ကြာအင်ဆိပ်ကြီးမြို့နယ်၌ လုံခြုံရေးအရ ကျေးရွာအုပ်စု ၄၁အုပ်စု မဲရုံမဖွင့်လှစ်နိုင်

ကြာအင်ဆိပ်ကြီးမြို့နယ်၌ လုံခြုံရေးအရ ကျေးရွာအုပ်စု ၄၁အုပ်စု မဲရုံမဖွင့်လှစ်နိုင်
ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း  နိုဝင်ဘာလ ၈ ရက်၌ ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် ဒေသ လုံခြုံရေးကြောင့် ကျေးရွာအုပ်စုပေါင်း(၄၁)အုပ်စုမှာ မဲရုံဖွင့်လှစ်နိုင်မှုမရှိကြောင်း     မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးကြည်လွင်ကကေအိုင်စီသို့ပြောသည်။

ဥက္ကဌဦးကြည်လွင်က “အဲ့ဒီကျေးရွာ၄၁အုပ်စုမှာကျေးရွာအုပ်ချုပ်ရေးမှူးတွေခန့်အပ်လို့မရနိုင်တဲ့အုပ်စုလည်းရှိ တယ်။မခန့်အပ်နိင်တဲ့ကျေးရွာ အုပ်စုက(၂၂)အုပ်စုရှိတယ်။ကျန်တဲ့အဲဒီ (၁၉)အုပ်စုကတော့ မဲစာရင်း ကြော်ငြာ လို့မရတဲ့အုပ်စုတွေဖြစ်တယ်။ဘာကြောင့်လုံခြံုရေးမပေးနိင်တာလဲ ဆိုတာတော့ ကော်မရှင်အနေနဲ့ ဖြေဆိုပိုင်ခွင့်မရှိဘူး”   ဟုပြောသည်။

ထို့အပြင် မဲရုံမဖွင့်နိုင်သည့် ကျေးရွာဒေသတချို့၌ မဲစားရင်ကြေညာရာတွင် ကျေးရွာဒေသအများစုမှာ ကရင်အမျိုးသားအစည်းအရုံး-KNUနှင့် မွန်ပြည်သစ်ပါတီ-NMSPတို့၏ ထိန်းချုပ်နယ်မြေတချို့ ပါဝင်နေသော ကြောင့် မဲစာရင်းကပ်ရာတွင်အခတ်အခဲ များရှိခဲ့ပြီး ကျေးရွာဒေသတချို့မှာတော့ အစိုးရမှခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးမရှိသည့်အခတ်အခဲများကြောင့်ဖြစ်သည်ဟု ကရင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးမောင်မောင်နိုင်ကကေအိုင်စီသို့ ပြောသည်။

တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် မဲရုံပေါင်း ၆၃ရုံ ဖွင့်လှစ်သွားမည်ဖြစ်ပြီး နိုင်ငံရေးပါတီ(၁၁)ပါတီမှလွတ်တော် ကိုယ်စားလှယ်လောင်း(၃၇)ဦး ဝင်ရောက်ယှဉ်ပြိုင်အရွေးခံမည်ဖြစ်ကာ ယခုလ ၁၄ရက်က ကြေညာ လိုက်သည့် မဲစာရင်းအရ တစ်မြို့နယ်လုံးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၅သောင်းခွဲကျော်ရှိသည်ဟုမြို့နယ်ကော်မ ရှင်များထံမှသိရသည်။

