မဲဆောက်တွင် ရဲလက်မှတ်ကိုင်သူ ပိုများလာနေ

မဲဆောက်တွင် ရဲလက်မှတ်ကိုင်သူ ပိုများလာနေ

၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂ ရက်။ထိုင်း - မြန်မာနယ်စပ်က မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်း အလုပ်သမားများမှာ ထိုင်းအာဏာပိုင်များက လုပ် ပေးသည့် ယာယီ နေထိုင်ခွင့်နှင့် နေထိုင်သူ ပိုများလာသည်ဟု အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ များက ပြောသည်။

မဲဆောက်မြို့တွင် သွားရောက် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများမှာ ဘယ်သူ ဘယ်ဝါဖြစ်ကြောင်း တရားဝင် နေထိုင်ခွင့် လက်မှတ် CI နှင့် work permit လုပ်ရာ၌ ငွေကြေးကုန်ကျမှုများ သည့် အတွက် ထိုင်းအာဏာပိုင်များနှင့် ယာယီနေထိုင်ခွင့်နှင့် နေထိုင်သူ ပိုများလာသည်ဟု ရောင်ခြည်ဦး အလုပ် သမားများအဖွဲ့ တာဝန်ခံ ကိုပြည့်ဖြိုးကျော်က ပြောသည်။

“လက်ရှိမှာတော့ ဒေသအတွင်းမှာတော့ ရဲလက်မှတ်ဆိုတာ ရှိတယ်ဗျ။ ဒါက အထောက်ထားမဲ့တွေ ယာယီ ကိုင် ဆောင်တဲ့ ပုံစံမျိုးဖြစ်နေတယ်ပေါ့နော်။ ဥပမာသူက ဓာတ်ပုံနှစ်ပုံပေးရတယ် သူ့ရဲ့အမည်နဲ့ အသက်ပေးရတယ် အဲဒီဟာကို ငွေ ၃၀၀ ပေးလိုက်ရင် သူတို့ကတစ်လစာ ဖုန်းနံပါတ်တွေ ထုတ်ပေးတယ်။ အဲဒီဖုန်းနံပါတ်က အကယ်၍မှ တစ်စုံတစ်ရာ ပလိပ်မိတယ်ဆိုရင် အဲဒီဖုန်းနံပါတ်ကိုဆက်သွယ် အဲဒီဖုန်းနံပါတ်ကနေ ပြန်ပြီးတော့ ဒီလူက အခွန် ဆောင်ထားတယ်ပေါ့ဗျာ အခွန်ဆောင်ထားတဲ့အတွက် သူတို့နားလည်မှုနဲ့ ပြန်လွတ် ပေးတာမျိုး ရှိတယ်ပေါ့နော်။”

ကုန်ကျစရိတ် သက်သာပြီး လုံခြုံရေးအာမခံချက် အတိုင်းတာတစ်ခုထိပေးနိုင်သည့် “ရဲကဒ်”ကို ပြုလုပ်ပြီး နေထိုင်သူ ပိုများလာသည်ဟု ကိုပြည့်ဖြိုးကျော်က ပြောသည်။

ထို့အပြင် မဲဆောက်မြို့ အနီးက ကျေးရွာအချို့တွင် နေထိုင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေပြောင်း အလုပ် သမားများကို ခြောက်လစာ တစ်နှစ်စာ စသည့် ရပ်ရွာ ရံပုံငွေ ကောက်ခံခြင်းမျိုးနှင့် ကျေးရွာလူကြီးများ ကိုယ်တိုင် အာမခံပြီး နေထိုင်ခွင့် ထောက်ခံစာ ပေးထားသည့် အခြေအနေများလည်း ရှိသည်ဟု ပြောသည်။

တစ်ဖက်တွင် ရွှေ့ပြောင်းအလုပ်သမားများ တရားဝင်နေထိုင်ခွင့် ရရှိရန် CI နှင့် တရားဝင် အလုပ်လုပ်ခွင့် Work Permit လုပ်ဆောင်ရာ၌ ကုန်ကျစရိတ်များသည့် အတွက် ကုန်ကျစရိတ်နည်းပြီး နေထိုင် အလုပ်လုပ်ကိုင်ခွင့်ရ သော ယာယီ နေထိုင်ခွင့်ကဒ်ကိုသာ လုပ်ကြခြင်း ဖြစ်သည်ဟု အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။

တရားဝင်နေထိုင်ခွင့် CI နှင့် တရားဝင်အလုပ်လုပ်ခွင့် Work Permit တို့ကို ဆေးကုသခွင့် အပါအဝင်အပြီး စီးပြုလုပ်ပါက ထိုင်းဘတ် ၂၀,၀၀၀ နီးပါးကုန်ကျသည်ဟု မြန်မာရွှေ့ပြောင်း အလုပ်သမားများက ပြောသည်။

