၎င်းက “စက်တင်ဘာ၂၆ရက် ညနေ၅နာရီလောက်အချိန်မှာ သူတို့ပါတီဆိုင်းဘုတ် လာထောင်သွားတယ်။ မနက်ပိုင်း ရောက်တော့ပါတီ ဆိုင်း ဘုတ်ဖျက်ဆီးခံလိုက်ရတယ်ဆိုတာသိလိုက်ရတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ စုံစမ်းနေတုန်းပါပဲ။ ကျွန်တော်တို့သတင်း အတည်ပြုပြီး တာနဲ့ ထုတ်ပြန်ပေးသွားမှာပါ ״ဟုပြောသည်။
စက်တင်ဘာ ၂၆ရက်တွင်မွန်အမျိုးသာပါတီ-MNP အနေဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ်ခလယ်ကျေးရွာအုပ်စု ဘုရားငါးဆူကျေးရွာနှင့် ခလယ်ကျေးရွားတို့တွင် ပါတီအောင်နိုင်ရေးအတွက် ပါတီအင်အား ၂၀ ဝန်းကျင် ခန့်က ၎င်းတို့ပါတီ၏ ကိုယ်စားလှယ်ဆိုင်းဘုတ်များကို လာရောက်စိုက်ထူသွားခြင်းဖြစ်သည်ဟု စောဆန်းညွန့်မောင် က ဆက်လက်ပြောကြားသည်။
ပါတီဆိုင်းဘုတ်အဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ ပါတီအောင်နိုင်ရေးအထွေထွေအတွင်းရေမှူး နိုင်စိုးမြင့်က “ အဲ့ဒီဘက်မှာ ကရင်တွေလည်းရှိတယ်။မွန်တွေလည်းရှိတယ်။ ရောနှောပြီးနေကြတယ်။ အခုပါတီ ဆိုင်းဘုတ်အဖျက်ဆီးခံရတာ ကရင်တွေကြောင့် လို့ပြောတာမဟုတ်ပါဘူး။ ဒါကလည်း တချို့လူတွေမှာက ပါတီအစွဲရှိတာ၊ဒါမှမဟုတ် ကိုယ့်တိုင်းရင်းသားအချင်းချင်း အထင်အမြင်မှားအောင်လုပ်တာလားဆိုတာမသိဘူး။ သူတို့ဘယ်လိုယူဆ ပြီးနှောက်ယှက်တာလဲဆိုတာလည်းမသိရဘူး ဟု ״ကေအို်င်စီ သို့ ပြောသည်။
အဆိုပါ ကြာအင်းဆိပ်ကြီးမြို့နယ်မှ နိုင်ငံရေးပါတီ ၁၁ ပါတီဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ ၎င်းဒေသအများ စုသည် ကရင်အမျိုးသားအဖွဲ့စည်း-KNU နှင့် မွန်ပြည်သစ်ပါတီ-NMSP တို့၏ ထိန်းချုပ်နယ်မြေများ ပါဝင် နေပြီး ပဋိပက္ခများဖြစ် လာမည်ကိုစိုးရိမ်သောကြောင့်မဲရုံအများအပြာမဖွင့်လှစ်နိုင်သည့်ဒေသများစွာရှိနေသည် ဟုလည်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံ မှသိရသည်။
ကရင်ပြည်နယ်ဒီမိုကရေစီနှင့်ဖွိံဖြိုးတိုးတက်ရေးပါတီ မှကြာအင်းဆိပ်ကြီးမြို့နယ် တာဝန်ခံဦးမန်းတင်ငြိမ်းချမ်းကလည်း မွန်အမျိုးသားပါတီ-MNPရဲ့ဆိုင်းဘုတ်ဖျက်ဆီးခံရမှုနှင့်ပတ်သက်ပြီး ၎င်းတို့အနေဖြင့် ယခုဖြစ်ပေါ်နေသော ကိစ္စရပ်ကို လုံးဝ ကန့်ကွက်ရှုတ်ချပြီး ပါတီအားလုံးနှင့် အကောင်းမြင်အပြုသဘောဆောင်ကာ အားလုံးနှင့်လက်တွဲသွားဖို့ သဘောထားရှိသည်ဟု ကေအိုင်စီသို့ပြောသည်။
ထို့အပြင် KNU တပ်မဟာ (၆)၊ ဒူပလယာခရိုင်၊ ဝင်းရေးမြို့နယ် တပ်ရင်း၁၆ မှ ဒုတပ်ရင်းမှူး စောမောင်ရွှေက “ကျွန်တော်တို့ ပါတီအားလုံးကို လွတ်လွတ်လပ်လပ်ခွင့်ပြုပေးထားပါတယ်။ သူ့အမျိုးသားရေးသူလုပ်နေတဲ့ကိစ္စကို သူတို့ပါတီဆိုင်းဘုတ်အဖျက်ဆီး ခံလိုက်ရတယ်။ဘယ်အဖွဲ့လုပ်တာလဲတော့ကျွန်တော် တို့လည်းမသိရဘူး။ အဲ့ဒီလိုလုပ်တာတော့ ကျွန်တော် တို့ဝမ်းနည်းတာပေါ့ ဟု ״ ကေအိုင်စီသို့ပြောသည်။
မကြာခင်ကျင်းပတော့မည့် ၂၀၁၅ရွေးကောက်ပွဲ၌ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် လုံခြုံရေးအကြောင်းပြချက်ဖြင့် ပြည်နယ်ရွေး ကောက်ပွဲကော်ရှင်မှ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျေးရွာအုပ်စုပေါင်း ၄၁အုပ်စုခန့်ကို မဲရုံဖွင့်လှစ်မည်မဟုတ် ကြောင်းသိရသည်။
ကျန်ခဲ့သည့်ရက်ပိုင်းအတွင်းက ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ချခတ်ချောင်းကျေးရွာ၌ အမျိုးသားဒီမိုကရေစီ အင်အားစု-NDF ပါတီ၏ဆိုင်းဘုတ်ကိုလည်းအလားတူဖျက်ဆီးခံရမှုရှိခဲ့သည်ဟု ချခတ်ချောင်းဒေသခံများထံ မှသိရသည်။