“ကျနော်တို့တော့ ကိုယ့်တိုင်းရင်းသားပါတီကိုပဲ မဲထည့်မယ်။ ကိုယ်ယုံကြည်တဲ့ ကိုယ့်တိုင်းရင်းသား ကိုယ်စားလှယ်တွေကိုပဲ မဲထည့်မယ်” ခါးဘယ်ရွာမှ ရပ်မိရပ်ဖ ဦးပေါလူက ပြောသည်။
အဘယ်ကြောင့်ဆိုသော် တိုင်းရင်းသားပါတီကို မဲထည့်မည်ဆိုလျှင် ကယားပြည်နယ် တွင်းတွင်ရှိသော တိုင်းရင်းသားများ သာ ပြည်နယ်၏ အခက်အခဲ အကျိုးကို ဆောင်ရွက်နိုင်မည်ဟု ယုံကြည်သည်ဟု ဖရူဆိုမြို့နယ် ဟိုယာဒေသဘက်မှ ခါးဘယ်ကျေးရွာ အုပ်ချုပ်ရေးမှုး ဦးဟိုမိုးအီကပြောသည်။
“သူတို့က ကျွန်တော်တို့ရဲ့ အခက်အခဲတွေကို တကယ်ကူညီပေးနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်လို့ပဲ မဲထည့်ပါမယ် ” ဦးဟိုမိုးအီက ပြောသည်။
အခြားရပ်ဝေးမှလာသော ပါတီများမှာ ပြည်နယ်၏အကျိုးကို ဆောင်ရွက်ပေးနိုင်မည် မဟုတ်၍ မယုံကြည် နိုင်ကြောင်း၊ အခြားပါတီများမှာ မိမိလူမျိုး မဟုတ်သည့်အတွက် ဖြစ်သည်ဟု ဆက်ပြောသည်။
“ကျွန်တော်တို့ပါတီက နေရာရခဲ့ရင်တော့ ပြည်သူတွေ ဘာလိုလဲဆိုတာ ပြည်သူလူထုတွေနဲ့ ဝိုင်းဝန်းပြီးတော့ အဖြေရှာမယ် ပြီးတော့ ပြည်သူလူထုတွေတကယ် လိုအပ်တဲ့အရာတွေကို ဖြည့်ဆည်းပေးမယ်။” ဟု လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ ဖရူဆိုမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်မည့်ဦးသဲရယ်ကပြောသည်။
မိမိပြည်နယ်၏ ကံကြမ္မာကုုိ မိမိပြည်နယ်တွင်းတွင်သာ နေထုုိင်သည့် ပြည်သူများ၏ လက်ထဲမှ မဲတပြားနှင့် မှန်မှန်ကန် ကန် ရွေးချယ်တတ်ကြောင်း ၊ပြည်နယ်၏ အရေးကုုိ ပြည်နယ်အတွင်းတွင် နေထုုိင်သော သူတွေသာ လုုပ်နုုိင်သဖြင့် ငွေကြေးနောက် မလုုိက်ပဲ ရွေးချယ်မှု မှန်ကန်ရန် လုုိကြောင်း ဦးသဲရယ်က ကန္တာရဝတီတုုိင်းသုုိ့ ပြောကြားခဲ့သည်။