နယ်စပ်ဒေသတည်ငြိမ်ရေး အရှိန်မြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း တရုတ်ထံ စစ်ခေါင်းဆောင်တင်ပြ

နယ်စပ်ဒေသတည်ငြိမ်ရေး အရှိန်မြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း တရုတ်ထံ စစ်ခေါင်းဆောင်တင်ပြ

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အကြား ကုန်သွယ်မှုများ ပိုမိုလုပ်ဆောင်နိုင်ရန် နယ်စပ်ဒေသ တည်ငြိမ်ရေးကို အရှိန်မြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်ထံ တင်ပြဆွေးနွေးခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ်ပါတီ ကော်မတီအတွင်းရေးမှူး H.E. Mr. Wang Ning နှင့် နိုဝင်ဘာ ၅ ရက်က တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ တွေ့ဆုံစဉ် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှသာလျှင် သွင်းကုန်၊ ပို့ကုန်ကဏ္ဍကို ပိုမိုဆောင်ရွက်နိုင်မှာဖြစ်ပြီး စီးပွားရေးအရကူးလူးဆက်သွယ်မှုကို ပိုမိုအကောင်အထည်ဖော်နိုင်မယ်” ဟု စစ်ခေါင်းဆောင်က ပြောသည်။

တရုတ် - မြန်မာနယ်စပ်တွင် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများကြောင့် နှစ်နိုင်ငံကုန်သွယ်မှု ထိခိုက်နေပြီး တော်လှန်ရေးတပ်များအနေဖြင့် ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို မျက်ကွယ်ပြုကာ နယ်စပ်ဒေသ တည်ငြိမ်မှုပျက်ပြားအောင် လုပ်ဆောင်ခဲ့သည်ဟု စစ်ခေါင်းဆောင်က ဆိုသည်။

တော်လှန်ရေးတပ်များသည် တရုတ်နှင့် မြန်မာအပေါ် အထင်အမြင်လွဲမှားအောင် ပြုလုပ်ပြီး နိုင်ငံရေး၊ စစ်ရေးအရ အမြတ်ထုတ်ကာ တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများကို အားပေးနေကြောင်း စစ်ခေါင်းဆောင်က စွပ်စွဲသည်။

ထိုလုပ်ရပ်များသည် နှစ်နိုင်ငံအစိုးရများနှင့် ပြည်သူများအတွက် အကျိုးမရှိဘဲ ဒေသတည်ငြိမ်ရေးအတွက် အန္တရာယ်ရှိသဖြင့် တားဆီးပေးရန် တရုတ်အစိုးရအား စစ်ခေါင်းဆောင်က တောင်းဆိုထားသည်။

“စကစက တရုတ်ကိုသွားပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို ထပ်ပြီးဖိအားပေးလာအောင် လုပ်လိုက်တာဖြစ်တယ်။ ဒီအချက်တွေကို တရုတ်ဖက်ကလည်း ကြိုက်နှစ်သက်မယ်။ တရုတ်အတွက်လည်း သူတို့ရပ်တန့်နေရတဲ့ စီးပွားရေးတွေ ပြန်လည်ပတ်ရင် အများကြီး အကျိုးအမြတ်ဖြစ်စေတာကြောင့် မျက်နှာသာရအောင် စကစ လုပ်နေတာလို့ မြင်ပါတယ်” ဟု စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

တရုတ် - မြန်မာ နယ်စပ်တွင် ချင်းရွှေဟော်၊ ကန်ပိုက်တီ၊ လွယ်ဂျယ်၊ မူဆယ်နှင့် ကျိုင်းတုံစသည့် အဓိက ကုန်သွယ်ရေးစခန်း (၅) ခု ရှိပြီး လွယ်ဂျယ်၊ မူဆယ်နှင့် ချင်းရွှေဟော် စခန်းတို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက် ထိန်းချုပ်ထားသည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း တိုက်ပွဲများ ပိုမိုကျယ်ပြန့်လာမှုနှင့်အတူ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ ထိခိုက်မှုများသဖြင့် တရုတ်က တော်လှန်‌ရေးတပ်များကို အပစ်ရပ်ရေး ဖိအားပေးနေသလို ပိတ်ဆို့မှုများလည်း လုပ်ဆောင်ထားသည်။

ပုံစာ - စစ်ခေါင်းဆောင်နှင့် တရုတ်ကွန်မြူနစ်ပါတီ၊ ယူနန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး H.E. Mr. Wang Ning တို့ နိုဝင်ဘာ ၅ ရက်က ကူမင်းမြို့တွင် တွေ့ဆုံစဉ်။

ဓာတ်ပုံ - CINCDS

Most read this week

November 6, 2024
ရခိုင်ပြည်၊ အမ်းမြို့နယ်၊ ဒိုင်ကြီးကျေးရွာကို နိုဝင်ဘာ ၅ ရက်၊ ညနေ ၃ နာရီခန့်တွင် စစ်ကောင်စီက...
တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် အမ်းမြို့နယ်မှ စစ်ဘေးရှောင်များအား ယခုလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - Wai Hun Aung
November 5, 2024
တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်မှ စစ်ဘေးရှောင်...
November 5, 2024
ဘင်္ဂလားဒေ့ရှ် - မောင်တောနယ်စပ်၌ လုံခြုံရေးဆောင်ရွက်နေသည့် အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များကို...
ပုံစာ - လေကြောင်းဗုံးကြဲမှုကြောင့် ဇူလမွတ်ဆလင်‌ကျေးရွာမှ မီးလောင်ပျက်စီးသွားသည့် နေအိမ်အချို့။    ဓာတ်ပုံ - APM
November 4, 2024
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ဇူလမွတ်ဆလင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့်...