တရုတ်-မြန်မာ ကန်ပိုင်တည်နယ်စပ်ဂိတ်ပိတ်ထားမှုကြောင့် ကချင်ပြည်နယ်တွင်း စက်သုံးဆီစျေး တစ်ဖြည်းဖြည်းမြင့်တက်လာနေ

တရုတ်-မြန်မာ ကန်ပိုင်တည်နယ်စပ်ဂိတ်ပိတ်ထားမှုကြောင့် ကချင်ပြည်နယ်တွင်း စက်သုံးဆီစျေး တစ်ဖြည်းဖြည်းမြင့်တက်လာနေ

ဝိုင်းမော်မြို့နယ်၊ ကန်ပိုင်တည်မြို့က တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ် ပိတ်ထားခံရမှုကြောင့် ကချင်ပြည်နယ်အတွင်းမှာ စက်သုံးဆီစျေးတစ်ဖြည်းဖြည်းမြင့်တက်လာနေတယ်လို့  ဒေသခံများထံမှ သိရပါတယ်။

အောက်တိုဘာလ ၂၁ ရက်နေ့မှာ ကန်ပိုက်တည်မြို့ကို လုံခြုံရေးယူပေးထားတဲ့ ဦးဆခုန်တိန့်ယိန်းဦးဆောင်တဲ့ NDA-K နယ်ခြားစောင့်တပ် အမှတ် ၁၀၀၃ တပ်ရင်းဌာနချုပ်ကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေကို သိမ်းပိုက်ပြီးနောက်ပိုင်း နယ်စပ်ကုန်သွယ်ရေးစခန်းတွေပိတ်ပင်လိုက်တာလည်းဖြစ်ပါတယ်။

ဒါကြောင့် ဝိုင်းမော်မြို့မှာတော့ မကြာသေးမီရက်ပိုင်းတွေမှာ (95)တစ်လီတာကို  ကျပ်(၇၀၀၀)သာ ရှိနေပေမယ့် ယခုရက်တွေမှာတော့ ကျပ်(၈၀၀၀)နီးပါးဝယ်ယူနေကြတယ်လို့ မြို့တွင်းနေထိုင်သူများက ဆိုကြပါတယ်။

“ ဘယ်နေ့ပြန်ဖွင့်ပေးမယ်ဆိုတာကို တိတိကျကျတော့မသိထားဘူး ဒါပေမယ့် တစ်ချို့ကောလဟာလအရတော့ (၂၅)ရက်နေ့ကိုတော့ ပြန်ဖွင့်မယ်ကြားထားတယ် သေတော့မသေချာဘူးလေ’ဟု ဝိုင်းမော်မြို့က ဒေသခံတစ်ဦးက ပြောပြပါတယ်။

ဒီရက်တွေမှာတော့ စက်သုံးဆီပြတ်လတ်တာမျိုးဖြစ်ပေါ်ခြင်းမရှိသေးပေမယ့် ဒီထက်ရက်တိုးကြာမြင့်နေပါက စျေးအဆမတန်မြင့်တက်လာခြင်းနဲ့ ရှားပါးခြင်းတွေဖြစ်ပွားလာနိုင်တယ်လို့ ၎င်းတို့က ဆိုကြပါတယ်။

ကချင်ပြည်နယ်အတွက်စက်သုံးဆီများကို  ယခုနှစ်  ဇူလိုင်လကနေစပြီး  ကံပိုင်တည်နယ်စပ်ဂိတ်တစ်ခုတည်းကနေသာ တင်သွင်းခွင့်ပြုခဲ့တာဖြစ်ကာ ရန်ကုန်ဆိပ်ကမ်းကနေသယ်ယူဖြန့်ဖြူးနေတဲ့ မိုးညှင်းမြို့နယ် နန့်စီးအောင်ဂိတ်ကိုတော့ ဇွန်လလယ်မှာပင် စစ်ကောင်စီကပိတ်ပင်ထားခဲ့ပြီးလည်းဖြစ်

ပါတယ်။

ကချင်ပြည်နယ်မှာ ကျောက်စိမ်းတူးဖော်မှုလုပ်ငန်း ၊ ရွှေတူးဖော်မှုလုပ်ငန်း တွေအများဆုံးလုပ်ကိုင်ကြပြီး စက်သုံးဆီလိုအပ်ချက် နေ့စဉ် ဂါထောင်ထောင်နှင့်ချီရှိနေပြီး ၂၀၂၄ ခုနှစ်လယ်ကစပြီး စက်သုံးဆီရှားပါးမှု ၊ စျေးနှုန်းကြီးမြင့်မှုတွေနဲ့ ဆက်တိုက်ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။

အောက်တိုဘာလ ၁၈ ရက်နေ့မှာ KIA ထိန်းချုပ်လိုက်တဲ့   နယ်စပ်မြို့ ပန်ဝါမြို့ ၊ ဧပြီလ က ထိန်းချုပ်ထားတဲ့  လွယ်ကျယ်မြို့နယ်စပ်ဂိတ်  နဲ့ KIA ရဲ့ နယ်မြေထဲက လိုင်ဇာ ၊ မိုင်ဂျာယန်၊ ခါရှန် စတဲ့နယ်ဂိတ်တွေအားလုံးကို အခုရက်ပိုင်းမှာ တရုတ်နိုင်ငံဘက်က ပိတ်လိုက်တာလည်းဖြစ်ပါတယ်။

Most read this week

October 21, 2024
ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ  အခုလတွေအတွင်း မြို့ပေါ်ရပ်ကွက်တွေထဲ...
October 16, 2024
၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှုတွေဟာ ယမန်နေ့ (အောက်တိုဘာ ၁၆ )က...
October 15, 2024
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းမှာ တိုက်ပွဲတွေကြောင့်...
October 10, 2024
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းက အစိုးရစာသင်ကျောင်းတွေမှာ တိုင်းရင်းသာဘာသာ...