ကြီးမြင့်လာသော ကုန်ဈေးနှုန်းကြောင့် ကရင်နီ ဒေသခံနှင့် စစ်ရှောင်များ အခက်ကြုံ

ကြီးမြင့်လာသော ကုန်ဈေးနှုန်းကြောင့် ကရင်နီ ဒေသခံနှင့် စစ်ရှောင်များ အခက်ကြုံ

ကရင်နီပြည်နယ်တွင် ကုန်းစျေးနှုန်းများ အဆမတန် မြင့်လာသောကြောင့် စစ်ဘေးရှောင်များနှင့် ဒေသခံများ သည် နေထိုင်စားသောက်ရေးက အစ အဖက်ဖက်တွင် ပိုပြီးခက်ခဲလာသည်ဟု ဒေသခံများက ပြောသည်။

ရေကြီးရေလျှံမှု၊ မြေပြိုမှုများကြောင့် ကုန်သွယ်ရေး လမ်းကြောင်းများ ပိတ်ဆို့သွားပြီး ကုန်စီးဆင်းမှု နည်းပါး သွားရာမှ ကုန်စျေးနှုန်းများ မြင့်တက်လာရခြင်းဖြစ်သည်ဟု ဒီးမော့ဆို အနောက်ဘက်ခြမ်းက ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “ဒီရေကြီးမှုကြောင့် ကုန်ဈေးနှုန်းတွေဆိုလည်း တစ်ချို့ကြတော့ အရမ်းဈေးတက်တာမျိုး ဖြစ်သွားတာ ပေါ့နော်။ ပြီးတော့ ဒီဘက်မှာ လိုချင်တဲ့ ပစ္စည်းတစ်ချို့ မရှိတော့ဘူး။ ရှားပါးလာတယ်။ အထူးသဖြင့် ဈေးတွေ ဆိုလည်း အရင်က သုံးလေးထောင်ဆို အခု ငါးထောင်၊ ခြောက်ထောင် အဲ့လိုတက်သွားတယ်။ ဘာဖြစ်လို့ဆို လမ်းက ဆက်သွယ်လို့ မရတော့ဘူးလေး။ ရေလည်းကြီးလာတော့ ပစ္စည်းတွေ တင်သွင်းဖို့လည်း မရှိတော့ဘူး။ အဲ့လို ဖြစ်နေတယ်ပေါ့နော်။ ဆန်ရဲ့ဈေးနှုန်းဆို အရင်က တစ်အိတ် ၇၀,၀၀၀ လား အခုဆို (၁၀၀,၀၀၀) တစ်သိန်းလောက် တက်သွားတာမျိုးလည်း ရှိတယ်ပေါ့နော်” ဟု ပြောသည်။

ကရင်နီပြည်သူများသည် စစ်ဘေးသာမက ရေဘေးနှင့်ပါ ထပ်မံ ကြုံတွေ့နေကြရသည့်အတွက် လမ်းကြောင်း ပိတ်ဆို့မှု ပိုမိုများလာပြီး ကုန်ပစ္စည်း သယ်ယူပို့ဆောင်နိုင်ခြင်း မရှိတော့သည့် အခြေအနေများကြောင့် ကုန်ဈေး နှုန်း မြင့်တက်နေမှု ဒဏ်ကိုပါ ထပ်မံကြုံတွေ့နေကြရသည် ဟု ဆိုသည်။

လက်ရှိတွင် ဒေသခံများနှင့် စစ်ဘေးရှောင်များသည် အလုပ်အကိုင်လည်း မရှိကြသည့်အပြင် အဓိက စားနပ်ရိ က္ခာဖြစ်သည့် ဆန်ဈေးနှုန်းမှာလည်း မြင့်တက်လာသည့်အတွက် ပို၍ ခက်ခဲလာသည်ဟု ဒီးမော့ဆို အနောက် ဘက်ခြမ်းမှ ဒေသခံတစ်ဦးက ဆက်ပြောသည်။

