”ကယန်းအမျိုးသမီး အဖွဲ့က ၁၀ ယောက်ဝန်းကျင်လောက် ကိုယ်နာမည်နဲ့ ကိုယ်ပဲ လျှောက်ထားတယ် တစ်နိုင်ငံလုံး အတိုင်းအတာ စောင့်ကြည့်တဲ့ပုံစံနဲ လျှောက်ထားတယ် စောင့်ကြည့်ရမှာက ကျွန်မတို့ ကြည့်ချင်တဲ့နေရာ ကြည့်လို့ ရတယ် ဒါပေမဲ့ ဖယ်ခုံမြို့နယ် ကရင်နီပြည်နယ် တိုင်းတာလောက်ပဲ ကြည့်မယ်။” ဟု သူကပြောသည်။
ယခုကဲ့သို့ စောင့်ကြည့်ရခြင်းမှာ ရွေးကောက်ပွဲနေ့တွင် မဲပေးရာ၌ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း ကိုက်ညီမှု ၊တရားမျှတပြီး လွတ်လပ်စွာနဲ့ မဲပေးခွင့်ရှိမရှိ စောင့်ကြည့်ပြီး အစီရင်ခံစာ ထုတ်ပြန်မဲ့ မဟာမိတ် အဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သည်။
“ ဥပဒေအတိုင်း သူတို့ သတ်မှတ်ထားတဲ့ စည်းမျဉ်းအတိုင်း လုပ်ဆောင်မှုရှိမရှိ၊ မဲလာထည့်တဲ့လူ ရော၊ တစ်ကယ်ပဲ့လွတ်လွတ်လပ်လပ်နဲ တရားမျှတစွာနဲ မဲနိုင်လာ မနိုင်လာ ဆိုတာ ဥပမာ ခြိမ်းခြောက်မှု တစ်စုံတစ်ရာ ရှိမရှိပေါ့ တစ်ကယ်ပဲ လွတ်လွတ်လပ်လပ် မဲပေးနိုင်တယ် မှန်မှန်ကန်ကန် မဲပေးနိုင်တယ် ဘာမှခြိမ်းခြောက်မှု မှ မရှိဘူးဆိုရင်တော့ ပြောင်းလဲမှုတစ်ခု ဖြစ်သွားတာပေါ့နော် အဓိက သူတို့ဆန္ဒနဲ့ အညီလုပ်မယ့် မဲထားပုံနည်းစနစ် မှန်ကန်မှုရှိလား ဆိုတာသိချင်လိ့ု" လျှောက်ထားခြင်းဖြစ်တယ်ဟု ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ကရင်နီအမျိုးသမီး အဖွဲ့အစည်းများ အနေဖြင့် စောင့်ကြည့် လေ့လာရေး အစီအစဉ် မရှိသေးကြောင်း ကရင်နီ အမျိုးသမီး အဖွဲ့အစည်း အတွင်းရေးမှူး မီးမီး ကပြောသည်။
ယခုချိန်ထိ ကယား(ကရင်နီ)ပြည်နယ်ရှိ အမျိုးသမီးအဖွဲ့အစည်းများသည် နိုဝင်ဘာလ (၈) ရက်၌ ကျင်းပမည့် ရွေးကောက်ပွဲနေ့တွင် စောင့်ကြည့် လေ့လာရေးများကို လျှောက်ထားခြင်း မရှိသေးကြောင်း ပြည်နယ် ကော်မရှင် ရုံးထံမှ သိရှိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ လျှောက်ထားသည့် တစ်နိုင်ငံလုံး အတိုင်းအတာ စောင့်ကြည့်သည့် အဖွဲ့များသာ ရှိသေးသည်ဟု သတင်းရရှိသည်။
ကယန်းအမျိုးအမီးအဖွဲ့ကို ၂၀၀၈ ဇန်နဝါရီလ ၃ရက်တွင် စတင်တည်ထောင်ပြီး အမျိုးသမီးစွမ်းရည် မြင့်တင်ရေး လုပ်ငန်း အကြမ်းဖက်ခံရသော အမျိုးသမီးများကို ကာကွယ်ပေးခြင်းလုပ်ငန်း၊ အမျိုးသမီးနဲ့ ငြိမ်းချမ်းရေး ဟူသောလုုပ်ငန်း သုုံးခုုအား အဓိကထား လုပ်ဆောင်နေပြီး ရွေးကောက်ပွဲတွင် တရားမျှတမှု ရှိရေးအတွက် ကယန်းအမျိုးသမီးအဖွဲ့မှ တစ်ဦးချင်းအနေဖြင့် စောင့်ကြည့်သွား မည်ဖြစ် သည်။