ဖက်ဒရယ် နိုင်ငံတည်ဆောက်ပုံ နမူနာအဖြစ် ကရင်နီပြည် အစိုးရ ဖွဲ့နိုင်ခဲ့ပြီဟု ဆို

ဖက်ဒရယ် နိုင်ငံတည်ဆောက်ပုံ နမူနာအဖြစ် ကရင်နီပြည် အစိုးရ ဖွဲ့နိုင်ခဲ့ပြီဟု ဆို

ကရင်နီပြည်တွင် တော်လှန်‌ရေးအဖွဲ့များ၊ နိုင်ငံရေး အဖွဲ့များနှင့် အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းပါဝင်မှုဖြင့် ပြည်နယ်အစိုးရကို ဖွဲ့စည်း နိုင်ခဲ့ပြီဟု ကရင်နီ ခေါင်းဆောင်များက ပြောသည်။

“အခြေခံမှအဆင့်ဆင့်တည်ဆောက်ထားသော ဖက်ဒရယ် စနစ် – ကရင်နီတို့၏ နိုင်ငံတည်ဆောက်ပုံ စံနမူနာ” ဟု အမည်ပေးထားသည့် စာတမ်း၏အကြိုမိတ်ဆက်ပွဲကို အောက်တိုဘာလ ၉ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး အဆိုပါ မိတ်ဆက်ပွဲတွင် ကရင်နီ ခေါင်းဆောင်များက ထည့်သွင်း ပြောဆိုသွားခြင်းဖြစ် သည်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC အတွင်းရေးမှူး - ၂ ဦးဗညားက  “ကျနော်တို့ ပြည်နယ်မှာ ရှိနေတဲ့ အစုအဖွဲ့အသီးသီးပေါ့နော။ ကျနော်တို့ ပါဝင်တဲ့ပုံစံမျိုး မတူကြသော်လည်း ကျနော်တို့ လူငယ်အင် အားစု၊ အရပ်ဖက်အဖွဲ့အစည်းတွေက တော်တော်လေး တက်တက်ကြွကြွ ပါဝင်ခဲ့ကြတယ်။ ဒီကြားကာလ အစီအမံမှာ ကျနော်တို့ တိုင်းရင်းသား လက်နက် ကိုင်တွေ အရပ်ဖက် အဖွဲ့အစည်းတွေ လူငယ်တွေ သပိတ်တွေ ပါပြီးတော့မှ ကြားကာလ အစီအမံ ရှစ်လကနေ ၁၀ လအထိ ကြိုးစားပြီးတော့မှ ကျနော်တို့ ရေးဆွဲခဲ့ကြတယ်။ ပြီးတော့မှကျနော်တို့ အတည်ပြုနိုင်ပြီးတော့မှ  IEC ဆိုတဲ့ အစိုးရသဏ္ဍာန်ကို ကျနော်တို့ စတင်ပြီးတော့မှ တည်ထောင်နိုင်ခြင်း ဖြစ်ပါတယ်“ ဟု ပြောသည်။

ကယန်း အမျိုးသမီး အစည်းအရုံး (KyWO) ၏ အထွေထွေ အတွင်းရေးမှူး မူလားကော်ရက်တီ ကလည်း ပြည်နယ် အစိုးရ ပေါ်ပေါက်လာစေသည့် အဓိက အချက်ထဲတွင် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့်အတူ မတူကွဲ ပြားသည့် အရပ်ဖက် အဖွဲ့အစည်းများ၏ ကိုယ်စားပြု ပါဝင်ခြင်းသည်လည်း တစ်ချက်အပါအဝင် ဖြစ်သည်ဟု ပြောသည်း

မူလားကော်ရက်တီက “ဒီ နိုင်ငံရေး ဦးဆောင်မှုတွေ လူထုတွေရဲ့ အုပ်ချုပ်ရေး လုပ်ငန်းတွေကို ဦးဆောင်ဦးရွက် ပြီးတော့ အစပျိုးမှုတွေ လုပ်တဲ့အခါမှာလည်း KSCC ရဲ့ စုဖွဲ့မှုမှာပဲ ကြည့်ကြည့် IEC ရဲ့ စုဖွဲ့မှုကိုပဲ ကြည့်ကြည့် ဒီအုပ်ချုပ်ရေး အဖွဲ့တွေရဲ့ တစ်ဆင့်တစ်ဆင့်ချင်းဆီမှာပဲ ကြည့်ကြည့် ကရင်နီရဲ့ အရပ်ဖက် အဖွဲ့အစည်း ရဲ့ ကိုယ်စားပြုမှုတွေ ပါတယ်” ဟု ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ပြည်နယ်၏ အုပ်ချုပ်ရေးသာမက အဖက်ဖက်တွင် ပြိုလဲပျက်စီးသွားသည့် ကဏ္ဍ များကို ပြည်နယ်တွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် မတူကွဲပြားသည့် အရပ်ဖက် အဖွဲ့အစည်းများ၏ ကြိုးပမ်းမှုများကြောင့် အခက်အခဲများကြားက အာဏာရှင် စွတ်ဖက်မှု မပါသည့် ကရင်နီပြည် အစိုးရကို ဖွဲ့စည်း နိုင်ခဲ့သည်ဟု ဆိုသည်။

