" ပယ်မဲပေါင်း ၅၆၇ရှိတယ်။ မနက်၅နာရီခွဲကတည်းကကျွန်တော်တို့ရောက်နေတယ်။ ဒေသကော်မရှင်အတွင်းရေးမှူး ဦးကိုကိိုအောင်လဲရှိတယ်။ မြို့နယ်ကော်မရှင်အတွင်းရေးမှူးဦးကျော်နိုင်ကိုလဲပြောလိုက်ပါတယ်။ဦးကျော်နိုင်ကတော့ ဒါက ကော်မရှင်ရဲ့အပိုင်းလို့ပဲပြောလိုက်တယ်" ဟု ပ.အ.မ.ဖပါတီကိုယ်စားလှယ်လောင်း ဥိးခွန်ဇော်ထွန်းကပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တောင်ကြီးခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်ဦးက မဲရုံဖွင့်ချိန်၆နာရီထက်နောက် ကျတဲ့ ကြိုတင်မဲတွေကိုတော့ပယ်မဲအဖြစ်သတ်မှတ်ရမည်ဖြစ်ကြောင်း၊ သို့ရာတွင် သယ်ယူရန်ခက်ခဲ၍အချိန်အနည်းငယ် နောက်ကျတတ် ရာကြိုတင်မဲပုံးကိုစစ်ဆေးပြီးအနေအထားမပျက်သဖြင့်ပါတီကိုယ်စားလှယ်များ၊ စောင့်ကြည့်လေ့လာသူ များကကျေနပ်လက်ခံလျှင်မူ ဆွေးနွေးညှီနှိုင်းသင့်ကြောင်းပြောသည်။
အဆိုပါမဲရုံတွင် မဲဆန္ဒရှင်ပေါင်း၃၅၆၀ရှိသည်ဟုသတင်းရရှိသည်။