လူထုုအတွက် ပုုိလုုပ်ပေးနုုိင်မလားလုုိ့ လွှတ်တော်ကုုိယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်သူ

လူထုုအတွက် ပုုိလုုပ်ပေးနုုိင်မလားလုုိ့ လွှတ်တော်ကုုိယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်သူ
မြဝန်းရံ — “ CSO ခေါင်းဆောင်တစ်ယောက် အနေနဲ့ လူထုရဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေ၊ လူထုရဲ့ မြေယာနဲ့ အခွင့်အရေး ဆုံးရှုံးမှုတွေကို ဒေသနေ တိုင်းရင်းသား အားလုံးအတွက် လုပ်ကိုင်ပေးနေခဲ့တာဘဲ။ ပ.အ.မ.ဖ ပါတီကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်ပေးဘို့ အကူအညီ တောင်း လာတော့ ပအိုဝ်းတိုင်းရင်းသားပါတီ ဆိုပေမယ့် ပြည်ထောင်စုဆိုတဲ့ တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုမှု ပါနေတာကိုတွေ့ရတယ်။” လုုိ့ဆုုိတဲ့ ဟုုိပုုန်းမြို့ မဲဆန္ဒနယ်မှာ ၀င်ပြိုင်မဲ့ ပအုုိ၀်းတုုိင်းရင်းသားပါတီက  ဦးဇော်ထွန်း(ခေါ်) ဦးခွန်ဇော် ၊ကုုိ ရွေးကောက်ပွဲ သတင်းခန်း သတင်းထောက် မမြဝန်းရံက တွေ့ဆုုံမေးမြန်းထားပါတယ်။

မေး။        ။ ဗမာတစ်ဦးအနေနဲ့ ပအိုဝ်းတိုင်းရင်းသားပါတီကနေ ဝင်ရောက် ယှဉ်ပြိုင်ရတဲ့ အကြောင်းရင်း သိပါရစေ။

ဖြေ။        ။တို့တွေမှာတော့ လူမျိုးစွဲ၊ ပါတီစွဲတွေ ပြင်းပြင်းထန်ထန် အစွဲကြီးတာမျိုး မရှိပါဘူး။ မူလကလည်း UN, INGO, NGO တွေနဲ့ လူထုအကျိုးပြု ဖွံ့ဖြိုးရေး လုပ်ငန်းတွေ၊ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ခဲ့တော့ အားလုံးကို ခွဲခြားဆက်ဆံတဲ့ အစွဲတွေ အမြင်တွေ မရှိပါဘူး။  

FB IMG 1445851841696CSO ခေါင်းဆောင်တစ်ယောက် အနေနဲ့ လူထုရဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေ၊ လူထုရဲ့ မြေယာနဲ့ အခွင့်အရေး ဆုံးရှုံးမှုတွေကို ဒေသနေ တိုင်းရင်းသား အားလုံးအတွက် လုပ်ကိုင်ပေးနေခဲ့တာဘဲ။ ပ.အ.မ.ဖ ပါတီကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်ပေးဘို့ အကူအညီ တောင်း လာတော့ ပအိုဝ်းတိုင်းရင်းသားပါတီ ဆိုပေမယ့် ပြည်ထောင်စုဆိုတဲ့ တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုမှု ပါနေတာကိုတွေ့ရတယ်။

 ပြီးတော့ ဒေသနေပြည်သူလူထုနဲ့ အများစု ဖြစ်နေတဲ့ ပအိုဝ်းတိုင်းရင်းသားတွေကို ပိုပြီး ကိုယ်စားပြုနိုင်မယ့် ပြည်သူ့ပါတီ စစ်စစ်တစ်ခု ဖြစ်လာလိမ့်မယ်လို့ ယုံကြည်လို့ပါ။

သေချာ ကတိပေးနိုင်တာ တစ်ခုကတော့ လူထုအတွက် ပိုလုပ်ပေးနိုင်မလားလို့ လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ရွေးကောက်ပွဲ ၀င်တာပါ။ လွှတ်တော်ကိုယ်စားလှယ်အဖြစ် မနိုင်ခဲ့တောင်မှ CSO role  ကနေ လူထုအတွက် ဆက်လက်လုပ်ဆောင်ပေးနေမှာပါ။
 
