- အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်ရဲ့ ဒုက္ခသည်တွေလက်ခံခေါ်ယူရေးအစီအစဉ် ဆိုင်းငံ့တဲ့အမိန့်ထုတ်ပြန်မှုကြောင့် အမေရိကန်ပြည်ထောင်စုမှာ အခြေချခွင့်ရရှိထားပြီး လေယာဉ်ခရီးစဉ်နဲ့ ပြည်ဝင်ခွင့်တွေရုတ်သိမ်းခံလိုက်ရတဲ့ မလေးရှားနဲ့အိန္ဒိယနိုင်ငံက ချင်းလူမျိုးဒုက္ခသည်တွေ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေကြတယ်လို့ သိရပါတယ်။
- ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)တို့ စစ်ရေးပူးပေါင်းဆောင်ရွက်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ BPLA ကွပ်ကဲရေးမှူး ကိုဆောင်းခ က ပြောပါတယ်။
- ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ CDF-Asho တည်ထောင်ပြီး ၂ နှစ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့ပြီး ၁၅၀ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ CDF-Asho တာဝန်ရှိသူဆီကနေ သိရပါတယ်။