ပြည်နယ်အစိုးရ ဖွဲ့စည်းနိုင်ရန် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့်အတူ အရပ်ဖက်အဖွဲ့အစည်း များ၏ ကြိုးပမ်းအားထုတ်မှုများနှင့် ပတ်သက်၍ ကယန်း အမျိုးသမီး အစည်းအရုံး (KyWO) ၏ အထွေထွေ အတွင်းရေးမှူး မူလားကော်ရက်တီက ယခုကဲ့သို့ ဆက်ပြောသည်။

“ဒီနွေဦးတော်လှန်ရေးခရီးစဉ် တစ်လျှောက်ကို ပြန်ကြည့်မယ်ဆိုရင် ကရင်နီ အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍနဲ့ ကြိုးပမ်းအားထုတ်မှုတွေက တစ်မူထူးခြားပြီးတော့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ အစဉ် တစ်စိုက် ပါဝင်လာကြတယ် ဆိုတဲ့ဟာကတော့ မေ့လို့ မရဘူးပေါ့နော်။ အဓိကဘာကို ကြည့်မလဲ ဆိုရင်တော့ ကရင်နီပြည်ရဲ့ တော်လှန်ရေး နိုင်ငံရေး ဖြစ်စဉ်နဲ့ ဒီခရီစဉ် တစ်လျှောက်လုံး တည်ဆောက်မှု တစ်ခုချင်းစီမှာ အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ အခြေခံအကျဆုံး သူတို့ရဲ့ နိုင်ငံရေး ideology တွေ သူတို့ရဲ့ နိုင်ငံရေးဦးဆောင်မှု တွေ သူတို့ရဲ့ နိုင်ငံရေး ခင်ကျင်းပြသမှုတွေ ပါဝင်နေတယ်ဆိုတဲ့ အချက်ပဲ ဖြစ်တယ်ပေါ့နော်။”စစ်အာဏာသိမ်းမှုကြောင့် ကရင်နီပြည်နယ် အတွင်းရှိ အရပ်ဖက် အဖွဲ့အစည်းများ၊ မတူညီကွဲပြားသည့် အစုအဖွဲ့ များ၊ လူငယ်များနှင့် အမျိုးသမီး အင်အားစုများသည် အားကောင်းသည့် သပိတ် စစ်ကြောင်းများကို ပြုလုပ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သည့် ပြည်သူများကို စစ်တပ်က အကြမ်းဖက် ဖြိုခွင်းလာသောကြောင့် ပြည်သူ အများစုသည် လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည်။

ထို့နောက် တော်လှန်ရေး နယ်မြေဒေသ အသီးသီးကို ရောက်ရှိသွားသည့် မတူကွဲပြားသည့် သက်ဆိုင်ရာ အင်အားစု အချင်းချင်းများအကြားတွင် အားကောင်းလုံလောက်သည့် ဆွေးနွေးမှုများ လုပ်ဆောင်နိုင်ခဲ့သည် သာမက ပြည်နယ်အစိုးရကိုလည်း ဖွဲ့စည်းနိုင်ခဲ့ကြသည်ဟု ဆိုသည်။

October 11, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၁ ရက်။စစ်မှုထမ်းဥပဒေ အကြောင်း ပြပြီး တနင်္သာရီတိုင်း...
October 10, 2024
စစ်ဘေးအပြင် ရေဘေးနှင့် ရင်ဆိုင်နေရသော ပြည်သူများကို ထိရောက်သည့် အကူအညီများ ပေးနိုင်ရန်အတွက်...
October 3, 2024
ကချင်အထူးဒေသ ၁ ၊ချီဖွေမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ တိုက်ခိုက်သိမ်းပိုက်...
October 3, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂ ရက်။ထိုင်း - မြန်မာနယ်စပ်က မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်း...