ချင်းလဲန်းကောင်စီအဖွဲ့ဝင် ကန်ပက်လက်ကောင်စီနှင့် CDF-Kanpetlet တပ်ရင်း ၇ နယ်မြေထဲကို AA နှင့် ချင်းညီနောင်တပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး

ချင်းလဲန်းကောင်စီအဖွဲ့ဝင် ကန်ပက်လက်ကောင်စီနှင့် CDF-Kanpetlet တပ်ရင်း ၇ နယ်မြေထဲကို AA နှင့် ချင်းညီနောင်တပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး

ချင်းလဲန်းကောင်စီအဖွဲ့ဝင် ကန်ပက်လက်ကောင်စီနှင့် CDF-Kanpetlet တပ်ရင်း ၇ ထိန်းချုပ်နယ်မြေထဲကို အာရက္ခတပ်တော် AA နဲ့ ချင်းညီနောင်တပ်ဖွဲ့များက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာနေပြီး အချိန်မရွေး ထိတွေ့တိုက်ပွဲဖြစ်နိုင်သည့် အခြေအနေမှာရှိနေသောကြောင့် ဒေသခံပြည်သူများ စိုးရိမ်ပူပန်နေကြသည်ဟု သိရသည်။

အာရက္ခတပ်တော် AA နှင့် ချင်းညီနောင်တပ်ဖွဲ့ဝင်များသည် အောက်တိုဘာလ ၁၁ ရက်နှင့်  ၁၂ ရက်နေ့မှာ စစ်ကြောင်း ၂ ကြောင်းဖြင့် CDF-Kanpetlet တပ်ရင်း ၇ အခြေချတပ်စွဲထားသော စခန်းအနီးပတ်ဝန်းကျင်အထိ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု ကန်ပက်လက်ဒေသခံများထံမှ သိရသည်။

ကန်ပက်လက်ကောင်စီလက်အောက်ခံတပ်ရင်းဖြစ်သော CDF-Kanpetlet တပ်ရင်း ၇ ဘက်က နှစ်ဖက်ထိတွေ့ပစ်ခတ်မှုမဖြစ်လိုသောကြောင့် တပ်ပြန်ရုပ်သိမ်းရန်ဆွေးနွေးခဲ့သော်လည်း AA နှင့် ချင်းညီနောင်ဘက်က လက်မခံဘဲ ဆက်လက်စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု သိရသည်။

ထိုကဲ့သို့အခြေအနေကြောင့် အချင်းချင်းပွတ်တိုက်မှုဖြစ်ပွားလာမည်ကို ယင်းဒေသတွင်နေထိုင်ကြသော ပြည်သူများက အလွန်စိုးရိမ်နေကြပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့များကလည်း ကြားဝင်ညှိနှိုင်းပေးရန် ကြိုးစားခဲ့ကြသော်လည်း ချင်းညီနောင်အဖွဲ့ဝင် CDF-Kanpetlet တပ်ရင်းများက လက်မခံကြကြောင်း ကန်ပက်လက်ဒေသခံတစ်ဦးကပြောသည်။

ယခုအနေအထားသည် AA နှင့် ချင်းညီနောင်တပ်ဖွဲ့ဘက်က စစ်ကြောင်းပြန်မလှည့်ဘဲ ဆက်ပြီးစစ်ကြောင်းထိုးလာမည်ဆို အပြန်အလှန်ပွတ်တိုက်မှုဖြစ်နိုင်သည့်အခြေအနေတွင်ရှိနေပြီး ကန်ပက်လက်ပြည်သူများက အချင်းချင်းပစ်ခတ်မှု ဖြစ်ပွားကြမည်ကို အလွန်အမင်းစိုးရိမ်နေကြသည်ဟု ကန်ပက်လက်ဒေသခံများထံမှ သိရသည်။

မြန်မာ့နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာသော CDF-Kanpetlet တပ်ဖွဲ့တွင် တပ်ရင်း ၇ ရင်းရှိခဲ့ပြီး ယင်းအနက် တပ်ရင်း ၅ ရင်းဖြစ်သည့် တူမီးတပ်ရင်း၊ ဝကောက်တပ်ရင်း၊ ဗစ်တိုရိယတပ်ရင်း၊ ခေါနူးတပ်ရင်းနှင့် မဟူရာတပ်ရင်းတို့သည် ချင်းညီနောင်အဖွဲ့နှင့်ပူးပေါင်းခဲ့သည်။

ကန်ပက်လက်ကောင်စီလက်အောက်ခံ ထားကြယ်တပ်ရင်းဟုခေါ်သော တပ်ရင်း ၇ တစ်ခုတည်းသာ ချင်းလဲန်းကောင်စီဘက်တွင် ပူးပေါင်းခဲ့ကြောင်း သိရသည်။

နောက်ထပ်တပ်ရင်းတစ်ခုဖြစ်သည့် Kkei Sing တပ်ရင်းမှာမူ CDF-Kanpetlet မှခွဲထွက်ပြီး CDF-Daai တပ်ဖွဲ့တွင် ပူးပေါင်းရပ်တည်ခဲ့သည်။

Most read this week

October 11, 2024
ချင်းတော်လှန်ရေးအင်အားစုများက နယ်မြေအများစုကို သိမ်းပိုက်စိုးမိုးထားသည့် ချင်းပြည်နယ်တွင်...
October 9, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်း နှင့် အိန္ဒိယ-မြန်မာနယ်စပ်...
October 4, 2024
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက မြန်မာစစ်ဘေးရှောင် ၇၀၀...
October 2, 2024
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ် အနောက်ရပ်ကွက် ဘုရင့်နောင်လမ်းခွဲတွင် အောက်တိုဘာလ (၁)...