“ ကျနော် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်” -ရှုံးပွဲမရှိ ရိုးရာလက်ဝှေ့ကျော် ဖျံသွေးနှင့်တွေ့ဆုံခြင်း

“ ကျနော် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်” -ရှုံးပွဲမရှိ ရိုးရာလက်ဝှေ့ကျော် ဖျံသွေးနှင့်တွေ့ဆုံခြင်း

မြန်မာလက်ဝှေ့လောကမှာ ယခုတလောနာမည်ရလာနေတဲ့ ရွှေမိုးထိငြိမ်းချမ်းရေးကလပ်မှ ရိုးရာလက်ဝှေ့အား ကစားသမားတစ်ဦးအကြောင်းကိုအနည်းငယ် မိတ်ဆက်ပေးချင်ပါတယ်။ သူကတော့ လက်ဝှေ့ဝါသနာရှင် တွေ အကြားမှာ လူကြိုက်များပြီး ပရိဿတ်အကြိုက် ယှဉ်ပြိုင်ထိုးသတ်နိုင်သူဖြစ်သလို ယနေ့အထိ ရှုံးပွဲမရှိ စံချိန် တင်ထားသူတစ်ဦးလည်းဖြစ်ပါတယ်။

ဒါ့အပြင် ကရင်ပြည်နယ် ရဲ့ဂုဏ်ကိုဆောင်နိုင်ရုံမကပဲ မြန်မာ့ဂုဏ်ဆောင်လည်းဖြစ် ပြည်နယ်လက်ဝှေ့အကျော် အမော်တွေထဲက တစ်ဦးအဖြစ်အများလက်ခံလာသူ “ ဖျံသွေး” ပဲဖြစ်ပါတယ်။ ဖျံသွေး ရဲ့ကစား သမားဘဝ အကြောင်းကို စာဖတ်ပရိ်ဿတ်တွေ သိရှိအောင် ကရင်သတင်းစဉ်မှ ယခုလိုမေးမြန်း ထားပါတယ်။

မေး။ ။ စောဖျံသွေးရဲ့ နာမည်အရင်းနဲ့ မိဘအမည်တွေကို မိတ်ဆက်ပေးပါ။

ဖြေ။ ။ ကျနော်နာမည်အရင်းကတော့ စောအောင်နိုင်ထူးပါ။ အသက်က ၂၂ နှစ်၊ မွေးချင်းမောင်နှမ ၃ ယောက် ရှိပါတယ်။ အဖေကတော့ တခေတ်တစ်ခါတုန်းက ရိုးရာလက်ဝှေ့မှာ နာမည်ရခဲ့တဲ့ “နောင်လုံ ဖျံ” ဖြစ်ပါတယ်။ အမေကတော့ နန်းတင်တင်စန်းဖြစ်ပါတယ်။

မေး။ ။ လက်ဝှေ့လောကထဲကို အသက်ဘယ်နှစ်နှစ်ကတည်းက ၀င်ရောက်ခဲ့တာလဲ။

ဖြေ။ ။ ငယ်ငယ်လေးကတည်းက လက်ဝှေ့ထိုးတာဝါသနာပါခဲ့တယ်။ အဲဒီတုန်းက ကြားပွဲလေးတွေမှာ ထိုး ဖြစ်ပါတယ်။ နောက်တော့ ကျနော်ကျောင်းတက်တာ ပညာရေးဘက်မှာ သိပ်အာရုံမရှိတော့တာက တစ် ကြောင်း လက်ဝှေ့ ထိုးတာဝါသနာ ပါတာကတကြောင်း အဲဒါနဲ့ပဲ ကျနော်အသက် ၁၇ နှစ်လောက်မှာ ပြည် နယ်ပွဲမှာ ထိုးရင်းနဲ့ လက်ဝှေ့ လောက ထဲကို စတင်ဝင်ရောက် လာခြင်းဖြစ်ပါတယ်။ ဒီလောကထဲရောက်ဖို့အတွက်လည်း မိဘတွေကမြေတောင် မြှောက်ပေးပါတယ်။ လက်ဝှေ့စထိုးတုန်းက ငြိမ်းချမ်းရေး ကလပ်(လက်ရှိရွှေမိုးထိ ငြိမ်းချမ်းရေးကလပ်) အနေနဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်း ဖြစ်ပါတယ်။

မေး။ ။ အခုအထိ ပွဲစဉ်ဘယ်နှစ်ပွဲလောက် ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီးပြီလဲ။ ယှဉ်ပြိုင်ထိုးသတ်ခဲ့ ပွဲစဉ်တွေရဲ့ရ လဒ်အခြေအနေကရော ဘယ်လိုပါရှိပါသလဲ။ 

