပြန်တာ လွိုင်ကော်အဝင် ပြည်နယ်အားကစားဝန်းဂိတ်မှာ မှတ်ပုံတင်ကော K pay ကော စစ်ခံရပြီး အမျိုးသမီးတစ်ဦး ဖမ်းမိတာရှိတယ်” လို့ လွိုင်ကော်မြို့ခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

လူထုတွေ အသုံးပြုကြတဲ့ ငွေလွဲအကောင့် တစ်ခုခုကနေ စစ်ဆေးတဲ့အခါ စစ်ကောင်စီရဲ့ စစ်ဆေးတဲ့စက်တွေမှာ အသုံးပြုထားတဲ့ အချက်အလက်တွေ အားလုံးပြန်ပေါ်တယ်လို့ အစစ်ဆေးခံရသူတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာလည်း CDM ဝန်ထမ်းတွေ ပါဝင်တယ်လို့ ဒေသခံတွေက ပြောပေမယ့် အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

April 11, 2025
ရှမ်း-ကရင်နီ နယ်စပ်၊ ဖယ်ခုံမြို့နယ်၊ သိကျိတ်ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီက...
April 10, 2025
ကရင်နီပြည်မှာ ပြီးခဲ့တဲ့ မတ်လ တစ်လအတွင်း ဖမ်းဆီးခံရတဲ့ အရပ်သားပြည်သူ ၂၀ ဦးရှိတယ်လို့ ကရင်နီ...
April 9, 2025
ကရင်နီပြည်၊ ဆိုမိုဖေစိုးလေးမြို့နယ် (ရှားတောမြို့နယ်) က အမှတ် ၂ စစ်ရှောင်စခန်းမှာ...
April 9, 2025
“ကျမကလေးတွေက အဖေမရှိကြဘူး။ သူတို့ မျက်နှာမငယ်ရအောင် အဖေရှိတဲ့သူတွေနဲ့...