တောင်ကြီးမြို့လည်ခေါင် မှ SNLDပါတီမဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခံရ

တောင်ကြီးမြို့လည်ခေါင် မှ SNLDပါတီမဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခံရ
မြဝန်းရံ — ရှမ်းပြည်နယ် တောင်ကြီးမြို့ ဗိုလ်ချုပ်လမ်းပေါ်၌ စိုက်ထူထားသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ မဲဆွယ်ဆိုင်းဘုတ်အား ဖျက်ဆီးစုတ်ဖြဲထားကြောင်း အောက်တိုဘာလ၃၁ရက် မနက်က တွေ့ရှိရသည်ဟု အဆိုပါပါတီ၏ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုင်းလင်းမြတ်ထံမှသတင်းရရှိသည်။

" ကျွန်တော်တို့ ကိုယ်စားလှယ် ၄ယောက်ထဲက ဦးစိုင်းခင်မောင်ညွန့်ပုံပဲ ချန်ပြီးကျန်တဲ့၃ယောက်ရဲ့ပုံတွေအောက်က စာတွေကို ဖျက်ဆီးထားတာ" ဟု ဦးစိုင်းလင်းမြတ်ကပြောသည်။

ထိုသို့ဖျက်ဆီးခံရသည့် အတွက် ပါတီပုံရိပ်မကျသည့်အပြင် ပုံရိပ်ပိုတက်ကာပါတီကို လူပိုသိစေကြောင်း၊နှင့်  ရွေးကောက်ပွဲ ကော်မရှင်ကို အသိပေးမည်ဖြစ်ပြီး အမှုဖွင့်မည်မဟုတ်ဟု ဦးစုုိင်းလင်းမြတ်က ဆုုိသည်။

ထိုသို့ ပါတီဆိုင်းဘုတ် ဖျက်ဆီးခံရကြောင်း သတင်းရရှိသဖြင့် တောင်ကြီးမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ရန်နိုင်ဝင်း ဦးစီးသည့်အဖွဲ့မှ သွားရောက်ကြည့်ရှု မှတ်တမ်းတင်ပြီး ခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်လက်တင်ပြ ထားသည်ဟု နယ်ထိန်းရဲ တပ်ဖွဲ့ထံမှ သတင်းရရှိသည်။

ဦးစိုင်းလင်းမြတ်က " ဘယ်သူ့လုပ်ရပ်လဲမသိချင်တော့ပါဘူး။ ဘာရည်ရွယ်ချက်နဲ့လုပ်လဲတော့စိတ်ဝင်စားတယ်။ပြည် သူဘက်ကရပ်တည်မည်ဆိုတဲ့ဆောင်ပုဒ်က ဘယ်သူ့ကိုထိခိုက်လို့လဲ"ဟု ဆိုသည်။

အလားတူ ပါတီဆိုင်းဘုတ်များ ၄ကြိမ်တိုင်ဖျက်ဆီးခံရသည့် ပြည်ထောင်စု ပအိုဝ်းအမျိုးသားများအဖွဲ့ချုပ်( ပ.အ.မ.ဖ) ပါတီက ၎င်းတို့ပါတီဆိုင်းဘုတ်များ ဖျက်ဆီးခံရသည်ကို ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်သို့လည်းကောင်း၊ ရဲတပ်ဖွဲ့သို့ လည်းကောင်း တင်ပြတိုင်ကြား ထားကြောင်းပါတီ၏ ကိုယ်စားးလှယ်လောင်းများထံမှ သိရသည်။

UNPOပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခွန်ဇော်ထွန်းက ပါတီဆိုင်းဘုတ်များ ဖျက်ဆီးခံရသည့် အတွက် ကော်မရှင်အဆင့် ဆင့်နှင့် မြို့နယ်ရဲမှူးထံသုုိ့ အကြောင်းကြားစာ ပုုိ့ခဲ့ရာ စခန်းမှူးနှင့် နယ်ထိန်းအဖွဲ့က ဖြစ်သည့်နေရာသုုိ့ လုုိက်ကြည့်ကြောင်း သတင်းခန်းသုုိ့ပြောသည်။