ဖြေ။ ။ ကျနော် နိုင်ငံခြားပွဲစဉ်အပါအဝင် ပွဲစဉ်ပေါင်း ၄၀ ကျော်ပါပြီ။ အနိုင်နဲ့ သရေပွဲစဉ် များပါတယ်။ ကျနော် လက်ဝှေ့သက်တမ်းတစ်လျှောက်မှာ ထိုးပွဲ ၄၅ ပွဲယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ၃၂ ပွဲအနိုင်၊ သရေပွဲ ၁၃ ပွဲနဲ့ ရှုံးပွဲမရှိ ယှဉ်ပြိုင်ထိုးသတ်လာခဲ့ပြီဖြစ်ပါတယ်။

မေး။ ။ ဆုတံဆိပ်တွေအနေနဲ့ကရော လက်ရှိအချိန်အထိ ဘယ်နှစ်ခုလောက် လက်ဝယ်ပိုင်ဆိုင်ထားပြီးပြီလဲ။

ဖြေ။ ။ ဆုတံဆိပ်တွေအနေနဲ့ကတော့ ကရင်ပြည်နယ်အောင်လံဆု ၅ ခု၊ ၂၀၁၅ ခုနှစ်မှာ (၇၁) ကီလိုတန်း မြန်မာပြည်ရွှေခါးပတ်ချန်ပီယံတစ်ခု၊ ၂၀၁၆ ခုနှစ် (၇၁) ကီလိုတန်းမှာပဲ ကမ္ဘာ့ရွှေခါးပတ်ချန်ပီယံဆုတစ်ခု၊ ၂၀၁၇ ခုနှစ် (၆၈) ကီလိုတန်းအတွက် ကမ္ဘာ့ရွှေခါးပတ်ချန်ပီယံတစ်ခု၊ ရိုးရာလက်ဝှေ့ ဂျပန်နိုင်ငံအောင်လံ ၃ ခု အပြင် ၂၀၁၆ ခုနှစ်အတွက် အတိုးတက်ဆုံးအားကစားသမားဆုတွေ ရရှိခဲ့ပါတယ်။

မေး။ ။ နိုင်ငံခြားပွဲစဉ်တွေအနေနဲ့ကရော ဘယ်နှစ်ပွဲယှဉ်ပြိုင်ထိုးသတ်ပြီးပြီလဲ။

ဖြေ။ ။ ကျနော်နိုင်ငံခြားပွဲတွေထိုးဖြစ်ပါတယ်။ ထိုင်းလက်ဝှေ့သမားတွေနဲ့ ပြည်တွင်းပွဲတွေမှာ ထိုးဖြစ်တာ များပါတယ်။ ဒီနှစ်ထဲမှာပဲ ကျနော် ဂျပန်နိုင်ငံက ဖိတ်ခေါ်ကျင်းပတဲ့ရိုးရာလက်ဝှေ့ပြိုင်ပွဲမှာ ၄ ကြိမ် ထိုးသတ် ခဲ့ပြီးပါပြီ။ ဂျပန်နိုင်ငံပွဲစဉ်မှာတော့ ကျနော် ၃ ပွဲနိုင်၊ တစ်ပွဲသရေနဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပါတယ်။ တစ်ခြား နိုင်ငံ တွေမှာတော့ တစ်ပွဲမှသွားရောက်ယှဉ်ပြိုင်ခဲ့ဖူးခြင်း မရှိသေးပါဘူး။

မေး။ ။ ဂျပန်နိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်ရတဲ့အခါ ရိုးရာလက်ဝှေ့ထိုးနေတဲ့ ဂျပန်ကစားတွေရဲ့ အခြေအနေ ကိုရော ဘယ်လိုသုံးသပ်မိပါလဲ။

ဖြေ။ ။ ကျနော်အမြင်ပေါ့နော်။ ဟုတ်ချင်မှလည်းဟုတ်မှာပါ။ သူတို့က ခန္ဓာကိုယ်ကြံ့ခိုင်မှု နည်းနည်းလေး ပျော့တယ်လို့ ခံစားမိတယ်။ ဒါပေမယ့်လည်းသူတို့ အကောင်းဆုံးဖြစ်အောင် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ပညာ ရခဲ့တာကတော့ သူတို့ဆီက ကစားသမားတွေက နေတာထိုင်တာ နည်းစနစ်ကျတာပေါ့နော်။ အစားအသောက် ကအစ နည်းစနစ်တကျနေထိုင် စားသောက်ကြတယ်။ ဒီက ထိုးတာသက်သက်ပဲ အဓိကထားတာပေါ့နော်။ သူတို့ကျတော့ ထိုးတာအပြင် နေထိုင် စားသောက်တာအပြင် ပံ့ပိုးမှုတွေကအစ ကွာခြားမှုလေးတွေရှိတာပေါ့။

မေး။ ။ ဖျံသွေးအနေနဲ့ ရိုးရာလက်ဝှေ့ယှဉ်ပြိုင်ထိုးသတ်တဲ့အခါ ဘယ်လိုစိတ်နှလုံးသွင်းပြီး ယှဉ်ပြိုင်ခဲ့တာလဲ။ လက်ဝှေ့ထိုးလာတဲ့သက်တမ်းတစ်လျှောက်မှာရော ဘယ်လိုအရာတွေက အခက်အခဲတွေဖြစ်စေသလဲ။