မေး။        ။ NATURAL RESOURCES အတွက် အဓိကလှုပ်ရှားနေတဲ့ CSO တစ်ဦးဖြစ်တဲ့အတွက် လွှတ်တော်ကုုိယ်စားလှယ် ဖြစ်လာရင် ဒီသံယံဇာတ ထုုတ်ယူမှုတွေနဲ့ ပတ်သတ်ပြီး ဘာလုုပ်မယ်လုုိ့ စဉ်းစား ထားပါသလဲ။  

NATURAL RESOURCES နဲ့ သဘာဝပတ်ဝန်းကျင် အတွက်အဓိက လှုပ်ရှားနေတဲ့ CSOတစ်ဦးပါ။ သယံဇာတ တူးဖော်မှု ဆိုင်ရာ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး EITI လုပ်ငန်းတွေ လုပ်ကိုင်ရာမှာ နိုင်ငံရဲ့ ဥပဒေ၊ မူဝါဒ တွေကြောင့် သယံဇာတက ရတဲ့ဝင်ငွေတွေဟာ ပွင့်လင်းမြင်သာမှု မရှိသလို  နိုင်ငံအတွက်လည်း ရသင့်တဲ့ အခွန်ဘဏ္ဍာတွေ မရနေတာတွေ့ရပါတယ်။

 ပြီးတော့ နိုင်ငံတော်ကနေ၊ အစိုးရကနေ လူထုအတွက် လုပ်ပေးနေတဲ့ ၀န်ဆောင်မှု Service Delivery အပိုင်းမှာလည်း သုံးစွဲနေတဲ့ ငွေကြေးနဲ့ လူထုက ရလိုက်တဲ့ ၀န်ဆောင်မှုတွေမှာ ရသင့်သလောက် မရဘဲ ကွာဟနေတာ တွေ့ရပါတယ်။

ဒါတွေအတွက် မူဝါဒပိုင်းဆိုင်ရာ ပြင်ဆင်ရမှာတွေ အများကြီးပါ။ နောက်တစ်ခုက Revenue Sharing အပိုင်းတွေအတွက်၊ ဒါကလည်း CSO ခေါင်းဆောင်အနေနဲ့ဆိုရင် voice ကိုတင်ပြယုံ၊ Statement ထုတ်ယုံလောက်ဘဲ လုပ်လို့ရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ဖြစ်မှ Policy change အထိ လုပ်နိုင်မှာပါ။

မေး။        ။ မဲဆန္ဒနယ်ထဲကပြည်သူတွေရဲ့လိုအပ်ချက်တွေကဘာလဲ။

လိုအပ်ချက်တွေကို ပြောရရင်တော့ အများကြီးပါဘဲ။ အထူးသဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေက လိုအပ်နေတဲ့နေရာတွေ အများကြီးကျန်နေတယ်။ ငါးနှစ်တာကာလရဲ့ ဖွံ့ဖြိုးရေးတွေ လုပ်နိုင်ပါတယ် ပြောနေကြပေမယ့် ငါးပွက်ရာ ငါးစာချ၊ လက်သင့်ရာ စားတော်ခေါ်နေသလိုပါဘဲ။ အဂတိတရားလေးပါး ကင်းဘို့လဲ လိုနေပါသေးတယ်။

လူထုမှာ မြေယာပြသနာတွေ ရှင်းပေးဘို့ အများကြီး ကျန်နေပါသေးတယ်။ စစ်တပ်သိမ်းပြီး ပြန်စွန့်တဲ့မြေတွေ လူထုလက်ထဲမှန်မှန်ကန်ကန်ပြန်မရောက်သေးတာတွေ၊ သတ္တုလုပ်ငန်းခေါင်းစဉ်တပ် မြေသိမ်းခံရတာတွေ၊ ဒါတွေအတွက်လည်း ကာကွယ်ဖြေရှင်းပေးဘို့ လိုအပ်နေဆဲပါ။

လူထုမှာ မိမိကိုယ်ပိုင်အခွင့်အရေးကိုတောင် မသိကြတဲ့အနေအထားမို့  အသိပညာအမြင်ဖွင့်ဘို့တွေလည်း အများကြီး လိုအပ်နေဆဲပါ။ knowledge and right and law/ regulation တွေလည်း အားနည်းလိုအပ်နေဆဲပါ။

