ကျောက်မဲမြို့ ပေါက်ကွဲမှု အမြောက်တပ် ခြံစည်းရိုး ၁၀ ပေထက်မနည်းပြိုကျ

ကျောက်မဲမြို့ ပေါက်ကွဲမှု အမြောက်တပ် ခြံစည်းရိုး ၁၀ ပေထက်မနည်းပြိုကျ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ အခြေစိုက် အမြောက်တပ်ရင်းအမှတ် ၃၅၂ ခြံစည်းရိုးအနီး လားရှိုး – ကျောက်မဲ – မန္တလေးလမ်းမ ပေါ် တွင် ပေါက်ကွဲမှု နိုဝင်ဘာ ၂၈ ရက်နေ့ညက ဖြစ်ပွားခဲ့သည်။

၂၀၁၇ ခု နိုဝင်ဘာ ၂၇ ရက် ည ၈ နာရီ ၄၅ မိနစ် အချိန်တွင်ပေါက်ကွဲမှု ဖြစ်ပွားကြောင်း၊ ပေါက်ကွဲမှု အရှိန်ပြင်းထန်သောကြောင့် ဒေသခံများ ထိပ်လန့်ကြကြောင်း၊ သို့သော် တညလုံး ကားလမ်းပိတ်ဆို့ မှုမရှိဘဲ နိုဝင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်းမှ ခဏသာလမ်းပိတ်ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

“ကျနော်တို့ သွားလေ့လာကြည့်တယ်။ အတွင်းကနေ အပြင်ကိုပေါက်ကွဲတယ်ဆိုတော့ စဉ်းစားစရာ။ သစ်ပင် နဲ့ ခြံစည်းရိုးက အတွင်းက အနေ အပြင်ဘက်ကို ပြိုကြလာတာ လမ်းဘက်ဆီကို” – ဟု ကျောက်မဲမြို့ နေ ဦးစိုင်းကျော် ကပြောသည်။

နိုဝင်ဘာ ၂၈ ရက် နံနက် ၈ နာရီထိုးခါနီးမှ ၁၀ နာရီကျော်အထိ လမ်းယာယီပိတ်ဆို့ကြောင်း၊ ယခု ပုံမှန် သွားလာမှုပြုနေကြကြောင်းဒေသခံများပြောကြားချက်အရသိရသည်။

အခု ပေါက်ကွဲမှုသည် လူထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ သစ်ပင် နှင့် အမြောက်တပ်ခြံစည်းရိုး တခန်းကျော် ပြိုကျသွားခြင်းသာရှိကြောင်း ကျောက်မဲမြို့ရဲဌာန အ သိုင်းအဝိုင်းအက သတင်းဌာနများသို့ ဖြေကြားထားချက်အရသိရသည်။

ပေါက်ကွဲမှု ဖြစ်ပွားစေသည့် လက်သည်လည်း နိုဝင်ဘာ ၂၈ ရက်နေ့ ညနေပိုင်းအထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးပေ။

ကျောက်မဲမြို့နယ်အတွင်းတွင် အစိုးရတပ်မတော် တပ်ရင်း ၃ ရင်းအပြင် အမြောက်တပ်ကဲ့သို့ အခြား သော တိုက်ခိုက်ရေးပံ့ပိုးတပ်များ၊ ရဲတပ်ဖွဲ့များလည်းရှိသည်။ မြို့ပြင်ဘက်ပိုင်းတွင်မူ သျှမ်း လက်နက် ကိုင်တပ် ၂ ဖွဲ့၊ ပလောင်လက်နက်ကိုင်တပ် တဖွဲ့အပြင် ကချင် လက်နက်ကိုင် တပ်များလည်း မြောက်ပိုင်းမဟာမိတ်များနှင့်အတူ ရံဖန်ရံခါ ရောက်ရှိလှုပ်ရှားကြောင်းသိရသည်။

July 5, 2024
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် TNLA ထိန်းချုပ်ထားသည့် စာသင်ကျောင်းများကို ရက်အကန့်အသတ်မရှိ...
July 4, 2024
သျှမ်းပြည် သီပေါမြို့နယ်တွင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် ကုန်ပစ္စည်းဈေးနှုန်းများ...
July 4, 2024
သျှမ်းပြည် မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခ ကို...
July 3, 2024
သျှမ်းပြည် လားရှိုးမြို့ကို ညီနောင်မဟာမိတ်တပ်များက ဝိုင်းရံပိတ်ဆို့လိုက်ပြီး စစ်ကောင်စီတပ်က...