သျှမ်းပြည်တိုင်းရင်းသားများ ပြည်နယ်သစ်သဘောထားအပေါ် သျှမ်းခေါင်းဆောင်အချို့၏ အမြင်

သျှမ်းပြည်တိုင်းရင်းသားများ ပြည်နယ်သစ်သဘောထားအပေါ် သျှမ်းခေါင်းဆောင်အချို့၏ အမြင်
by -
သျှမ်းသံတောဆင့်
လတ်တလောကျင်းပနေသည့် ၂၁ ရာစု ပင်လုံညီလာခံတွင် သျှမ်းပြည် အတွင်း နေထိုင်သည့် ၀ ၊ ပအိုဝ်း ၊ တအာင်းပလောင်စသည့် မျိုးနွယ် စုများ က ပြည်နယ်သတ်မှတ်ပေးရေးတောင်းဆိုမှုများရှိနေပြီး သျှမ်းနှင့် အာခါ အများစုနေထိုင်သော မိုင်းလားဒေသကိုလည်း   ကိုယ်ပိုင် အုပ်ချုပ် နယ်မြေ သတ်မှတ်ပေးရေးအတွက် NDAA-ESS  မိုင်းလားတပ်ဖွဲ့က  စာတမ်းများ အသီးသီး တင်သွင်းကြ ပါသည်။  ထို့အပေါ် သျှမ်းခေါင်းဆောင်အချို့၏ အမြင် သဘောထားများအား သျှမ်းသံတော်ဆင့်သတင်းထောက် ယိင်းအုမ်မွေက စုစည်း တင်ဆက်ထားပါသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ( RCSS/SSA ) ငြိမ်းချမ်းရေးဆွေးနွေးရေးကော်မတီအတွင်းရေးမှူး ဒုဗိုလ်မှူးကြီး စိုင်းငင်း ၏ အမြင်

" သူတို့ဘက်ကို ကြည့်ရင်တော့ တောင်းဖို့အခွင့်အရေးရှိပါတယ်။ ရ မရ ဆိုရင်တော့ ကျတော့အမြင်တော့ နံပါတ် ၁ တော့ ပြည်ထောင် စုအစိုးရနဲ့ ပတ်သက်တယ်။ နံပါတ်၂ - ၂၀၀၈ ဖွဲ့စည်းပုံရဲ့စည်းမျဉ်း စည်းကမ်းနဲ့ကိုက်ညီမယ်။ ဒီနှစ်ချက်ကို ကျော်ဖြတ်ရမယ်။ ပြည် နယ်ရဖို့ဆိုတာ အပိုင်းပိုင်းရှိတယ်။ ဒါကြောင့် ကျနော်တို့အဖွဲ့ရဲ့အမြင်တော့ ကျနော်တို့နဲ့တိုက်ရိုက် ပတ်သက်တာမဟုတ်ဘူး။ နောက် ဆုံးအပိုင်းမှ ကျနော်တို့ သျှမ်းပြည်သူတွေနဲ့ ကျနော်တို့နဲ့ ပတ်သက်မှာ ကျနော်တို့ဒီလိုမြင်တာပေါ့နော် ။ အခြေနေတော့ စောင့်ကြည့် ရမယ်ပေါ့နော်။ သူတို့တောင်းတဲ့အပေါ်မှာ ဒီညီလာခံမှာဘယ်လိုမြင်လဲ။ ပြည်ထောင်စုအစိုးရကဘယ်လိုမြင်လဲ။ ပြီးတော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံကိုကော ပြင်နိုင်မှာလား။  ဒါတွေပြင်နိုင်မှ ကျော်ဖြတ်နိုင်မှာ အခန်းကဏ္ဍတွေအရမ်းများတယ်။ ခုတော့ ဒီညီလာခံမှာ ကိုယ့် အဖွဲ့စည်း ရပ်တည်ချက်ဘဲ လာပြောပြရတာ။ သူတို့ကမှတ်တမ်းတင်ရုံဘဲ။ ဘာဆုံးဖြတ်ချက်မှမရှိသေးဘူး။ ကျနော်တို့ ယုံကြည်တာက ရင်တွင်းခံစား ချက်တွေသိရှိရတာပေါ့။ တခြားအဖွဲ့က ဘာရချင်လဲ ဆိုတော့ပေါ့။ ကျနော်တို့သိရတာပေါ့ ။ ကျနော်တို့ပြောချင်တာ လည်းပြောရတာပေါ့ အဲလောက်ပါဘဲ "