ဖြေ။ ။ ကစားသမားတစ်ယောက်နဲ့တစ်ယောက်ကတော့ တူမလား၊ မတူဘူးလားတော့မသိဘူး။ ကျနော် အနေနဲ့ ကတော့ ဒီပွဲကိုထိုးတော့မယ်ဆိုရင် အကောင်းဆုံးဖြစ်အောင်ယှဉ်ပြိုင်မယ်။ ဒါပေမယ့်လည်း စိတ်ထဲ မှာတော့ နိုင်အောင်ယှဉ်ပြိုင်ထိုး သတ်မယ်ဆိုတဲ့စိတ်ကိုတော့ အမြဲထားပါတယ်။ အခက်အခဲကတော့ မပြော တတ်ဘူး။ ကြီးမားတဲ့ အခက်အခဲဆိုတာကလည်း မရှိသေးပါဘူး။ ကျနော်အတွက်ကတော့ အားလုံး ပုံမှန်လေး ပါပဲ။

မေး။ ။ အခုထိယှဉ်ပြိုင်ထိုးသတ်မှုတွေ အောင်မြင်မှုတွေအပေါ်မှာ ကိုယ့်ကိုယ်ကို ဘယ်လောက်ထိ အားရကျေနပ်မှုရှိပြီလဲ။

ဖြေ။ ။ ကျနော်အနေနဲ့ကတော့ အားရကျေနပ်မှုရှိတယ်လို့လည်း မဟုတ်သေးပါဘူး။ လက်ရှိ ကျနော် ၆၉ ကီလိုနဲ့ ရ၀ ကီလိုတန်းတွေမှာ ထိုးပါတယ်။ တစ်ခါတစ်လေ ရ၁ ကီလိုတန်းအထိ ထိုးပါတယ်။ ဒီထက်ကောင်း အောင် ကျနော်ကြိုးစားသွားပါမယ်။ ချန်ပီယံဖြစ်ဖို့ အထိတော့ ရည်မှန်းတာပေါ့နော်။ ဖြစ်လား မဖြစ်လားတော့ မသိသေးဘူးပေါ့။

မေး။ ။ အခုလက်ရှိရော ဘာတွေလုပ်ဆောင်နေတာတွေရှိပါလဲ။

ဖြေ။ ။ ကျနော် အခုလာမယ့် နိုဝင်ဘာလ ရ ရက်နေ့မှာ ကျရောက်မယ့် ကရင်ပြည်နယ်ပွဲမှာ ထိုင်းနိုင်ငံက မွေထိုင်းကစားသမားနဲ့ ယှဉ်ပြိုင််ဖို့ရှိတဲ့အတွက် ထရိန်နင် ပုံမှန်ဆင်းဖြစ်ပါတယ်။ တခြားထွေထူးတော့ ဘာမှ မ ရှိသေးပါဘူး။ ကျနော်အနေနဲ့ ထိုင်းလက်ဝှေ့ကစားသမားတွေနဲ့ ဒီလိုပြည်နယ်ပွဲတွေ နှစ်သစ်ကူးပွဲတွေ ဘုန်းကြီး ပျံပွဲတွေ အထူးသဖြင့် ထိုင်းလက်ဝှေ့သမားတွေနဲ့ ပြည်တွင်းပွဲတွေမှာ ထိုးဖြစ်တာများပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ပရိဿတ်တွေကို ဘာများပြောချင်ပါလဲ။ 

ဖြေ။ ။ အခုလိုအားပေးမှုတွေရှိတဲ့ ပရိဿတ်တွေကို ကျနော်အနေနဲ့ကျေးဇူးတင်တယ်လို့ပြောပါရစေ။ ဒီထက်မကကောင်းအောင်ကြိုးစားသွားပါ့မယ်။ ပရိဿတ်တွေ အနေနဲ့ သက်လုံပိုင်းများများ လေ့ကျင့်ပေးပါလို့ ပြောလာတဲ့အပေါ်မှာ ကျနော်အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။ အခုလိုပရိဿတ် တွေဘက်က အခုလိုထောက်ပြမှုတွေအပေါ်မှာ ကျနော်အများကြီးကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။

October 4, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်/တပ်မဟာ ၅ ၊ လူသောကျေးရွာအုပ်စုအတွင်း၌...
October 4, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ သန်းခေါင်စာရင်းကောက်သည့် စစ်ကောင်စီ...
October 2, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်နှင့် ကျေးရွာများတွင် စစ်ကောင်စီက အောက်တိုဘာ ၁ ရက်နေ့မှစ၍...
October 1, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ သထုံခရိုင်/တပ်မဟာ(၁)၊ ဖားအံမြို့နယ်ထဲရှိ...