မဲဆောက်မှ မြန်မာရွှေ့ပြောင်း အလုပ်သမားတစ်ဦးက “ကျနော်တို့က ကတ်အစုံကို လုပ်နေရတာ။ ရဲကတ်လည်း လုပ်ရတယ်။ သူတို့ဘာကတ်လုပ်ပေးပေး လုပ်ကြတယ်။ ဒါတောင် ခနခန ဖမ်းခံနေရတာ။ ဒီမှာက အရမ်းဖမ်း တာ။ တစ်နေရာမဟုတ်ရင် တစ်နေရာမှာ ဖမ်းတယ်။ ကိုယ့်လူတွေကလည်း နေ့တိုင်း အဝင်အထွက် ရှိတယ်” ဟု ပြောသည်။

မဲဆောက်တွင် တရားဝင် နေထိုင်ခွင့် CI နှင့် တရားဝင်အလုပ်လုပ်ခွင့် Work Permit ရရှိရန်အတွက် လုပ်ဆောင် ရာ၌ အလုပ်သမားများ ကြုံတွေ့ရသော အခက်အခဲများနှင့် စိန်ခေါ်မှုများကို ကိုပြည့်ဖြိုးကျော်က ယခုကဲ့သို့ ဆက်ပြောသည်။

“ပွဲစားတွေရဲ့လက်ဝါးကြီးအုပ်ထားတာလဲပါတယ်ပေါ့ ကုန်ကျစရိတ်ကတော့ ဒီမှာကတော့များတယ် သို့သော် ဒီဘက်မဲဆောက်မှာကတော့ လုံးကနဲ ပေးရတာမျိုးမဟုတ်ဘူး အရစ်ကျပေးရတာတွေရှိတယ်ပေါ့။ ဥပမာ  Name list စတင်ရင်ပမာဏ ဘယ်လောက်ဖြတ်မယ် ကျန်းမာရေးအာမခံ ဝယ်မယ်ဆိုဘယ်လောက်ဖြတ်မယ် ပြီးရင် work permit လုပ်မယ်ဆိုရင်ဘယ်လောက်ဖြတ်မယ်ပေါ့ အဆင့်ဆင့်ပေါ့ အဲလို သုံးရစ်လောက်ခွဲပြီး ဖြတ်သွား တာပေါ့ တစ်ဆင့်တစ်ဆင့်ကို သုံးလေးထောင် သုံးလေးထောင်နဲ့ကုန်သွားတာပေါ့”

လက်ရှိ ထိုင်းနိုင်ငံ မဲဆောက်၌ တရားဝင် MOU အလုပ်သမား ၆၀,၀၀၀ ခန့်ရှိနေပြီး တရားမဝင် နေထိုင်သူမှာ တစ်သိန်းခွဲနီးပါး ရှိနိုင်သည်ဟု ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့က ဆိုသည်။

မဲဆောက်တွင် တရားမဝင် နေထိုင်သူများကို ထိုင်းအာဏာပိုင်များက မကြာခဏ လိုက်လံဖမ်းဆီးနေပြီး ဖမ်းမိ သော သူများကို မြန်မာနိုင်ငံဘက်ခြမ်းက အမှတ်-၂ မြဝတီ ကုန်သွယ်ရေး တံတားရှိ နယ်ခြားစောင့်တပ် BGF အဖွဲ့ထံ ပို့လိုက်သည်ဟု ဆိုကြသည်။

ထိုသို့ ပို့ဆောင်ခံရသူများထဲ၌ နိုင်ငံရေးနှင့် ဆက်စပ်သူများ စစ်မှုထမ်းစာရင်း အကျုံးဝင်သူများကို  စစ်ကောင်စီ ထံ ပို့ဆောင်ပေးနေရခြင်း ဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။

Most read this week

October 3, 2024
ကချင်အထူးဒေသ ၁ ၊ချီဖွေမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ တိုက်ခိုက်သိမ်းပိုက်...
October 2, 2024
ကရင်နီပြည်နယ်တွင် ကုန်းစျေးနှုန်းများ အဆမတန် မြင့်လာသောကြောင့် စစ်ဘေးရှောင်များနှင့် ဒေသခံများ...
September 25, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် ရေဆက်ကြီးနေသည့်အတွက် စစ်ဘေးရှောင်များနှင့် ဒေသခံများ၏ နေထိုင်စား...
September 24, 2024
စစ်မှုထမ်းရန် စုဆောင်းခြင်း ခံထားရသည့် အမျိုးသမီးများသည် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ စားသောက်...