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA နာယက  ဗိုလ်ချုပ်ကြီး ဆေထဲန် ၏အမြင်သဘောထား

" ဒါတော့သူတို့တောင်းဖို့အခွင့်အရေးရှိတာပေါ့။ ပြည်နယ်ရဖို့ ဆုံးဖြတ်ဖို့ဆိုတာ လူအများနဲ့ သက်ဆိုင်တယ်။ ကျနော်တို့ဘဲမဟုတ်ဘူး။ လွှတ်တော်လည်းရှိ တာပေါ့။ ပြီးတော့ သျှမ်းပြည်သူတွေ ရှိတယ်။ ပြည်နယ်တစ်ခု တောင်းဖို့ ဆိုတာမလွယ်ဘူး။ သူတို့မှာ လူဦးရေဘယ်လောက်ရှိရမှာလဲ။ သူတို့စည်းရုံး ရမယ်။ ဘာသာစာပေရှိရမယ်။ ဒါတွေရှိတာပေါ့ "

ပြည်ထောင်စု အင်စတီကျု ဒါရိုက်တာ ဦးခွန်စိုင်း၏ အမြင်သဘောထား

" သူတို့လိုချင်သလောက်တောင်းခွင့်ရှိတယ်။ ဒီအခွင့်အရေးကို ကျနော်တို့ ဟန့်တား လို့မရဘူး။ ကန်ဒီ ကတော့ဘယ်လို ပြောလဲဆိုတော့ ခင်ဗျားပြော တာကို ကျနော်သဘောမတူဘူး။ ဒါပေမယ့် ခင်ဗျားပြောခွင့်ရှိတာကို ကျနော်အသက်နဲ့ လဲပြီးတော့မှကာကွယ်သွားမယ် ။တဲ့ သို့သော်လည်း တဖက်က ကျနော်တို့က စဉ်းစားရမှာကဘာလဲဆိုတော့ အခုနစ်နာနေတာက ကျနော်တို့အဓိကလူမျိုးကြီးတွေလည်း နစ်နာတယ်။ သူတို့လည်းနစ်နာတယ် ။အကုန်နစ်နာတယ် ဆိုတာသေချာတယ် ။ သူတို့ဒီလိုတောင်းလာတယ်ဆိုတာက ဘာမှအံ့အားသင့်စရာမရှိဘူး။ သို့သော်လည်းကျနော်တို့စဉ်းစားရမှာက သူတို့ရဲ့အခွင့်အရေး ဘယ်လိုတိုးတက်လာအောင် ကျနော်တို့ ဘယ်လိုလုပ်မှာလဲ ဒီအဓိကပြည်နယ်ကနေခွဲထွက်ချင်းအားဖြင့် တိုးတက်လာမှာလားသို့ မဟုတ် ကျနော်တို့ အားလုံးပြိုင်တူ ဒီကိုယ်ပိုင်ပြဌာန်းခွင့်ကို အရင်ယူပြီး ကျနော်တို့အချင်းချင်း လာပြီးတော့မှ ဝေမျှရင်ပိုပြီးတော့မှကောင်းမှာလား ။ အဲဒီဥစ္စာက ကျနော်တို့အချင်းချင်းဖြေရှင်းရမယ့် ကိစ္စဖြစ်တယ်လို့ ကျနော်မြင်တယ် ။ ဖြေလည်းဖြေရှင်းနိုင်မယ်လို့ ကျနော်ထင်တယ်

မြေရှားသတ္တုစစ်ယူသည့် အက်ဆစ်ရေကန်များ
January 17, 2024
ဆမ်နော် — ကမ္ဘာ့မြေရှားတောင်းဆိုမှုအရ တရုတ်ရဲ့ လိုအပ်မှုအတိုင်း ကချင်မြေရှားတွေကတော့ ဆက်လက်...
March 21, 2023
ရခိုင်ပြည်ထဲက ရထားလမ်းစီမံကိန်းမှာ သံလမ်းမရောက်၊ ရထားမရောက်ဘဲ ခါးပြတ်နေသည့်...
April 27, 2022
“ကျနော်တို့ပြည်နယ်တော့ ပြန်ပြီးငြိမ်းချမ်းမယ်လို့ ထင်တယ်လေ။ မငြိမ်းချမ်းနိုင်တော့ဘူးလား။...
March 28, 2022
“ဒီစစ်အာဏာရှင်တွေနဲ့ ဆွေးနွေးပြီးတိုက်နေလို့ ဘယ်တော့မှအမြစ်ပြတ်မှာ မဟုတ်ဘူး။ စစ်ရေးအရ အပြင်...