ကရင်ပြည်နယ်တွင် တုုိင်းရင်းသားရေးရာ ၀န်ကြီးများအဖြစ် ၂၇ဦး ပါ၀င်ယှဉ်ပြိုင်မည်

ကရင်ပြည်နယ်တွင် တုုိင်းရင်းသားရေးရာ ၀န်ကြီးများအဖြစ် ၂၇ဦး ပါ၀င်ယှဉ်ပြိုင်မည်
 စအိုင်စူး — ကရင်ပြည်နယ်အတွင်း၌ တသီးပုဂ္ဂလအပါအဝင် ပါတီပေါင်း ၁၂ပါတီမှ မွန်၊ဗမာနှင့်ပအိုဝ်း တိုင်းရင်းသားရေးရာ ဝန်ကြီးများအဖြစ် ကိုယ်စားလှယ်ပေါင်း၂၇ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြည်နယ်ရွေး ကောက်ပွဲ ကော်မရှင်စာရင်းပါ အချက်အလက်များအရသိရသည်။

အဆုုိပါ တုုိင်းရင်းသားရေးရာ ၀န်ကြီးအဖြစ် တသီးပုုဂ္ဂလအဖြစ် ခုုနှစ်ဦးနှင့် လက်ရှိအာဏာရ ပါတီပြည်ထောင်စုုဖွ့ံဖြိုးရေးနှင့် ကြံ့ခုုိင်ရေးမှ သုုံးဦး ၊ NLD မှ သုုံးဦးအပြင် ကရင်ပါတီထဲမှ ဖလုုံ-စဝေါ် ဒီမုုိကရက်တစ်ပါတီမှ သုုံးဦးနှင့် ကျန်ပါတီများမှ သုုံးဦး စီဝင်ရောက်ယှဉ်ပြိုင် အရွေးခံမည်ဖြစ်သည်။

ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ ဒုဥက္ကဌမန်းအောင်ပြည်စိုးက  “ကျနော်တို့ပါတီမှာ ကရင်ပြည်နယ်မှာဆိုရင် မွန်ရယ်၊ ပအိုဝ်းရယ်၊ဗမာရယ် အဲ့ဒီတိုင်းရင်းသားရေးရာ ၃ဦးနဲ့ မွန်ပြည်နယ်ထဲမှာဆိုရင် ကရင်ရေးရာ တစ်ဦး ဝင်ပြိုင်မယ်။ ကျနော်တို့ရဲ့ပါတီမူဝါဒအတိုင်း တိုင်းရင်းသား အကျိုးသယ်ပိုးနိုင်အောင် လိုအပ်တဲ့လိုအပ်ချက် တွေကိုစီစဉ် ဆောင်ကျဉ်းတာတို့ကုုိ သူတို့ဆောင်ရွက်ပေးမှာပေါ့ ״ဟုကေအိုင်စီသို့ပြောသည်။

ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်မှ ထုုတ်ပြန်သည့် လွှတ်တော်ကုုိယ်စားလှယ်လောင်းများ စာရင်းချူပ်အရ ကရင်ပြည်နယ်တွင် ၁၈ပါတီဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး တသီးပုုဂ္ဂလ အပါအဝင် ကုုိယ်စားလှယ်လောင်း ၂၅၆ဦး ၀င်ရောက် အရွေးခံမည်ဖြစ်သည်။ အမျိူးသမီး လွှတ်တော်ကုုိယ်စားလှယ်လောင်းမှာ ၃၃ဦး ပါ၀င် ကြောင်းသတင်းရရှိသည်။

ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ-KSDDPမှ ပအိုဝ်းတိုင်းရင်းသား ရေးရာဝန်ကြီး အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည့် ခွန်ထွန်းဝင်းက  “ ကျနော်က ၂၀၁၀ကတည်းက  KSDDPကနေဝင်ရောက် ယှဉ်ပြိုင်ဖို့ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေတွေကို လေ့ လာကြိုတင် ပြင်ဆင်ထားပြီး တာကြောင့် ဒီလာမဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်မယ်လို့ ယုံကြည်ထားပြီးသားပါ ” ဟုကေအိုင်စီသို့ ပြောခဲ့သည်။

ထုုိ့အပြင် ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ပြီး နုုိင်ခဲ့ပါက ပအိုဝ်းတိုင်းရင်းသားများအတွက် သွေးစည်းညီညွတ် ရေး၊  ရိုင်းပင်းကူညီရေးကို ရရှိလာသည့် အခွင့်အရေးအပေါ် ချမှတ်ထားသည့် ဥပဒေအတိုင်း ဦးစီးဦးဆောင်ပြီး စံပြကိုယ်စားလှယ်လောင်း အနေဖြင့် ကြိုးပမ်းဆောင်ရွက် သွားမည်ဟုလည်း ၎င်းက ဆက်ပြော သည်။

ကရင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်၏စာရင်းများအရ ကရင်ပြည်နယ်ထဲရှိမြို့နယ်(၇)မြို့နယ်လုံးတွင် မဲဆန္ဒရှင်ဦးရေ ၈သိန်းကျော်ရှိရာမှ ဗမာတိုင်းရင်းသားမဲဆန္ဒရှင်မှာ (၁၁၁၅၆၀)ဦး၊ မွန်တိုင်းရင်းသား မဲဆန္ဒရှင်(၁၀၅၇၁၀)ဦးနှင့် ပအိုဝ်း တိုင်းရင်းသားမဲဆန္ဒရှင်(၄၁၁၄၂)ဦး ရှိကြောင်းသိရသည်။

Most read this week

ကရင်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများကွန်ယက်ရုံးခန်း ဖွင့်နေစဉ်
December 24, 2015
ယခင်စစ်အစိုးရလက်ထက်မှ လက်ရှိ ဦးသိန်းစိန်အစိုးရဦးဆောင်သည့် အရပ်သားတစ်ပိုင်းအစိုးရလက်ထက် အထိ...
December 18, 2015
ရွေးကောက်ပွဲ ဥပဒေပုုဒ်မ ၅၈(ခ)သည် ရွေးကောက်မှုဆုုိင်ရာ အခွင့်အရေးကုုိ လွတ်လပ်စွာ...
December 17, 2015
ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း မန်းအောင်ပြည်စိုးက “...
ဒေါက်တာမြင့်စိုး(မြန်မာနိုင်ငံ ဆရာဝန်များအသင်း-ဖားအံအမှုဆောင်)
December 14, 2015
လုပ်ထားပေမဲ့လည်း ဒေါ်စုရဲ့ ပါတီကိုပဲကြည့်ပြီး မဲပေးပါဆိုပြီးတော့ NLDကပဲနိုင်သွားတာပေါ့။...