၎င်းနဲ့အတူ လူအယောက်၂၀ ခန့် မထည့်ရကြောင်းသိရသည်။
တိုင်းလိုင်ရှမ်းနီ အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဗဟိုကော်မတီဝင် ဒေါ်ခင်စိန်မြင့်တို့ မိသားစုတွင်လည်း အလားတူဖြစ်ရပ်မျိုးကြံုတွေ့ခဲ့လို့ ကော်မရှင်ကိုတင်ပြလိုက်သောကြောင့် မဲလေးပုံး ထည့်ခွင့်ရခဲ့ကြောင်းသိရသည်။
ကချင်ပြည်နယ်မှာ ကချင်တိုင်းရင်းသား၊ ရှမ်းတိုင်းရင်းသား၊ ဗမာတိုင်းရင်းသား တစ်ခုခုတော့ထည့်ရမယ်လေ ဟု တိုင်းလိုင်ရှမ်းနီ အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီက ကချင်ပြည်နယ် ရှမ်းတိုင်းရင်း သားရေးရာ ကိုယ်စားလှယ်လောင်း ဦးကျော်ဦး ကပြောသည်။
အလားတူ ဖားကန့်ဘက်တွင်လည်း မဲပုံးသုံးပုံးသာ ထည့်ရသည့်ကိစ္စဖြစ်နေသည်ဟု ဖားကန့်မြို့နယ် ရှမ်းနီ ပါတီဥက္ကဌ ကိုခင်မောင်လွင် ကပြောပါသည်။
မဲပုံးသုံးပုံးပဲ ထည့်ရတဲ့ကိစ္စ ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးမောင်မောင်ကွန်း ကတော့ မနေ့ကပြောရင်လုပ်လို့ရပေမယ့် ဒီကနေ့တော့ ဘာမှ လုပ်လို့မရတော့ဘူးလို့ပြောသည်။
ကချင်ပြည်နယ်တွင် လီဆူ ရဝမ် ရှမ်း နှင့် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးကိုသာ မဲထည့်ရမည်ဖြစ် သည်။