“ နောက်ရက်အမှုလာဖွင့်ပါလုုိ့ ပြောလုုိ့ နောက်နေ့အမှုဖွင့်တဲ့အခါကျတော့ ရဲ အရေးမပုုိင်လုုိ့ တရားရုုံးမှာ ဦးတုုိက်လျှောက်ခုုိင်းတယ်။ တရားရုုံးကလည်း တရားခံနာမည် မတပ်နုုိင်ရင် အမှုလက်မခံဘူး ပြောလုုိက်တယ်။ တကယ်ဆုုိရဲအနေနဲ့ ပထမသတင်းပေး တုုိင်ကြားတယ် ဆုုိတာနဲ့ စုုံစမ်းသင့်တယ် ထင်တာပဲ။ ကော်မရှင်ကုုိ သွားပြန်တော့လဲ တိကျတဲ့ အဖြေ မပေးနိုုင်ဘူး ဖြစ်နေတယ်” ဟုု ဦးခွန်ဇော်ထွန်းက ရှင်းပြသည်။

ထုုိသုုိ့ ဆုုိင်းဘုုတ်များ ဖျက်ဆီးခံရခြင်းနှင့် ပတ်သတ်ပြီး တောင်ကြီးခရုုိင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်ဦးက မည်သူမည်ဝါ ပြုလုုပ်သည်ကုုိ သိမှသာကော်မရှင်အနေဖြင့် နှစ်ဦးနှစ်ဖက် ခေါ်ယူကာစေ့စပ်ညှိနှိုင်းရေး ကော်မတီ အဆင့်ဆင့်ဖြင့် စစ်ဆေးညှိနှိုင်းနုုိင်ကြောင်း။ ကော်မရှင် အနေဖြင့် စုုံစမ်းထောက်လှမ်း အရေးယူနုုိင်သည့် အဖွဲ့အစည်းမဟုုတ်ကြောင်း ၊ အကြောင်းကြားစာများသာ လက်ခံထားရုုံတတ်နုုိင်သည်ဟုု ဆုုိသည်။

“ ခုုလုုိကိစ္စက ပါတီအနေနဲ့ ကော်မရှင်ကုုိ အကြောင်းကြားစာ ပုုိ့ထားတာ မမှားပါဘူး။ ကောင်းပါတယ်။ နောက်ပုုိင်း လွှတ်တော် ကုုိယ်စားလှယ်လောင်းတွေက အနုုိင်ရ မဲစာရင်းကြေညာပီးတဲ့အခါမှာ ဘယ်သူက ဘာလုုပ်တယ်ဆုုိတဲ့ဟာ ကန့်ကွက်တဲ့အခါ ဟုုိတုုန်းထဲက တုုိင်ထားတယ်ဆုုိတာ ပေါ်လာမယ်။ နောက်ပုုိင်းကျ တရားခံပေါ်လာနုုိင်တဲ့ အနေအထားရှိနုုိင်တယ်လေ “ ဟုု ဦးတင်ဦးက ရှင်းပြသည်။

၂၀၁၅ရွေးကောက်ပွဲ မဲဆွယ်စည််းရုံးရေး ကာလအတွင်း ပါတီမဲဆွယ်ဆိုင်းဘုတ်များ ဖျက်ဆီးခံရသည့် ဖြစ်ရပ် များ ဖြစ်ပွားခဲ့သော်လည်း တောင်ကြီးမြို့ပေါ်တွင် ပထမဆုံးအကြိမ် ဖြစ််ပွားခြင်းဖြစ်သည်။ ပါတီဆိုင်းဘုတ်များ အလားတူ ထပ်မံဖျက်ဆီးခံ ရခြင်းးမရှိစေရန် ရဲတပ်ဖွဲ့အနေဖြင့် နေ့/ညလှည့်ကင်းများဖြင့် ဆောင်ရွက်သွားမည် ဖြစ််ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သတင်းရရှိသည်။

Most read this week

December 14, 2015
၂၀၁၅အထွေထွေရွေးကောက်ပွဲတွင်ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော်...
December 11, 2015
အနိုင်ရပါတီခေါင်းဆောင်၏ညွန်းကြားချက်ဖြင့် ဒီဇင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင် နိုင်ငံအနှံ...
December 3, 2015
ဒေါက်တာဒေခင်လှက " အန်တီအနေနဲ့ အင်းတိုင်းရင်းသားကိုယ်စားလှယ်မဖြစ်ခဲ့ဖူး၊ မနိုင်ခဲ့ဖူးဆိုပင်မဲ့လည်း...
December 1, 2015
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှမ်းပြည်နယ်အတွင်းရှိ...