ရေးမြို့နယ်တွင် ရက်ပေါင်း ၁၈၀ အထက် နေထိုင်သော ရွေ့ပြောင်းလုပ်သားများသည် ပုံစံ(၃-က)ဖြင့် လျှောက်ထားသူ ၂၅၀၀ ကျော်မဲပေးခွင့်ရရှိထားသလို စက်တင်ဘာ ၁၄ ရက်မှ ၂၇ ရက်နေ့ နောက်ဆုံး ကြေ ညာခဲ့သော မဲပေးခွင့်ရှိသူ စာရင်းမှာတော့ မဲပေးခွင့်ရှိသူ တစ်သိန်း ငါးသောင်းကျော်ရှိကြောင်း ရေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ပြောသည်။
“အခု လောလောစဉ်တော့ ကျွန်မတို့ဆီကို အောက်တိုဘာ ၂၉ ရက်ကနေ့ ယခု နိုဝင်ဘာ ၂ ရက်နေ့အထိ ကြိုတင်မဲ လာရောက်ပေး တဲ့သူ ၉ ယောက်ရှိတယ်။ဒါက ရပ်/ကျေးကော်မရှင်တွေကနေ တက်လာတဲ့ စာရင်း ပေါ့နော်။ကျန်တာတော့ မသိရသေးဘူး။ဒါက လောလောစဉ် စာရင်းဖြစ်ပါတယ်”ဟု ရေးမြို့နယ် ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ပြောသည်။
စက်တင်ဘာ ၁၄ ရက်မှ ၂၇ ရက်နေ့အထိ နောက်ဆုံး မဲစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တစ် နိုင်ငံလုံး အတိုင်းအတာဖြင့် ကြေညာခဲ့ရာမှာ ရေးမြို့နယ်တွင် မဲပေးခွင့်ရှိသူ (၁၅၆၁၂၆ ဦး)ရှိပြီး ရက်ပေါင်း ၁၈၀ နေထိုင်ကြောင်း ရွေ့ပြောင်း လုပ်သားများမှ ပုံစံ(၃-က)ဖြင့် လျှောက်ထားလာခဲ့ရာမှာ ၂၅၉၂ ဦး မဲပေးခွင့်ရရှိခဲ့ ကြောင်း ရေးမြို့နယ် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံး မှ ပြောသည်။
ရေးမြို့နယ်တွင် ကျေးရွာ အုပ်စုပေါင်း ၃၀ အုပ်စုရှိပြီး ရပ်ကွက်ပေါင်း ၄၄ ရပ်ကွက်ရှိသည့်အတွက် မဲရုံ ၁၁၀ ရုံ ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း ရေးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရုံး မှ ပြောသည်။
မဲပေးခွင့်ရှိသူများအနေဖြင့် မဲပေးခွင့်မဆုံးရှုံးရစေရေးအတွက် သက်သေခံ မဲပေးခွင့် လက်မှတ်များကို နိုဝင်ဘာ ၁ ရက်မှ စတင်ကာ တနိုင်ငံလုံးအတိုင်းအတာဖြင့် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲ ရုံး များမှ ထုတ်ပေးနေသည့်တိုင် ရေးမြို့နယ်တွင် သက်သေခံ လက်မှတ်လာရောက် ထုတ်ယူသူ မရှိသေး ကြောင်း သိရသည်။