ရွေးကောက်ပွဲဆိုင်ရာ အချေအတင်စကားဝိုင်းတစ်ခု မြဝတီမြို့၌ကျင်းပပြီးစီး

ရွေးကောက်ပွဲဆိုင်ရာ အချေအတင်စကားဝိုင်းတစ်ခု မြဝတီမြို့၌ကျင်းပပြီးစီး
စအိုင်စူး — ၂၀၁၅ရွေးကောက်ပွဲ၌ နယ်စပ်ဒေသအတွင်း လွတ်လပ်မှန်ကန်စွာ မဲထည့်ပိုင် ခွင့်ကိုပေါ်လွင်စေရန် “နယ်စပ်ဒေသနှင့် လွတ်လပ်မှန်ကန်သောမဲပေးပိုင်ခွင့် ״ ခေါင်းစဉ် ဖြင့် အောက်တိုဘာ ၂၆ ရက်က  ကရင်ပြည်နယ်၊ မြဝတီမြို့၌ အချေအတင်စကားဝိုင်းတစ်ခုကို ကရင်သတင်းစဉ်-KICမှဦးဆောင်ကျင်းပခဲ့သည်။

၎င်းစကားဝိုင်းကို နိုင်ငံတကာမြန်မာ့သတင်း(BNI)၏ ကူညီမှု၊ USAID ၏ ပံ့ပိုးမှုတို့ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဦးဆောင်ဆွေးနွေးသူများအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD မှ မြဝတီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်းဦးစိန်ဗိုလ်၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း နန်းဖြူဖြူဝင်း၊ ကရင်အရပ်ဖက်အဖွဲ့ဝင် နော်အယ်ဖောဝါးနှင့် ဒေသခံမဲဆန္ဒရှင် စောအောင်မြလတ်တို့က အဓိက ပါဝင်ဆွေးနွေးခဲ့သည်။

ဦးစိန်ဗိုလ်က“ ပြည်သူတွေက လွတ်လပ်စွာမဲထည့်ခွင့်ရှိပါတယ်။ ဒါပေမဲ့ အစကတည်းက မဲစားရင်းမှားယွင်း မှုတွေ က တစ်ကြိမ်၊ နှစ်ကြိမ်အထိဖြစ်လာတော့ သံသယတော့ဖြစ်မိတာပေါ့။ မြဝတီခရိုင်မှာက မဲဆန္ဒရှင်တွေ က မြို့ပေါ်မှာများတယ်။ မြို့ပေါ်က လူတွေက အသိပညာရှိတာများတော့ ၅၀ရာခိုင်နှုန်းအထက်တော့ မှန်မှန်ကန်ကန်နဲ့မဲထည့်နိုင်ကြမှာပါ״ ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် ယခုကဲ့သို့ အစီအစဉ်မျိုးသည့် မဲဆန္ဒရှင်ပြည်သူများအား ပညာပေးခြင်းဖြစ်သကဲ့သို့ မဲဆန္ဒရှင်ပြည် သူများအနေဖြင့်လည်း အသိပညာများရရှိကာ ကျင့်ဆောင်ရမည့် ဆောင်ရန်၊ ရှောင်ရန်များကိုနားလည်သဘော ပေါက်သွားမည်ဟုလည်းယုံကြည်မိသည်ဟု ဦးစိန်ဗိုလ်က ဆက်ပြောသည်။

ဦးဆောင်ဆွေးနွေးရာတွင်ပါဝင်ခဲ့သည့် မဲဆန္ဒရှင် စောအောင်မြလတ်က“ ကျွန်တော်တို့ဒေသမှာ ဘာမှပြောင်း လဲမှုမရှိသေးပါဘူး။ ပြည်သူတွေမှာက အသိတရားတွေနဲ့ မနေခဲ့ရပဲနဲ့ အကြောက်တရား တွေနဲ့ပဲ  ထိတွေ့မှုတွေ များခဲ့တော့ အကြောက်တရားတွေနဲ့ပဲ အုပ်ချုပ်လာခဲ့တာ ကိုကလွတ်လပ်စွာ မဲပေးခွင့်အပေါ် ပြည်သူတွေ စိုးရိမ်နေကြတုန်းပဲ״  ဟုအခမ်းအနား၌ ဆွေးနွေးခဲ့သည်။

ထို့အပြင် မှန်ကန်စွာမဲပေးနိုင်အောင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ရွေးကောက်ပွဲအတွက် ပူးပေါင်းပါဝင်မှု အားနည်းသည်ဟု ကျန်ကိုယ်စားလှယ် များ၏ဆွေးနွေးမှု အပေါ်၎င်းတို့မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် တစ်ချိန်လုံး ပူးပေါင်းခဲ့ပြီး အခွင့်အရေးတစ်စုံတရာ မရရှိပဲအဖိနှိပ်ခံနေရကာ ပြည်သူများအနေဖြင့် ပင်ပန်းနေပြီး ဖြစ်ကြောင်းလည်း စောအောင်မြတ်လတ်က ပြန်လည်တုန့်ပြန်ဆွေးနွေး အကြံပြုခဲ့သည်။

အဆိုပါ အချေအတင်စကားဝိုင်း(KIC DEBATE) သို့ ဖိတ်ကြားထားသည့် ပါတီကိုယ် စားလှယ်လောင်းများ၊ ပါတီဝင်များ၊ နယ်စပ်ဒေသမှ အရပ်ဖက်လူမှုအဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ ဒေသခံ စိတ်ပါဝင်စားသူများနှင့် မီဒီယာသမားများစုစုပေါင်း လူဦးရေ ၄၀ နီးပါးတက်ရောက်ခဲ့သည်။

အလာတူ အချေအတင် စကားဝိုင်(KIC DEBATE) ကို စက်တင်ဘာလ ၂၉ရက်တွင်ဖားအံမြို့၌ “၂၀၁၅ရွေးကောက်ပွဲနှင့် နိုင်ငံ ရေးပါတီများ၏ ကတိကဝတ်״ ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည်။

Most read this week

ကရင်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများကွန်ယက်ရုံးခန်း ဖွင့်နေစဉ်
December 24, 2015
ယခင်စစ်အစိုးရလက်ထက်မှ လက်ရှိ ဦးသိန်းစိန်အစိုးရဦးဆောင်သည့် အရပ်သားတစ်ပိုင်းအစိုးရလက်ထက် အထိ...
December 18, 2015
ရွေးကောက်ပွဲ ဥပဒေပုုဒ်မ ၅၈(ခ)သည် ရွေးကောက်မှုဆုုိင်ရာ အခွင့်အရေးကုုိ လွတ်လပ်စွာ...
December 17, 2015
ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း မန်းအောင်ပြည်စိုးက “...
ဒေါက်တာမြင့်စိုး(မြန်မာနိုင်ငံ ဆရာဝန်များအသင်း-ဖားအံအမှုဆောင်)
December 14, 2015
လုပ်ထားပေမဲ့လည်း ဒေါ်စုရဲ့ ပါတီကိုပဲကြည့်ပြီး မဲပေးပါဆိုပြီးတော့ NLDကပဲနိုင်သွားတာပေါ့။...