အဆုုိပါကြေညာချက်မှာ ဒေသခံ မဲဆန္ဒရှင်များ၏ နုုိင်ငံသား အခွင့်အရေးအား ထည့်သွင်းစဉ်းစားခြင်း မရှိသည့်အတွက် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ပြန်လည်ထုုတ်ပြန်ခဲ့သည်ဟုု ကျားခေါင်းပါတီမှ သတင်းရရှိသည်။ ထုုိ့အပြင် ရွေးကောက်ပွဲ မကျင်းပဖြစ်သည့် နေရာများမှ မဲဆန္ဒရှင်များ အနေဖြင့်လည်း ယခုုကိစ္စနှင့် ပတ်သတ်ပြီး သဘောမတူကြောင်း ကော်မရှင်ထံ လက်မှတ်ထုုိးတင်မည်ဟုု သတင်းရကြောင်း ကျားခေါင်းပါတီမှ ရှမ်းတောင်နှင့် ကယားပြည်နယ် ဥက္ကဌ၊ ပြည်နယ်လွှတ်တော် ကုုိယ်စားလှယ်လောင်း ဦးစုုိင်းခင်မောင်ညွန့်က ရွေးကောက်ပွဲသတင်းခန်းသုုိ့ ပြောသည်။
“ ဖြစ်တဲ့နေရာနဲ့ ရွေးကောက်ပွဲ ကျင်းပမဲ့နေရာနဲ့ မဆုုိင်ဘူးပြောတယ်။ ရွေးကောက်ပွဲကုုိ မထိခုုိက်နုုိင်တဲ့ အနေအထားရှိတယ်လုုိ့ သုုံးသပ်ကြတယ်။ ဒါကြောင့် သက်ဆုုိင်ရာမြို့နယ်တွေက မဲဆန္ဒရှင်တွေက ကော်မရှင်အဆင့်ဆင့်ကုုိ လက်မှတ်ထုုိး တင်ဖုုိ့ လုုပ်နေကြတယ်လုုိ့ သိရတယ်။ ရွေးကောက်ပွဲ မကျင်းပဖြစ်ဘူး ဆုုိတာကုုိ သဘောမတူဘူး ဆုုိပြီးတင်ကြမယ်လုုိ့ သက်ဆုုိင်ရာဒေသက ပါတီအလုုပ်အမှုဆောင် ကော်မတီတွေဆီက သိရတယ်။ ” ဟုု ဦးစုုိင်းခင်မောင်ညွန့်က ဆုုိသည်။
ရှမ်းပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲ မကျင်းပနုုိင်သော မြို့နယ်လေးမြို့နယ်မှာ မုုိင်းရှူး၊ ကျေးသီ၊ တန့်ယန်းနှင့် ဟုုိပန်မြို့နယ်များ ရှိတစ်ချို့ဒေသများတွင် ရွေးကောက်ပွဲ ကျင်းပတော့မည် မဟုုတ်ဟုု UEC က အောက်တုုိဘာ ၂၇ရက်က ထုုတ်ပြန် ကြေငြာ လုုိက်ခြင်း ဖြစ်သည်။
“ ကျွန်တော်တိုု့ ကြားရတဲ့ သတင်းအရ စစ်ဘေးရှောင်တဲ့ လူဦးရေက သုုံးထောင်နဲ့ ငါးထောင်ကြား ရှိတယ်လုုိ့ ကြားတယ်။ ဒီလုုိ အနေအထားမျိူးမှာ ရွေးကောက်ပွဲ လုုပ်မယ်ဆုုိရင် မသင့်တော်ဘူးလုုိ့ ထင်ပါတယ်။ တရားမျှတပြီး လွတ်လပ်တဲ့ရွေးကောက်ပွဲ ဖြစ်မယ်လုုိ့ မထင်ပါဘူး။ နောက်စစ်ပြေးတွေက ကုုိယ့်အသက်လုုပြီး အုုိးပစ်အိမ်ပစ် ပြေးနေရတော့ မဲထည့်ဖုုိ့ စိတ်ဝင်စားကြမှာ မဟုုတ်ပါဘူး။ ဒါကြောင့် ရွေးကောက်ပွဲ မကျင်းပတာက သင့်တော်တယ်လုုိ့ မြင်ပါတယ်” ဟုု ရှမ်းတုုိင်းရင်းသားများ ဒီမုုိကရက်တစ်ပါတီ (SNDP- ကျားဖြူပါတီ) ၏ပြောရေးဆုုိခွင့်ရှိသူ ဦးစုုိင်းလှကျော်က သူ့အမြင်ကုုိ ပြောပြသည်။
ယခုုအချိန်တွင် စစ်ပွဲများ တတ်နုုိင်သလောက် နည်းအောင် လုုပ်မှပဲဖြစ်မည့် အနေအထားဖြစ်ပီး အခုုလုုိ ရပ်ဆုုိင်းလုုိက်သည့် မဲဆန္ဒနယ်များတွင်းရှိ ပြည်သူများအတွက် နစ်နာမှုများရှိကြောင်း နုုိင်ငံရေးပါတီများက မှတ်ချက်ပြုကြသည်။
“ သေသေချချာ ကွင်းဆင်းပြီးမှ သုုံးသပ်စေချင်တယ်။ လွှတ်တော်ကုုိယ်စားလှယ်လောင်းနေရာ ဆုုိလည်း အမျိူးသားလွှတ်တော် နေရာ။ နစ်နာတယ်လေ။ နဂုုိကမှ လွိုင်လင်ခရုုိင်နဲ့ လင်ခေး ခရုုိင်ပေါင်းမှာ အမျိူးသားလွှတ်တော် တစ်ယောက်ပဲ ရတာလေ” ဟုု ရှမ်းပြည်နယ် SNLD မှ ဒေါ်နန်းမြဦးက ကော်မရှင်နှင့် ပတ်သတ်ပြီး သူ့အမြင်ကုုိ ပြောသည်။
ရွေးကောက်ပွဲ ရွှေ့ဆုုိင်းရာတွင် ပြည်နယ်အဆင့် ဖွဲ့စည်းထားသည့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ နှင့်ဆုုံးဖြတ်ပီးမှ အများဆန္ဒဖြင့် ရွှေ့ဆုုိင်းသင့်ကြောင်း ပြည်ထောင်စုု ပအုုိ၀့်အမျိူးသားများပါတီမှ (UNPO) ဦးခွန်ဇော်ထွန်းက ဆုုိသည်။