ဖက်ဒရယ် ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေးကို ပြည်ခိုင်ဖြိုးပါတီက စတင် ဖော်ဆောင်ခဲ့ဖြင်းဖြစ်ဟု ပြောဆိုစည်းရုံး

ဖက်ဒရယ် ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေးကို ပြည်ခိုင်ဖြိုးပါတီက စတင် ဖော်ဆောင်ခဲ့ဖြင်းဖြစ်ဟု ပြောဆိုစည်းရုံး
by -
စိုင်းအောင်မျိုးလွင်
စိုင်းအောင်မျိုးလွင် — မြစ်ကြီးနားမြို့၌ ပြုလုပ်သော ပြည်ထောင်စု ကြ့ံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လူထုဟောပြောပွဲတွင်  ဖက်ဒရယ် ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေးကို ၎င်းတို့ပါတီကသာ စတင်ဖော်ဆောင်ခဲ့ကြောင်းပြောကြားပြီး မဲဆွယ်စည်းရုံး ခဲ့ကြောင်းသတင်းရရှိသည်။

“ ဖက်ဒရယ်ပြည်ထောင်စုအစဟာ ပြည်ခိုင်ဖြိုးပါတီကဖြစ်ပါတယ်။ ဒီမိုကရေစီအစဟာလည်း ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပဲ ဖြစ်ပါတယ်။ ဒီကနေ့လည်း အားလုံးလိုလားတောင့်တနေတဲ့ ငြိမ်းချမ်းရေးကြီးကိုဖော်ဆောင် နေတာ ဟောဒီပြည်ခိုင်ဖြိုးပါတီကပဲဖြစ်ပါတယ်။” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအကြံပေး ကချင်ပြည်နယ်တာဝန်ခံ ဦးသိန်းဇော်က ဟောပြောခဲ့သည်။

ထို့ပြင်လည်း ၎င်းတို့ပါတီအနေဖြင့် နိုင််ငံတော်ကို အကောင်းဆုံးဦးဆောင်နိုင်သောပါတီဖြစ်ကြောင်းနှင့် ပါတီပေါင်း ၉၀ ကျော်ရှိသည့်အနက် ပါတီအများစုမှာ မူဝါဒ၊ လုပ်ငန်းစဉ်များ ခိုင်မာမူမရှိကြဟုလည်း ပြောကြားခဲ့သည်။

“ သေသေချာချာစဉ်းစားပါ မည်သည့်ပါတီက ကျွန်တော်တို့ နိုင််ငံတော်ကြီးကို မှန်မှန်ကန်ကန် ဦးဆောင်နိုင်မယ့် ပါတီဖြစ်သလဲ။နိုင််ငံတော်ကြီးကို ဦးဆောင်နိုင်မူမရှိပဲနဲ့ နိုင်ငံတော်ရဲ့ ဦးဆောင်မူအခန်းကဏ္ဍကယူထားရင် နိုင်ငံတော်ကြီး ဘာဖြစ်သွားမလဲ။ ဒါကို ရွေးဖို့ လိုပါတယ်။” ဟုလည်းထပ်မံ ပြောကြားခဲ့သည်။

ဟောပြောပွဲ၌ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌလည်းဖြစ်သူ ဦးသိန်းဇော်က ငြိမ်းချမ်းရေးနှင့် ပတ်သက်၍လည်း ဟောပြောခဲ့ပြီး မကြာခင်ကပြုလုပ်သွားသော အပစ်အခတ်ရပ်စဲရေးစာချုပ်နှင့် ပတ်သက်၍ အဓိကအချက်နှစ်ခုသာပါဝင်ကြောင်းပြောကြားခဲ့သည်။

၎င်းအချက်နှစ်ခုမှာ ခိုင်မာသောအပစ်ခတ်တိုက်ခိုက်မူရပ်စဲရေးအမြန်ဆုံးအကောင်အထည်ဖော်ရေးနှင့် အာမခံချက်ရှိသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများအား ပြည်သူ့ဆန္ဒနှင့်အညီကျင်းပပြုလုပ်ပြီးအမြန်ဆုံး အကောင်အထည်ဖော်ရေးတို့ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကချင်ပြည်နယ် လူထုဟောပြောပွဲကို ကချင်အမျိုးသားရိုးရာ ယဉ်ကျေးမူဘက်စုံအားကစားဥယျာဉ် ထဲ၌ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီးကချင်ပြည်နယ်ဆက်သွယ်ရေးဝန်ကြီး လည်းဖြစ်သူ ဦးသိန်းဇော်နှင့်ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးလဂျွန်ငန်ဆိုင်းတို့ကပြောကြားခဲ့သည်။

ဦးလဂျွန်ငန်ဆိုင်းကလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကြောင့် ကချင်ပြည်နယ်အတွင်း လမ်းတံတား၊ လျှပ်စစ်မီး၊ ဆေးရုံ ၊ စာသင်ကျောင်းများကောင်းမွန်လာခဲ့ခြင်းဖြစ်ကြောင်းပြောသွားခဲ့သည်။

ပြည်ထောင်စုကြံခိုင်းရေးဟောပြောပွဲကိုအောက်တိုဘာ ၂၀ရက်ကပြုလုပ်ခဲ့ပြီး မြစ်ကြီးနား ၀ိုင်းမော် နှင့် မိုးကောင်းမြို့နယ်တို့မှ ကြံ့ခိုင်ဖွံ့ဖြိုးရေးအမှတ်တံဆိပ်ပါရှိသော ဦးထုပ် အကျင်္ီနှင့်အလံများကိုင်ဆောင် ဝတ်ဆင်ထားသော ခန့်မှန်း ပြည်သူ တစ်သောင်းဝန်းကျင်ခန့် တက်ရောက်ခဲ့ကြသည်။

Most read this week

January 7, 2016
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရသူ ဦးဇခုန်တိန့်ယိန်း အုပ်ချုပ်သော အဆိုပါ...
December 21, 2015
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းကရွေးကောက်ပွဲမတိုင်မီ ကာလအတွင်း...
December 21, 2015
ဒေါ်နန်းခမ်းက “ ကျွန်မတို့အနေနဲ့အများကြီးခံစားခဲ့ရတယ်။ အခက်ခဲတွေလည်းရင်ဆိုင်ခဲ့ကြရတယ်။...
December 21, 2015
" ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးခဲ့ရင်တောင် ဒါဟာ တကယ့်အစိုးရဖွဲ့နိုင်တဲ့အနေ အထားတော့ မရှိပါဘူး။...