အဆိုပါမဲရုံမဖွင့်နိုင်သည့် ကျေးရွာအုပ်စု ၄၁ အုပ်စုတွင် ကျေးရွာပေါင်းနှစ်ရာနီးပါးခန့်ရှိနေပြီး မဲ ရုံမဖွင့်နိုင်သည့်ကိစ္စနှင့်ပတ်သက်ရျ် ဖားအံမြို့ရှိ ကေအန်ယူဆက်ဆံရေးရုံးတာဝန်ခံ စောရှီးရှိုက “ဒီကိစ္စက လုံခြုံရေးနဲ့မဆိုင်ဘူးနဲ့တူတယ်။ကျနော်တို့က ဒီမိုကရေစီကိုလျှောက်လှမ်းတာပါ။ ဒီ၂၀၁၅ရွေးကောက် ပွဲမှာလုံခြုံရေးအတွက်နဲ့ပတ်သက်ပြီး ကေအဲန်ယူအနေနဲ့အာမခံပါတယ်”  ဟုကေအိုင်စီသို့ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်သည် ပြီးခဲ့သည့်၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင်လည်း လုံခြံုရေးအကြောင်း ပြချက်ဖြင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုပေါင်း(၄၆)အုပ်စုတို့တွင် မဲရုံမဖွင့်လှစ်နိင်ခဲ့သည့်အတွက် ဒေသခံအများ စု မဲပေးခွင့်ဆုံးရှံးခဲ့ရပြီး ကရင်ပြည်နယ်တစ်ခုလုံးတွင််လည်း အများဆုံးမဲရုံမဖွင့်လှစ်နိင်ခဲ့သည် မြို့နယ်ဖြစ်ခဲ့သည်။

 “ကျနော်တို့နယ်က ရှင်းရှင်းပြောရရင် လူရာမဝင်တဲ့နယ်လဲမဟုတ်ဘူး။ ကျေးရွာအထက်တန်းကျောင်း လည်းရှိတယ်၊ တိုက်နယ်ဆေးရုံလည်းရှိတယ်။ သူတို့အဲလိုလုပ်လိုက်ခြင်းအားဖြင့် မဲပေးဖို့အရေးက ကျနော် တို့ရွာသူရွာသားတွေ အတွက် တော်တော်လေးဆုံးရှုံးရတာပေ့ါ ” ဟု မဲရုံမဖွင့်နိုင်သည့် ကျုံခဝန်ကျေးရွာမှ ဒေသခံ စောရဖြောင့် ကကေအိုင်စီသို့ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ အခန်းအမှတ် ၄၊ ပုဒ်မ (၁၀)(စ)အရ သဘာဝဘေးအန္တရယ် ကြောင့်သော်လည်းကောင်း၊ နယ်မြေလုံခြုံရေးအခြေနေအရသော်လညး်ကောင်း လွတ်လပ်ပြီး တရားမျှတသည့် ရွှေးကောက်ပွဲ ကျင်းပနိင်ခြင်းမရှိသည့် မဲဆန္ဒနယ်များ၏ရွေးကောက်ပွဲများကို ရွေ့ဆိုင်းခြင်းနှင့် ပယ်ဖျက်ခြင်း တို့ကိုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ဆောင်ရွက်နိင် သည်ဟု ပြန်ဌာန်းထားသည်။

Most read this week

ကရင်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများကွန်ယက်ရုံးခန်း ဖွင့်နေစဉ်
December 24, 2015
ယခင်စစ်အစိုးရလက်ထက်မှ လက်ရှိ ဦးသိန်းစိန်အစိုးရဦးဆောင်သည့် အရပ်သားတစ်ပိုင်းအစိုးရလက်ထက် အထိ...
December 18, 2015
ရွေးကောက်ပွဲ ဥပဒေပုုဒ်မ ၅၈(ခ)သည် ရွေးကောက်မှုဆုုိင်ရာ အခွင့်အရေးကုုိ လွတ်လပ်စွာ...
December 17, 2015
ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း မန်းအောင်ပြည်စိုးက “...
ဒေါက်တာမြင့်စိုး(မြန်မာနိုင်ငံ ဆရာဝန်များအသင်း-ဖားအံအမှုဆောင်)
December 14, 2015
လုပ်ထားပေမဲ့လည်း ဒေါ်စုရဲ့ ပါတီကိုပဲကြည့်ပြီး မဲပေးပါဆိုပြီးတော့ NLDကပဲနိုင်သွားတာပေါ့။...