တာချီလိတ်နှင့်ကျိုင်းတုံရှိ ဂိုဒေါင်ပစ္စည်းများကို စစ်ကောင်စီဝင်ရောက်ဖောက်စစ်နေ

တာချီလိတ်နှင့်ကျိုင်းတုံရှိ ဂိုဒေါင်ပစ္စည်းများကို စစ်ကောင်စီဝင်ရောက်ဖောက်စစ်နေ

ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် တာချီလိတ်မြို့ နှင့်ကျိုင်းတုံမြို့ ရှိ ဂိုဒေါင် တချို့ကို စစ်ကောင်စီက ဝင်ရောက်ဖောက်စစ်နေကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာ ဒုတိယပတ်မှ စတင်ပြီး တာချီလိတ်မြို့နှင့် ကျိုင်းတုံမြို့ရှိ ဂိုဒေါင်များ၊ စားသောက်ကုန် ရောင်းချသည့် ဆိုင်များကို စစ်ကောင်စီက ရှောင်တခင် ဝင်ရောက်စစ်ဆေးနေကြောင်း ဆိုင်ပိုင်ရှင် တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဒုတိယအပတ်ကစပြီး ရဲကားနဲ့စစ်တပ်ကားတွေ မြို့ထဲပတ်ပြီး ဆိုင်တွေထဲဝင်တယ် သူတို့လက်နက်ရှိတော့ ဘယ်သူမှ ဘာမမပြောရဲကြဘူး။ ပစ္စည်းတွေစစ်ဆေးတယ်” ဟု ၎င်းကပြောသည်။

ထို့ပြင်တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံမှ တင်သွင်းသည့် လျှပ်စစ်ပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများကို အမှတ်(၁) နှင့် အမှတ် (၂) တံတားတွင် ယခုလ အတွင်း သယ်ခွင့်မပြုကြောင်း၊၎င်းပစ္စည်းများကို သယ်ယူခြင်းပါက စစ်ကောင်စီဌာနဆိုင်ရာများကို လာဘ်ထိုးပေးရကြောင်း နယ်စပ်ကူးသန်းရောင်းဝယ်သည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ထိုင်းဘက်က သယ်လာတဲ့ ပစ္စည်းတွေဆို အကုန်ထုတ်ခိုင်းတယ် လျှပ်စစ်ပစ္စည်းတွေ ဆောက်လုပ်ရေးပစ္စည်းတွေဆို ပေးမသယ်တော့ဘူး။ သူတို့တောင်းသလောက်သာ ပိုက်ဆံပေးနိုင်ရင် ခိုးဝင်ရတယ်”၎င်းက ပြောသည်။

ဆက်လက်ပြီး တာချီလိတ်လေဆိပ်တွင်လည်း ထိုင်းနိုင်ငံထုတ်လုပ်ထားသည့် ကော်ဖီများ သယ်ယူဆောင် ခွင်မပြုကြောင်းနှင့် ၎င်းပစ္စည်းများသယ်ယူဆောင်လာသူ လေဆိပ်တွင် အကုန်ချထားခဲ့ရကြောင်း တာချီလိတ်မြို့နယ်ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ လေဆိပ်မှာလည်း ထိုင်းကထုတ်ထားတဲ့ ကော်ဖီတွေတောင် ပေးမသယ်တော့ဘူး သွားခါနီးဆိုတော့ အဲမာပဲထားခဲ့ရတယ်။ သူတို့သာ ပစ္စည်းပေးမသွင်းချင်ရင် ဂိတ်ကိုတစ်ခုပဲဖွင့်လိုက် ခုဟာက ဖွင့်လည်းဖွင့်ထားတယ် ပိုက်ဆံထိုးပေးရင်ကျ ပေးဖြတ်တယ်။ သူတို့အကျိုးစီးပွားရေးအတွက်ပဲ လုပ်နေကြတာ”ဟု ၎င်းက ပြောသည်။

သျှမ်းရှေ့ မိုင်းလား-ကျိုင်းတုံသွား ကားလမ်း ဝမ်တာပင်းဂိတ်နှင့် ဝမ်တာပုံဂိတ်တွင်လည်း တရုတ်ပစ္စည်းနှင့် ထိုင်းနိုင်ငံပစ္စည်း ပိုမိုဝင်ရောက်နိုင်သည့်နေရာဖြစ်သည့်အတွက် ထိုဂိတ်တွင်လည်း စစ်ဆေးရေးတင်းကြပ်လာသည်ဟု ကျိုင်းတုံဒေသခံတစ်ဦးက ပြောသည်။

“ အခုလည်း ကျိုင်းတုံဘက်က စစ်ဆေးရေးတင်းကြပ်လာပြီ။ တရုတ်ပစ္စည်းနဲ့ထိုင်းပစ္စည်းတွေ ပိုဝင်တဲ့နေရာဖြစ်တယ်။ ဂိတ်တွေသာ ပိတ်လိုက်ရင် ကုန်ဈေးနှုန်းတွေ ပိုတက်လာနိုင်တယ်။ ခုတောင် စားဝတ်နေရေးအတွက် မနည်းရုန်းကန်ရှာလုပ်နေရတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် (အောက်တိုဘာ ၂၂)ရက်နေ့မှ စတင်ပြီး မြန်မာ-တရုတ်နယ်စပ်ရှိ တရုတ်အာဏာပိုင်များမှ မြန်မာပြည်သို့ တင်သွင်းမည့် တပိုင်တနိုင် ပစ္စည်းများကို မူဆယ်မြို့တွင်း ယခင်လို ဖြတ်သန်းခွင့် မပေးဘဲ စစ်ဆေးမှု တင်းကြပ်ကာ အချို့ကုန်ပစ္စည်းများ မြန်မာပြည်ဘက်သို့ တင်သွင်းခွင့် မပြုကြောင်း သိရသည်။

Most read this week

October 25, 2024
သျှမ်းပြည် သီပေါမြို့ပေါ် ရပ်ကွက်များတွင် လုံခြုံရေးကင်းမဲ့ကာ သူခိုးရန်ကြောင့် ပြည်သူနေအိမ်များ...
October 24, 2024
သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်မြို့ရှိ တပ်မိသားစုဝင်များကို စစ်ကောင်စီက...
October 23, 2024
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များတွင် ပို့ကုန်သွင်းကုန် ပစ္စည်းအဝင်အထွက် စစ်ဆေးရေး...
October 23, 2024
သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ကို  စစ်ကောင်စီက နှစ်ရက်ဆက်တိုက် လေကြောင်းဖြင့်...