“စစ်ရှောင်တွေပဲ မဟုတ်ဘဲနဲ့ တစ်ချို့ရွာခံတွေလည်း ဆန်တွေဈေးကြီးလာတော့ သူတို့က ဝယ်စားဖို့ အတွက် ပိုက်ဆံမရှိဘူး။ ပြီးတော့ သူတို့မှာလည်း ဝင်ငွေမရှိဘူး။ အကယ်၍ ဝယ်စားလို့ မတတ်နိုင်တဲ့ တစ်ချို့ကတော့ ဆွေမျိုးသားချင်းနား ချေးစားတယ်။ အဲ့ကြောင့်မို့လို့ သူတို့က ထမင်းဆိုလည်း လျှော့စား ရတဲ့မျိုးလည်းရှိတယ် ပေါ့တစ်ချို့ဆို။ တစ်ရက်ကို သူတို့ မနက် ၃ဘူး ချက်တယ်။ အခုကြတော့ တစ်ဘူးခွဲလား နှစ်ဘူးလား အဲ့လိုမျိုး ပဲ လျှော့ပြီးတော့ ချက်စားရတာ အဲ့လိုမျိုးလည်း ရှိတယ်ပေါ့နော်။”

ထို့အတူ လိုအပ်သည့် ဆေးဝါးများကို ဝယ်ယူရာတွင်လည်း ရှားပါးလာပြီး ဈေးနှုန်းကြီးမြင့်နေသည့်အတွက် ယခင်က အကြောဆေး တစ်စုံတွင် ပါဝင်သည့် ဂလူးဂိုစ် တစ်လုံးလျှင် ၁,၀၀၀ ကျပ်သာ ပေးရသော်လည်း လက်ရှိတွင် တစ်လုံးလျှင် ၄,၀၀၀ ကျပ်မှ ၅,၀၀၀ ကျပ်အထိ ပေးဝယ်နေကြရသည် ဟု ဒေသခံတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံအတွင်း ရာဂီမုန်တိုင်း အဖျားခတ်လာမှုကြောင့် မိုးအဆက်မပြတ်ရွာသွန်းမှု နှင့်အတူ မိုးဗြဲ ရေကာ တာ ကိုလည်း ဆက်လက် ဖွင့်ချနေသည့်အတွက် ဘီးလူးချောင်းမှာ ရေလျှံပြီး ဒေသခံများ၏ နေအိမ်များ၊ စိုက် ပျိုးထားသည့် စပါးခင်းများ၊ သီးနှံပင်များမှာ ရေနစ်မြုပ် ပျက်စီး ဆုံးရှုံးကြရသည်။

ရေကြီးရေလျှံမှုများကြောင့် စိုက်ပျိုးထားသည့် စပါးခင်းများ၊ သီးနှံပင်များ ရေနစ်မြုပ် ပျက်စီးဆုံးရှုံးသွား သည့် အပြင် လက်ရှိတွင် ဒေသတွင်း ကုန်စျေးနှုန်းများ မြင့်တက်လာမှုကြောင့် ပိုပြီး ခက်ခဲလာသည်ဟု ဒေသခံများနှင့် စစ်ဘေးရှောင်များက ပြောသည်။

စစ်အာသိမ်း သုံးနှစ်ကျော် ကြာလာသည်နှင့်အမျှ စစ်ဘေးရှောင် ပြည်သူများအပြင် ဒေသခံပြည်သူများလည်း အဖက်ဖက်မှ အခက်ခဲ အကြပ်အတည်းများနှင့် ရင်ဆိုင် ကြုံတွေ့နေကြရသည်ဟု ဒေသခံများက ပြောသည်။

Most read this week

September 25, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် ရေဆက်ကြီးနေသည့်အတွက် စစ်ဘေးရှောင်များနှင့် ဒေသခံများ၏ နေထိုင်စား...
September 24, 2024
စစ်မှုထမ်းရန် စုဆောင်းခြင်း ခံထားရသည့် အမျိုးသမီးများသည် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ စားသောက်...
September 23, 2024
ရေကြီး တောင်ပြိုသည့် အချို့သော ပအိုဝ်းဒေသများတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အကူအညီများ...
September 19, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်။အိန္ဒိယနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် နာဂဒေသရှိ ပန်ဆောင်မြို့က...