မေး- အခုက ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှာ ဦးညီပုက ၀န်ကြီးချုပ် ဖြစ်မယ်ဆိုပီး သတင်းတွေ ထွက်ပေါ်နေပါတယ်။ အဲဒါက မှန်ကန်ပါသလား။
ဖြေ- အဲဒါတွေကတော့ သူတို့ ထင်ကြေးတွေ ပြောတာနေမှာပါ။ ကျွန်တော်တို့ဘက်ကတော့ ဘာမှ ပြောထားတာ မရှိသေးပါ ဘူး။ ဒေါ်နန်းခင်ထွေးမြင့် ပြောတဲ့ အတိုင်းပါဘဲ။ တိုင်းနဲ့ ပြည်နယ်တွေမှာ ကျွန်တော်တို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပီးတော့ အစိုးရဖွဲ့မယ်။ အဲဒီ အစိုးရအဖွဲ့ထဲမှာလည်း ၀န်ကြီးချုပ်က ကျွန်တော်တို့ အဖွဲ့ဝင်ထဲကဘဲ ခန့်ထားမယ်ဆိုတာ ဒေါ်နန်းခင်ထွေးမြင့် ပြောပြီးပါပြီ။
မေး- ဟုတ်ကဲ့။ အဲဒီတော့လေ NLD ပါတီ နဲ့ ANP ပါတီ တို့ ရခိုင်ပြည်နယ် အစိုးရဖွဲ့စည်းရေး ကိစ္စမှာ ဆွေးနွေးတိုင်ပင် ညှိနှိုင်းတာတွေကော ရှိပါလား။
ဖြေ- မရှိသေးပါဘူး။
မေး- ဆွေးနွေးဖို့ အစီအစဉ်ရှိပါလား။
ဖြေ- အဲဒါတွေကတော့ ဟို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗဟို အလုပ်အမှုဆောင် ရဲ့ ဆုံးဖြတ်ချက်အတိုင်း ကျွန်တော်တို့ လုပ်မှာပါ။
မေး- ဟုတ်ကဲ့။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အမည်စာရင်းကို ဘယ်နေ့လောက် သိရပါမလဲ။ ဘယ်နေ့လောက် ကျေညာပါ့မလဲ။
ဖြေ- အဲသလို သတ်မှတ်ထားတာ မရှိသေးပါဘူး။ ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ဆွေးနွေးရအုံးမှာပါ။
မေး- အခုကလေ၊ ဒီရခိုင်ပြည်နယ် အစိုးရဖွဲ့စည်းမယ့် အထဲမှာ ANP ပါတီကလည်း ရခိုင်ပြည်နယ်မှာ နေရာ အတော်များများ နိုင်ထားတော့ ANP ပါတီက ၀န်ကြီးတွေဘာတွေ ဖြစ်လာနိုင်တဲ့ အနေအထား ရှိပါသလား။
ဖြေ- အဲဒါကတော့ စောစောက ပြောထားသလိုပါဘဲ။ ဒေါ်အောင်ဆန်းစုကြည် က ဒီအစိုးရဖွဲ့စည်းရေးနဲ့ တွေနဲ့ ပတ်သက် လို့ ပြောထားတာတွေ ရှိပါတယ်။ သူ ညှိနှိုင်းတိုင်ပင် လုပ်မယ် ဆိုတဲ့ဟာမျိုးတွေ ပြောထားပါတယ်။ အဲဒါကြောင့်မို့လို့ ဘဲ ဒေါ်ဆောင်ဆန်းစုကြည်နဲ့ ကျွန်တော်တို့ တွေ့ပြီးမှဘဲ သူ့အဆုံးအဖြတ်ပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ ပြောလို့ ရမှာ ဖြစ်ပါတယ်။
မေး- ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးညီပုတို့ ဘယ်တော့လောက်တွေ့မယ်လို့ ခန့်မှန်းထားပါသလဲ။
ဖြေ- ကျွန်တော်တို့ ဟို သတ်မှတ်ထားတာတော့ မရှိသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ပုံမှန်ကတော့ ဗဟိုအလုပ်အမှုဆောင် အစည်းကတော့ တစ်လ နှစ်ကြိမ် လုပ်နေတာတော့ ရှိပါတယ်။ အဲဒါတော့ အနည်းဆုံးတော့ တွေ့ဖြစ်မှာပါ။ ကြားထဲမှာ အရေးကြီးရင် ကြီးသလို တွေ့ကောင်း တွေ့နိုင်ပါတယ်။
မေး- ကျွန်တော်တို့ကြားရတာကတော့ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ထဲမှာ ပါနိုင်မယ့်သူတွေ၊ NLD ရော၊ ANP ပါတီကရော ပါနိုင်တဲ့သူတွေကို ဦးညီပု က နေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးနေတယ်လို့ ကြားရပါတယ်။ အဲဒါတွေကကော မှန်ပါသလား။
ဖြေ- အဲဒါတွေကတော့ ကျွန်တော်တို့ ကြိုတင်ပြီးတော့ ဟို လေ့လာနေပါတယ်။ ဘယ်လို လူမျိုးတွေ ကျွန်တော်တို့ အထဲထဲမှာ ပါ၀င်နိုင်မလဲ။ အဲသလို လူတွေရဲ့ အရည်အချင်းတွေ ဘာတွေလဲဆိုတာ ကျွန်တော်တို့ လေ့နေပါတယ်။
(ပြီး)
(ဤတွေ့ဆုံ မေးမြန်းမှုအား နိရဥ္စရာမှ ကိုခိုင်မြတ်ကျော်က ၂၀၁၆ ဇန်နဝါရီ ၁၈ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ထားခြင်း ဖြစ်ပါ သည်။)