မေ။        ။  မဲဆွယ်စည်းရုံးရေးမှာ ဖိအားပေးခံရတာတွေကို ဘယ်လုုိရင်ဆုုိင်ခဲ့လဲ။

ဖြေ။        ။ ဟိုပုံးမြို့နယ်ထဲမှာတော့ ဖိအားပေးခံရတာမျိုး မရှိသေးပါဘူး။ လူထုကို နောက်ကွယ်ကနေ အမိန့်ပေးထား တာမျိုးတော့ ရှိကောင်း ရှိနေပါလိမ့်မယ်။

လူထုကို မကြောက်ဖို့၊ မဲကို လွတ်လပ်စွာပေးဘို့ဘဲ ပြောပြပါတယ်။ နောင်တောင်းဆရာတော်ကို ရုံးဖွင့်ဘို့ ပရိတ်ရွတ်ပေးပါ သွားပင့်တဲ့အခါမှာတော့ ဆရာတော်က ဖိအားပေးထားတာရှိလို့ မကြွပေးနိုင်ကြောင်း ဖြေကြားတာ ရှိပါတယ်။ ဒါကတော့ မိမိတို့ပါတီကို ဖိအားပေးတာမျိုးမရှိပေမယ့် ဘာသာရေးမှာ ဖိအားပေးခံရတဲ့ သဘောလို့ ဆိုနိုင်မလား။

မေး။        ။ ပအိုဝ်းပါတီတခုအနေနဲ့ မဟာမိတ်ဖွဲ့မယ်ဆိုရင်ဘယ်ပါတီနဲ့ ဖွဲ့မလဲ။ ဘာကြောင့်လဲ။

ဖြေ။        ။ ဒီမိုကရေစီလမ်းကြောင်းစစ်စစ်နဲ့ ဖယ်ဒရယ်ရဲ အနှစ်သာရတွေကို ရရှိအောင် ဦးတည် လုပ်ဆောင်နေတဲ့ အာဏာရှင်ပုံစံ မဟုတ်တဲ့ အာဏာရှင်စနစ်ကို ဖြိုချပြောင်းလဲပေးမဲ့ ပါတီတွေနဲ့ မဟာမိတ်ဖွဲ့မှာပါ။

 အာဏာရှင်စနစ်ကြောင့် လူထုရဲ့ ဆင်းရဲဒုက္ခတွေ၊ တာဝန်ယူမှု တာဝန်ခံမှု မရှိခြင်း၊ အားနည်းခြင်းတွေကြောင့် ကြံုတွေ့နေရတဲ့ လက်ရှိတိုင်းပြည် အခြေအနေတွေကြောင့်ပါ။

မေး။        ။ ဟိုပုံးမြို့နယ်ထဲက မဲရုံ ရရုံ က အညိုရောင်နယ်မြေမှာရှိနေတယ်လို့သိရပါတယ်။ အဲ့ဒိလိုဒေသတွေ အတွက်ကကော ပအမဖ က ဘယ်လိုပြင်ဆငိထားလဲ။

ဖြေ။        ။ အဲသည်လို ဒေသမျိုးတွေအတွက်တော့ စည်းရုံးရေး မဝင်ပါဘူး။ နီးစပ်ရာ စျေးတွေကနေ စျေးနေ့တွေမှာ ပန်းဖလက်ဝေတဲ့  Flyer campaign လုပ်သွားပါမယ်။

December 14, 2015
၂၀၁၅အထွေထွေရွေးကောက်ပွဲတွင်ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော်...
December 11, 2015
အနိုင်ရပါတီခေါင်းဆောင်၏ညွန်းကြားချက်ဖြင့် ဒီဇင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင် နိုင်ငံအနှံ...
December 3, 2015
ဒေါက်တာဒေခင်လှက " အန်တီအနေနဲ့ အင်းတိုင်းရင်းသားကိုယ်စားလှယ်မဖြစ်ခဲ့ဖူး၊ မနိုင်ခဲ့ဖူးဆိုပင်မဲ့လည်း...
December 1, 2015
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှမ်းပြည်နယ်အတွင်းရှိ...